သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းစည်းပုဝါ ဥပဒေ အမျိုးသမီးတွေ လိုက်နာဖို့ အီရန်သမ္မတ သတိပေး


IRAN-WOMEN-RELIGION
IRAN-WOMEN-RELIGION

အီရန်နိုင်ငံက ဈေးဆိုင်တခုမှာ ခေါင်းစည်းပုဝါ မခြုံထားတဲ့ အမျိုးသမီး ၂ ဦးရဲ့ခေါင်းကို အမျိုးသားတဦးက ဒိန်ချဉ်တွေနဲ့ လောင်းချတဲ့ ဗီဒီယိုဖိုင် အင်တာနက် အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့သလို၊ အာဏာပိုင်တွေက အဲ့ဒီအမျိုးသမီး ၂ ဦးကို ဖမ်းမိန့်ထုတ်ထားပါတယ်။ အီရန်မှာ ဥပဒေအရ အမျိုးသမီးတွေ ခေါင်းစည်းပုဝါ ခြုံရလိမ့်မယ်လို့ အီရန်သမ္မတ Ebrahim Raisi က ပြောပါတယ်။

ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာနဲ့ ပြဌာန်းထားတာဖြစ်လို့ လူတိုင်း ဥပဒေကို မဖြစ်မနေ လိုက်နာရလိမ့်မယ်လို့ အီရန်သမ္မတက မနေ့က ကိုရမ်ညီလာခံမှာ ပြောသွားတာပါ။ အီရန်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တဦး ခေါင်းစည်းပုဝါ မခြုံတာကြောင့် ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့တဲ့အတွက်၊ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို၊ အမျိုးသမီး အများအပြား ခေါင်းစည်းပုဝါမခြုံဘဲ အာဏာပိုင်တွေကို ဆန့်ကျင်တာတွေ ပိုများလာနေတာပါ။

မနေ့က အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း Shandiz မြို့နားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အတွင်းမှာတော့ ခေါင်းစည်းပုဝါမခြုံတဲ့ အမျိုးသမီး နှစ်ယောက်ကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းမိန့်ထုတ်ထားပါတယ်။ ဒိန်ချဉ်နဲ့လောင်းတဲ့ အမျိုးသားကိုလည်း အဲ့ဒီလိုလုပ်မှုနဲ့ ဖမ်းဝမ်း အီရန်အစိုးရပိုင် မီဒီယာက ဖော်ပြပါတယ်။

ဒိန်ချဉ်နဲ့လောင်းတဲ့သူကို တိုက်ခိုက်ခဲ့တဲ့ ဆိုင်ရှင်ကိုတော့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ အဲဒီဆိုင်ကို ပိတ်လိုက်ရတယ်လို့ လူမှုကွန်ရက်တွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်း ဆိုင်ပြန်ဖွင့်ခွင့်ရတဲ့အကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ တရားရုံးမှာ ရှင်းပြရမယ်လို့ အီရန်ပြည်တွင်း သတင်းတွေက အဲဒီဆိုင်ရှင်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။

==== Unicode ====





XS
SM
MD
LG