သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ထိခိုက်မယ့်အရေး သတိပေး


နယ်စပ်လုံခြုံရေးစောင့်ကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (ဖေဖောဝါရီ ၇၊ ၂၀၂၄)
နယ်စပ်လုံခြုံရေးစောင့်ကြပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (ဖေဖောဝါရီ ၇၊ ၂၀၂၄)

မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် Saint Martin ကျွန်းကို ကျရောက်ခဲ့တဲ့အတွက် ဒီကိစ္စကို နှစ်နိုင်ငံအကြား ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးနဲ့ လမ်းတံတားဆိုင်ရာဝန်ကြီး Obaidul Quader က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိခိုက်နစ်နာရရင် စိတ်မချမ်းမြေ့ဘွယ် ဖြစ်မယ့်အကြောင်း၊ ဒီကိစ္စကို ဆွေးနွေး ညှိနှိုင်းမှုနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း။ ဒါပေမဲ့ မြန်မာဘက်က ပစ်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တယောက်ယောက် ထိခိုက်ခဲ့မယ်ဆိုရင် ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း ဒါကာမြို့တော်က အာဏာရ Awami League ပါတီရုံးချုပ်မှာ မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Quader က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ရန်လိုမုန်းတီးမှု မရှိပေမဲ့ တိုက်ခိုက်ခံရရင်တော့ လက်တုံ့ပြန်ဖို့ အဆင်သင့်ရှိကြောင်းလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မကြာသေးခင်လတွေကစ စစ်ကောင်စီနဲ့ AA အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာရာက နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိနေတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပစ်ခတ်မှုတွေဟာ ဘယ်သူ့လက်ချက် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသလို၊ စစ်ကောင်စီကရော AA အဖွဲ့ကပါ တစုံတရာ ပြောဆိုတာ လတ်တလော မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ကြတဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG