သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ရှေ့ သီတင်းပတ် မြန်မာနိုင်ငံသွားမည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား
ကချင်ပြည်နယ်ထဲက အစိုးရ ထိန်းချုပ်တဲ့နေရာတွေတင်မဟုတ်ဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေအတွက်ပါ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို ကုလသမဂ္ဂက မကြာခင်မှာ ပြန်ပေးတော့မှာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် KIA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂရဲ့ အကူအညီပေးမှုတွေကို အစိုးရက ခွင့်ပြုပေမဲ့ KIO ထိန်းချုပ်နယ်မြေတွေကို လုံခြုံရေးအတွက် အရင်က ခွင့်မပေးခဲ့ပါဘူး။

အခုတော့ KIA ထိန်းချုပ်နယ်မြေတွေထဲက စစ်ပြေးဒုက္ခသည်တွေကို အစားအသောက် အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ဘယ်လိုပို့ပေးမလဲဆိုတာ အသေးစိတ်ကို ဆွေးနွေးနေတယ်လို့ ရန်ကုန်က ကုလသမဂ္ဂရုံး ပြောခွင့်ရသူက VOA ကို ပြောပါတယ်။ ကချင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာလည်း ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားမှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့ အရေးကြီးသလို၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုက ဘာလဲ၊ ရှိနေသေးတဲ့ စိန်ခေါ်မှုတွေက ဘာလဲ ဆိုတာကို သိနိုင်ဖို့ သွားမှာ ဖြစ်တယ်လို့ Mr. Quintana က ပြောပါတယ်။ Mr. Quintana ရဲ့ ၅ ရက်ကြာခရီးစဉ်ဟာ လာမဲ့ တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG