သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရီးသြားကန္႔သတ္မႈေၾကာင့္ ရခိုင္ေျမာက္ပိုင္း ရိကၡာအခက္ၾကံဳ


Rakhine-MYANMAR-CHINA-ECONOMY

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ ျမန္မာစစ္တပ္က ကုန္းလမ္း ေရလမ္းေတြကို ပိတ္ထားတာ လနဲ႔ခ်ီၾကာေနၿပီမို႔ ကုန္ေစ်းႏႈန္းေတြ အဆမတန္ျမင့္တက္ေနပါတယ္။ ဘူသီးေတာင္နဲ႔ ေမာင္ေတာမွာဆိုရင္ ကုန္းေစ်းႏႈန္းေတြ ျမင့္တက္ေန ႐ုံသာမက ကုန္ပစၥည္းေတြ ျပတ္လပ္တဲ့အေျခအေန ရင္ဆိုင္ေနရတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါ တယ္။ ဘူသီးေတာင္ၿမိဳ႕နယ္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြက အေျခအေန သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးပါမယ္။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အၾကား တိုက္ပြဲ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္က ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္ေတာၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ ေတာ္ေတာ္မ်ားမ်ားမွာ ကုန္လမ္း ေရလမ္းေတြကို စစ္တပ္က ပိတ္ထားသလို ကုန္စည္သယ္ယူခြင့္ပါ တားျမစ္ခံထားပါတယ္။ ဒီလို လမ္းေတြ ပိတ္ထားတာ ၃ လ ေက်ာ္သြားၿပီမို႔ ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ေမာင္ေတာၿမိဳ႕နယ္မွာ ေဒသခံေတြ စားဝတ္ေနေရး အခက္ေတြ႕ေနၾကတယ္လို႔ ေမာင္ေတာေဒသခံ အမ်ိဳးသမီးတဦးက အခုလိုေျပာပါတယ္။

“ဘူးသီးေတာင္ ေမာင္ေတာဆိုတာက လမ္းေတြကလည္း ပိတ္ထားတယ္၊ စစ္ေတြဖက္က ဆိုရင္လည္း လမ္းေတြပိတ္ထားတယ္ဆိုေတာ့ ကုန္ေစ်းႏႈန္းေတြ အရင္ကဆိုရင္ ဓာတ္ဆီတ လီတာကို ၂ေထာင္ေက်ာ္ေလာက္ကေန အခုဆိုရင္ တလီတာကို ၅ ေထာင္၊ စားဆီတလီတာကို အရင္ကဆိုရင္ ၂၅၀၀၊ ၂၀၀၀ အခုဆိုရင္ ဆီတလီတာကို ၇၅၀၀၊ ၈၀၀၀ အဲေလာက္ ေပးရတယ္၊ ၾကက္သြန္နီတပိႆာကို ၄ ေထာင္ေလာက္ကေန အခု ၁ ေသာင္းေက်ာ္ ေပးရတယ္ေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ပုဏၰာကြၽန္းၿမိဳ႕အထြက္ စစ္ေတြ-ရန္ကုန္ ကားလမ္းမမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ဒီကေန႔အထိ လမ္းေတြ ပိတ္ထားပါတယ္။ အခုလို ကုန္လမ္းေတြပိတ္ထားတဲ့အတြက္ ရန္ကုန္နဲ႔ တျခားတိုင္းနဲ႔ ျပည္နယ္ေတြက လာတဲ့ ကုန္တင္းကားေတြဟ ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ ပိတ္မိေနၿပီး ျပည္ပပို႔ကုန္ေတြကို အဓိကထား စားသုံးေနရတဲ့ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္စစ္ေတြမွာ အေျခခံစားေသာက္ကုန္ေတြ ေစ်း၂ ဆျမင့္ တက္သြားတယ္လို႔လည္း စစ္ေတြေဒသခံ ေတြက ေျပာဆိုၾကပါတယ္။ စစ္ေတြေဒသခံ တဦးျဖစ္တဲ့ မခင္ခင္သန္းက ကုန္ေဈးႏႈန္းအေျခအေန အခုလိုေျပာပါတယ္။

“ ဟင္းသီးဟင္း႐ြက္ေတြ အကုန္လုံး ေစ်းတက္သြားတယ္၊ အရင္က ငါးရာဖိုးေလာက္ဆိုရင္ အိမ္မွာ လူသုံးေယာက္ေလာက္ တနပ္စာ စားဖို႔ရတယ္၊ အခုက ၁ ေထာင္ဖိုးေလာက္ဝယ္မွ တထပ္စာစားရတဲ့ အေအျခအေနမ်ိဳး တိုက္ပြဲျဖစ္တဲ့ေန႔ကဆိုရင္ င႐ုပ္သီးစိမ္းေတြဘာေတြ ေစ်းထဲမွာ မရွိေတာ့ဘူး၊ ရွိတဲ့ဟာကလည္း တေထာင္ဖို႔ ဆိုရင္ ၇ လုံး လုံး အဲေလာက္ပဲရတယ္ဆိုတဲ့ အေျခအေနရွိခဲ့တယ္ေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ လမ္းေတြ ပိတ္ထားတာနဲ႔ ပတ္သက္ၿပီး စစ္တပ္ဘက္က တစုံတရာထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။ ေဒသခံေတြကေတာ့ အခ်ိန္ၾကာလာတာနဲ႔ အမွ် စားဝတ္ေနေရးနဲ႔ က်န္းမာေရးအတြက္ အခက္အခဲေတြ တိုးလာတယ္လို႔ ေျပာပါတယ္။

“ လမ္းပိတ္ထားတာကိုအျပစ္မဆိုလိုပါဘူး၊ စစ္ျဖစ္တယ္ဆိုေတာ့ ျပည္သူလူထုေတြအတြက္ အႏၲရာယ္ရွိလာမယ္၊ အဲတာေၾကာင့္ လမ္းေတြပိတ္ထားရင္လည္း စားဝတ္ေနေရး က်န္းမာ ေရးအတြက္ လမ္းဖြင့္ေစခ်င္တယ္ေပါ့ေနာ္၊ မိန္းကေလးေတြ မသြားရရင္ေတာင္ ေယာက်ာ္း ေလးေတြ အေရးႀကီးတဲ့ သူေတြ သြားလို႔မရေအာင္ တလ တႀကိမ္ျဖစ္ျဖစ္ တပတ္တႀကိမ္ တ႐ြာက ဘယ္ေလာက္ဘယ္ေလာက္ သြားဆိုၿပီး အဲလိုျဖစ္ေစခ်င္တယ္။”

