သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးစုံစမ်းရေးကော်မရှင် ကနဦးအဆင့်အချက်အလက် စုဆောင်းမည်


ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဆက်စပ် ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ့် နည်းလမ်းကို ဆွေးနွေး သဘောတူညီခဲ့ကြကြောင်း ရခိုင်အရေး စုံစမ်းရေး ကော်မရှင်က ကြေညာလိုက်ပါတယ်။

လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ရခိုင် ပဋိပက္ခ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းဖို့ အတွက် ဖိလစ်ပိုင် သံတမန်ဟောင်း ရိုဆာရီယို မယ်နာလို၊ ဂျပန် သံတမန်ဟောင်း ကင်ဇိုအိုရှီးမားနဲ့ မြန်မာနိုင်ငံက ပုဂ္ဂိုလ်နှစ်ဦးတို့နဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ရခိုင်အရေး စုံစမ်းရေး ကော်မရှင်က သတင်းအချက်အလက်တွေ၊ သက်သေ အထောက်အထားတွေကို ကနဦး အဆင့် စတင် စုဆောင်းရယူ သုံးသပ်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းအချက်အလက် ဆက်သွယ်ရေး၊ ဥပဒေရေးရာ၊ မှုခင်း ဆေးပညာဆိုင်ရာနဲ့ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး အတွက် ပြင်ပ ကျွမ်းကျင်သူတွေ လိုအပ်ချက်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း မနေ့ တနင်္ဂနွေနေ့က ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ကိစ္စမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားပြီး ရိုဟင်ဂျာတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် မြန်မာ စစ်တပ် အကြီးအကဲ အပါအဝင် စစ်ခေါင်းဆောင် တချို့ကို တရားစွဲဆိုဖို့ တိုက်တွန်းထားတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ရေးချက်တွေဟာလည်း တဖက်စောင်းနင်း နိုင်တယ်လို့ ပြောဆိုထားတာပါ။

XS
SM
MD
LG