သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Radio NUG စမ္းသပ္ ထုတ္လႊင့္


Radio NUG

Zawgyi/Unicode

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က Radio NUG ဆိုတဲ့ အသံလႊင့္အစီအစဥ္တခုကို ဒီကေန႔စၿပီးေတာ့ စမ္းသပ္ထုတ္လႊင့္ပါတယ္။ ဒီအသံလႊင့္အစီအစဥ္ ထုတ္လႊင့္မယ္လို႔ အသိေပးေၾကညာထားတဲ့ ရက္ကတည္းက ျမန္မာႏိုင္ငံတြင္း အထူးသျဖင့္ ၿမိဳ႕ႀကီးေတြမွာ ေရဒီယိုဝယ္ယူသူ အမ်ားအျပားရွိခဲ့တယ္လို႔ ျပည္တြင္းကလာတဲ့သတင္းေတြမွာ ေတြ႕ရပါတယ္။

စစ္ေကာင္စီကလည္း ဆိုင္ေတြမွာ တင္ေရာင္းေနတဲ့ ေရဒီယိုေတြကိုသိမ္းဖို႔၊ တ႐ုတ္ကေန ေရဒီယို တင္သြင္းတာေတြကိုကန႔္သတ္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ေရးထားတာ ေတြ႕ရပါတယ္။

Radio NUG ကို မနက္ ၈ နာရီမွာတႀကိမ္၊ ည ၈ နာရီမွာတႀကိမ္ ထုတ္လႊင့္မယ္လို႔ NUG က သတင္းထုတ္ျပန္ထားပါတယ္။ ဒီကေန႔မနက္ ၈ နာရီမွာ ပထမဆံုးအႀကိမ္ စတင္ထုတ္လႊင့္မႈကေတာ့ မိနစ္ ၃၀ ၾကာျမင့္တာ ေတြ႔ရပါတယ္။

အစီအစဥ္အဖြင့္မွာ တင္ဆက္သူက အမ်ဳိးသားညီၫြတ္ေရးအစိုးရရဲ႕ အသံလႊင့္ဌာနဆိုၿပီး မိတ္ဆက္ ေျပာဆိုသြားတာၾကားရပါတယ္။

၈ ေလးလံုး လူထုအေရးေတာ္ပံုႀကီး ေနာက္ပိုင္းကာလေတြကလည္း အဲဒီအခ်ိန္က ျပည္ေထာင္စုျမန္မာႏုိင္ငံ အေဝးေရာက္ ၫြန္႔ေပါင္းအစိုးရ (NCGUB) ရဲ႕ အသံလႊင့္ဌာနအျဖစ္ ဒီမိုကရက္တစ္ ျမန္မာ့အသံ (DVB) ကို တည္ေထာင္ခဲ့ဖူးပါတယ္။ အခုေတာ့ DVB ဟာ သီးျခားလြတ္လပ္တဲ့ သတင္းဌာနတခုအျဖစ္ ရပ္တည္ေနပါၿပီ။

ျမန္မာႏုိ္င္ငံမွာ အရင္ အာဏာသိမ္း စစ္အစိုးရအဆက္ဆက္ဟာ ျပည္ပအသံလႊင့္ဌာနေတြရဲ႕ ထုတ္လႊင့္ခ်က္ေတြကို ပိတ္ဆို႔ဟန္႔တားဖို႔ ႀကိဳးစားတာေတြရွိခဲ့သလို နားေထာင္သူေတြကို ဖမ္းဆီး ေထာင္ခ်တာေတြလည္း ရွိခဲ့ဖူးပါတယ္။

=======\

Unicode

Radio NUG စမ်းသပ် ထုတ်လွှင့်

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG ဆိုတဲ့ အသံလွှင့်အစီအစဉ်တခုကို ဒီကနေ့စပြီးတော့ စမ်းသပ်ထုတ်လွှင့်ပါတယ်။ ဒီအသံလွှင့်အစီအစဉ် ထုတ်လွှင့်မယ်လို့ အသိပေးကြေညာထားတဲ့ ရက်ကတည်းက မြန်မာနိုင်ငံတွင်း အထူးသဖြင့် မြို့ကြီးတွေမှာ ရေဒီယိုဝယ်ယူသူ အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။

စစ်ကောင်စီကလည်း ဆိုင်တွေမှာ တင်ရောင်းနေတဲ့ ရေဒီယိုတွေကိုသိမ်းဖို့၊ တရုတ်ကနေ ရေဒီယို တင်သွင်းတာတွေကိုကန့်သတ်ဖို့ ညွှန်ကြားထားတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ရေးထားတာ တွေ့ရပါတယ်။

Radio NUG ကို မနက် ၈ နာရီမှာတကြိမ်၊ ည ၈ နာရီမှာတကြိမ် ထုတ်လွှင့်မယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် ၈ နာရီမှာ ပထမဆုံးအကြိမ် စတင်ထုတ်လွှင့်မှုကတော့ မိနစ် ၃၀ ကြာမြင့်တာ တွေ့ရပါတယ်။

အစီအစဉ်အဖွင့်မှာ တင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသံလွှင့်ဌာနဆိုပြီး မိတ်ဆက် ပြောဆိုသွားတာကြားရပါတယ်။

၈ လေးလုံး လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလတွေကလည်း အဲဒီအချိန်က ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အသံလွှင့်ဌာနအဖြစ် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို တည်ထောင်ခဲ့ဖူးပါတယ်။ အခုတော့ DVB ဟာ သီးခြားလွတ်လပ်တဲ့ သတင်းဌာနတခုအဖြစ် ရပ်တည်နေပါပြီ။

မြန်မာနိုင်ငံမှာ အရင် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်ဟာ ပြည်ပအသံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကို ပိတ်ဆို့ဟန့်တားဖို့ ကြိုးစားတာတွေရှိခဲ့သလို နားထောင်သူတွေကို ဖမ်းဆီး ထောင်ချတာတွေလည်း ရှိခဲ့ဖူးပါတယ်။

#RadioNUG #NUG #MyanmarMilitaryCoup #voaburmese #NUGရေဒီယို #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG