သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဇာဘိုင်ဂျန် မှာရှိတဲ့ RFE ရုံး ဝင်စီးခံရ


၀င်စီးခံရတဲ့ အဇာဘိုင်ဂျန် မှာရှိတဲ့ RFE ရုံး။ (ဒီဇင်ဘာ ၂၆၊ ၂၀၁၄)
၀င်စီးခံရတဲ့ အဇာဘိုင်ဂျန် မှာရှိတဲ့ RFE ရုံး။ (ဒီဇင်ဘာ ၂၆၊ ၂၀၁၄)

အဇာဘိုင်ဂျန်နိုင်ငံမှာရှိနေတဲ့ အမေရိကန် အစိုးရ ရန်ပုံငွေနဲ့ မတည် လုပ်ဆောင်နေတဲ့ မီဒီယာ ဌာနရဲ့ ရုံးကို အစိုးရ ရှေ့နေတွေက ဝင်ရောက် စီးနင်းခဲ့ပြီး ဒီရုံးဌာနကို ပိတ်ဖို့ အတွက် တရားရုံး အမိန့် ရှိတယ်လို့ လည်း ပြောဆိုပါတယ်။ အဇာဘိုင်ဂျန် မြို့တော် ဘာကု မှာ ရှိတဲ့ လွတ်လပ်တဲ့ ဥရောပ အသံ၊ လွတ်လပ်တဲ့ ရေဒီယို Radio Free Europe/Radio Liberty ရဲ့ ရုံးခွဲကို အနည်းဆုံး အစိုးရ ရှေ့နေ ၁၀ ဦးလောက်ရဲ့ ရုံးက အရာရှိတွေက လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ဝင်ရောက်ခဲ့တာလို့ Radio Free Europe/Radio Liberty (RFE/RL) က ဒီကနေ့မှာဘဲ ပြောပါတယ်။

အာဏာပိုင်တို့အဆောက်အအုံအတွင်းအပြင် ရှာဖွေနေတဲ့ အချိန်မှာ ရေဒီယို ဌာနရဲ့ ဝန်ထမ်း ခန့်မှန်းခြေ လူ ၂၀ လောက်ကိုလည်း ထိန်းသိမ်းထားတဲ့ ဓာတ်ပုံကိုလည်း RFE/RL က တင်ခဲ့ပါတယ်။ အခု စုံစမ်းစစ်ဆေးမှုက အရင် စစ်ဆေးနေဆဲ ဖြစ်တဲ့ ဌာန အတွက် နိုင်ငံခြား ထောက်ပံ့ငွေ နဲ့ ပတ်သက်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောတဲ့ အကြောင်း RFE/RL က ကိုးကား ပြောဆိုပါတယ်။

အစိုးရ ရှေ့နေရုံးကတော့ အရေးကြီးတဲ့ ပြစ်မှုကျူးလွန်မှု တခုနဲ့ ပတ်သက်ပြီး အခုလိုရှာဖွေရတာလို့ AP သတင်းဌာနကို ပြောဆိုပေမယ့် အသေးစိတ်ကို တော့ မပြောပါဘူး။ ဒီလ အစောပိုင်းတုန်းကလည်း အမျိုးသား တဦးကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် ဖိအားပေးဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲပြီးRFE သတင်းထောက် တယောက်ကို တရားစီရင်ချက် မချခင် ၂ လကြာ ဖမ်းဆီး ထိန်းသိမ်းထားဖို့ အဇာဘိုင်ဂျန် တရားရုံးတခုက အမိန့်ချမှတ်ခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက် Khadija Ismayilova ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် အရာရှိတွေက တောင်းဆိုခဲ့ပြီး ဒီလို ဖမ်းဆီးမှုဟာဆိုရင် အဇာဘိုင်ဂျန် အစိုးရဟာ သူ့ကို ဝေဖန်သူတွေကို နှုတ်ပိတ်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို တားမြစ်ချုပ်ချယ်ဖို့ အတွက် ကြံစည်မှုလို့လည်း အမေရိကန် အရာရှိတို့က ပြောဆိုထားပါတယ်။

XS
SM
MD
LG