သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တကျော့ပြန်စစ် အကျိုးဆက် အရပ်သားအန္တရာယ်ကျရောက်နိုင်မှု ကမ္ဘာတဝန်း အကာအကွယ်ပေးရေးအဖွဲ့ သတိပေး 


 ၂၀၂၀ မေလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာရွာကို စစ်ဆင်ရေးအတွင်း မီးရှိုထားတဲ့မြင်ကွင်း။
၂၀၂၀ မေလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာရွာကို စစ်ဆင်ရေးအတွင်း မီးရှိုထားတဲ့မြင်ကွင်း။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တကျော့ပြန်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက်က အရပ်သားတွေအပေါ် ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ရက်စက်မှုတွေပေါ်လာမှာကို နယူးယောက်အခြေစိုက် Global Centere for the Responsibility to Protect အဖွဲ့ကြီးရဲ့အပတ်စဉ်စာစောင်က သတိပေး ရေးသားပါတယ်။
ဒီအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေကြား အရပ်သားတွေအပေါ် ရက်စက်တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးရေး ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ၊ ကမ္ဘာ့ထိပ်သီးညီလာခံက ချမှတ်တဲ့ R2P ခေါ် နိုင်ငံတကာက တာဝန်ယူမှုအတွက် ဆော်သြနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ကွယ်လွန်သူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ အပါအဝင် ထင်ရှားတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေပြန်ဖြစ်လာဟာ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအပေါ် အရေးယူရေး နိုင်ငံတကာဘက်က ဆက်လက် ပျက်ကွက်နေတာကို ထင်ဟပ်နေကြောင်း Global Centere for the Responsibility to Protect အဖွဲ့က မြန်မာ့အရေး ကျွမ်းကျင်သူ Liam Scott က ပြောဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ရေးနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ဟာ နိုင်ငံတိုင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အနိမ့်ဆုံးအဆင့် တာဝန်ယူရမယ့် ကိစ္စ ဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]




XS
SM
MD
LG