ရခိုင္ေျမာက္ပိုင္းမွာ စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနသလို တိုက္ပြဲအတြင္း မၾကာခဏဆိုသလို အရပ္သားေတြ ထိခိုက္ေသဆုံး ဒဏ္ရာရတာေတြလည္း တိုးလာေနပါတယ္။ တိုက္ပြဲျဖစ္ပြားတဲ့ေနရာေတြမွာ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပး ေနၾကၿပီး စစ္ေဘးရွာင္ ဒုကၡသည္ ေတြလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ မြန်မာစစ်တပ်က ကုန်းလမ်း ရေလမ်းတွေကို ပိတ်ထားတာ လနဲ့ချီကြာနေပြီမို့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ဘူသီးတောင်နဲ့ မောင်တောမှာဆိုရင် ကုန်းဈေးနှုန်းတွေ မြင့်တက်နေ ရုံသာမက ကုန်ပစ္စည်းတွေ ပြတ်လပ်တဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါ တယ်။ ဘူသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေက အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်အပါအဝင် မြို့နယ် တော်တော်များများမှာ ကုန်လမ်း ရေလမ်းတွေကို စစ်တပ်က ပိတ်ထားသလို ကုန်စည်သယ်ယူခွင့်ပါ တားမြစ်ခံထားပါတယ်။ ဒီလို လမ်းတွေ ပိတ်ထားတာ ၃ လ ကျော်သွားပြီမို့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်မှာ ဒေသခံတွေ စားဝတ်နေရေး အခက်တွေ့နေကြတယ်လို့ မောင်တောဒေသခံ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“ဘူးသီးတောင် မောင်တောဆိုတာက လမ်းတွေကလည်း ပိတ်ထားတယ်၊ စစ်တွေဖက်က ဆိုရင်လည်း လမ်းတွေပိတ်ထားတယ်ဆိုတော့ ကုန်ဈေးနှုန်းတွေ အရင်ကဆိုရင် ဓာတ်ဆီတ လီတာကို ၂ထောင်ကျော်လောက်ကနေ အခုဆိုရင် တလီတာကို ၅ ထောင်၊ စားဆီတလီတာကို အရင်ကဆိုရင် ၂၅၀၀၊ ၂၀၀၀ အခုဆိုရင် ဆီတလီတာကို ၇၅၀၀၊ ၈၀၀၀ အဲလောက် ပေးရတယ်၊ ကြက်သွန်နီတပိဿာကို ၄ ထောင်လောက်ကနေ အခု ၁ သောင်းကျော် ပေးရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုဏ္ဏာကျွန်းမြို့အထွက် စစ်တွေ-ရန်ကုန် ကားလမ်းမမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒီကနေ့အထိ လမ်းတွေ ပိတ်ထားပါတယ်။ အခုလို ကုန်လမ်းတွေပိတ်ထားတဲ့အတွက် ရန်ကုန်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေက လာတဲ့ ကုန်တင်းကားတွေဟ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပိတ်မိနေပြီး ပြည်ပပို့ကုန်တွေကို အဓိကထား စားသုံးနေရတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ အခြေခံစားသောက်ကုန်တွေ ဈေး၂ ဆမြင့် တက်သွားတယ်လို့လည်း စစ်တွေဒေသခံ တွေက ပြောဆိုကြပါတယ်။ စစ်တွေဒေသခံ တဦးဖြစ်တဲ့ မခင်ခင်သန်းက ကုန်ဈေးနှုန်းအခြေအနေ အခုလိုပြောပါတယ်။

“ ဟင်းသီးဟင်းရွက်တွေ အကုန်လုံး ဈေးတက်သွားတယ်၊ အရင်က ငါးရာဖိုးလောက်ဆိုရင် အိမ်မှာ လူသုံးယောက်လောက် တနပ်စာ စားဖို့ရတယ်၊ အခုက ၁ ထောင်ဖိုးလောက်ဝယ်မှ တထပ်စာစားရတဲ့ အအေခြအနေမျိုး တိုက်ပွဲဖြစ်တဲ့နေ့ကဆိုရင် ငရုပ်သီးစိမ်းတွေဘာတွေ ဈေးထဲမှာ မရှိတော့ဘူး၊ ရှိတဲ့ဟာကလည်း တထောင်ဖို့ ဆိုရင် ၇ လုံး လုံး အဲလောက်ပဲရတယ်ဆိုတဲ့ အခြေအနေရှိခဲ့တယ်ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ လမ်းတွေ ပိတ်ထားတာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒေသခံတွေကတော့ အချိန်ကြာလာတာနဲ့ အမျှ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲတွေ တိုးလာတယ်လို့ ပြောပါတယ်။

“ လမ်းပိတ်ထားတာကိုအပြစ်မဆိုလိုပါဘူး၊ စစ်ဖြစ်တယ်ဆိုတော့ ပြည်သူလူထုတွေအတွက် အန္တရာယ်ရှိလာမယ်၊ အဲတာကြောင့် လမ်းတွေပိတ်ထားရင်လည်း စားဝတ်နေရေး ကျန်းမာ ရေးအတွက် လမ်းဖွင့်စေချင်တယ်ပေါ့နော်၊ မိန်းကလေးတွေ မသွားရရင်တောင် ယောကျာ်း လေးတွေ အရေးကြီးတဲ့ သူတွေ သွားလို့မရအောင် တလ တကြိမ်ဖြစ်ဖြစ် တပတ်တကြိမ် တရွာက ဘယ်လောက်ဘယ်လောက် သွားဆိုပြီး အဲလိုဖြစ်စေချင်တယ်။”

ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း မကြာခဏဆိုသလို အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း တိုးလာနေပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး နေကြပြီး စစ်ဘေးရှာင် ဒုက္ခသည် တွေလည်း တိုးလာနေပါတယ်။

XS
SM
MD
LG