သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောလုံခြုံရေး တပ်ဖွဲ့ စခန်းသုံးခု တိုက်ခိုက်ခံရ


ရခိုင် မောင်တောတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် သတင်းစာရှင်းလင်း (အောက်တိုဘာ -၉-၂၀၁၆)

မြန်မာဘင်္ဂလားနယ်စပ် ရခိုင်ပြည်နယ် မောင်တောနယ်ခြားစောင့်တပ်ဖွဲတွေနဲ့ စခန်းတွေကို အောက်တိုဘာလ (၉) ရက်နေ့ မနက်၁နာရီက လာရောက် ပစ်ခတ်တဲ့အပေါ်မှာ မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် မအေးမာက မောင်တောအခြေအနေ နောက်ဆုံးရသတင်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ဌာနချုပ်ဖြစ်တဲ့ ကျီးကန်ပြင်ဌာနချုပ် နဲ့ ကိုးတန်ကောက်နဲ့ ငါးခူရ စခန်း စတဲ့နေရာ ၃ခုကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တွေက မနက် အစောကြီး ၀င်ရောက် ပစ်ခတ်တာ တုတ်၊ ဓားလက်နက်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် သေဆုံးခဲ့သလို ၀င်ရောက် စီးနင်းသူတွေ လည်း သေဆုံးမူတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ရဲချုပ်ပြောဆိုသွားတာကတော့ နယ်ခြားစောင့်ဌာနချုပ်နဲ့ ရဲစခန်းကို ၀င်ရောက်စီးနင်း ပစ်ခတ်မူတွေ အတွင်းမှာ ရဲတပ်ဖွဲဝင် ၉ဦး ကျဆုံးသွားပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ တပ်ဖွဲဝင် ၂ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဝင်ရောက်စီးနင်းသူတွေဘက်က အလောင်း၈လောင်းရရှိထားပြီး ၂ဦးကို အရှင်ဖမ်းဆီးမိခဲ့တယ် ဆိုပြီး ပြောဆိုသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဒီကနေ့နေ့လည်ပိုင်း က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစည်းအဝေးလုပ်ပြီး ကိုင်တွယ်ဖြေရှင်းနေတဲ့ အကြောင်း ကိုတော့ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့်က သတင်းစာရှင်းလင်းပွဲ မှာပြောဆိုသွားပါတယ်။

ပစ်ခတ်မူ၊ စီးနင်းမှုတွေကြောင့် မောင်တောမြို့နယ်ထဲမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး လုံခြုံရေးကို ပိုမိုတင်းကြပ်မူတွေ လုပ်ထားတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနိုင်ငံ နယ်စပ် ရခိုင်ပြည်နယ် မောင်တော နယ်ခြားစောင့် တပ်ဖွဲ့စခန်းတွေ ကို အောက်တိုဘာလ (၉) ရက်နေ့ မနက်၁နာရီခန့်မှာ လာရောက် ပစ်ခတ် တာကြောင့် သေဆုံးမူတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီအတွက်ဒေသတွင်း ညမထွက်ရအမိန့်ပါ ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ဌာနချုပ်ဖြစ်တဲ့ ကျီးကန်ပြင်ဌာနချုပ်နဲ့ ကိုးတန်ကောက် နဲ့ ငါးခူရ စခန်း စတဲ့နေရာ၃ခုကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တွေက မနက် အစောကြီး ၁နာရီလောက်မှာ ၀င်ရောက် ပစ်ခတ်မူတွေဖြစ်ခဲ့ တာကြောင့် အသေအပျောက်တွေ ရှိခဲ့ကြောင်း မောင်တောမြို့ ကိုတော့ အလောင်းတွေ ရောက်ရှိလာပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက အခုလိုပြောပါတယ်။

" အလောင်းကိုးလောင်းလေ။ ကိုးလောင်းရောက်တယ်။ နယ်ခြားစောင့်တပ်ကို လာပစ်တာ။ နယ်ခြားစောင့်တပ်က ပစ်တော့ မူဆလင်ရွာက နှစ်လောင်းက သူတို့အချင်းချင်းကို သတ်ပစ်လိုက်တာ၊ မောင်တောကိုပဲ သယ်လာကြတာပေါ့။ လက်နက်က ၆၃လက် ပါသွားတယ်ခင်ဗျ။ ကျေးရွာတွေမှာ လုံခြုံရေးမရှိဖြစ်နေ တယ်။ မြန်မာကအလောင်းတွေပါပဲ။ လုံခြုံရေးအခြေအနေက မကောင်းဘူး။ ကျနော်တို့ ကျေးလက်တွေမှာက လုံခြုံရေးက လုံးဝကို မရှိဖြစ်နေတယ်လေ။ ဒီနေ့ ညခြောက်နာရီကစ မထွက်ရ မာရှယ်လောပြန်ထုတ်တယ်လေ။

ဒီကိစ္စနဲ့ပတ်သက်လို့ မောင်တော်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်း တဲ့အခါမှာတော့ တဦးထိခိုက်တယ် ဆိုတဲ့သတင်းကိုသာ ရရှိကြောင်း အတည်မပြုနိုင်သေးဘူးလို့ အခုလိုပြောပါတယ်။

" မနေ့ကတော့ အပြန်အလှန်ပစ်ကြတယ်။ အဲ့တာတော့ သိပါတယ်။ သေဆုံးမှုတော့ မရှိဘူးလို့သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး။"

အခုလိုပစ်ခတ်မူတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ အခုလိုပြောပြခဲ့ပါတယ်။

" ငါးခူရကတော့ မသိရဘူး။ ကျီးကန်းပြင်ကတော့ ရဲတပ်ဖွဲ့က ငါးယောက်သေဆုံးသွားတာပေါ့။ စိုးရိမ်စရာဆိုတဲ့အခြေအနေမှာတော့ အခုကတော့ တပ်မတော်က ရော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရော ပေါင်းစပ်ပြီးတော့ အဲ့ဒီ့မှာရှင်းလင်းရေးတွေ လုပ်နေတာတော့ရှိတာပေါ့နော်။"

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ်မူတွေ မကြာခဏ ဖြစ်ပွား ခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလ(၁၇) ရက်နေ့တုန်းကတော့ မောင်တောမြို့နယ် နယ်စပ်လည်းဖြစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်လည်းဖြစ်တဲ့ မိုင်တိုင် ၅၂ ဆိုတဲ့နေရာမှာ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲလို့ယူဆရတဲ့ တပ်ဖွဲ့အင်အား ၅၀ လောက်နဲ့ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ တိုက်ခိုက်မူဖြစ်ခဲ့ဘူးပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဘက်က နယ်ခြားမှာ တာဝန်ယူတဲ့ရဲ ၀န်ထမ်း ၄ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုခဲ့ပါတယ်။

အခုပစ်ခတ်မူနဲ့ ပတ်သက်လို့ ကတော့ အောက်တိုဘာလ ၉ရက်နေ့ည မှာ ပြန်ကြားရေး ၀န်ကြီးဌာန ကနေ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG