သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ကိုဗစ္ပိုးကူးစက္ခံရသူေတြ တိုးလာ


စစ္ေတြၿမိဳ႕က ကိုဗစ္ကပ္ေရာဂါကာလ လူေနမႈျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရခိုင္ျပည္မွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက ကိုဗစ္ကူးစက္မႈေတြ မရွိသေလာက္ နည္းပါး လာရာကေန မေန႔က ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္က ျပန္လာတဲ့ ကုန္သည္ တခ်ိဳ႕မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတာ စစ္ေဆးေတြ႔ရွိပါတယ္။ ဒါ့အျပင္ ဒီေန႔မွာလည္း ေလယာဥ္နဲ႔ ခရီးသြားမယ့္သူ ၇ ဦးမွာ ကိုဗစ္ပိုးေတြ႔ရွိခဲ့ပါတယ္။ ကိုဗစ္ မ်ိဳးကြဲ Omicron ေၾကာင့္ ကမာၻ႔အဝွမ္း စိုးရိမ္မႈတိုးလာခ်ိန္မွာပဲ ရခိုင္ျပည္နယ္တြင္း ကိုဗစ္ကူးစက္မႈေတြ တိုးလာတာေၾကာင့္ ကိုဗစ္စည္းကမ္းေတြ လိုက္နာၾကဖို႔ လည္း က်န္းမာေရးတာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာလကစတင္ၿပီး ကိုဗစ္ကူးစက္မႈေတြ မရွိသေလာက္ နည္းပါးလာခဲ့ပါတယ္။ ဒါေပမယ့္လည္း စစ္ေတြနဲ႔ဘဂၤလားေဒ့ရွ္ ကူးသန္းေနၾကတဲ့ ကုန္သည္ေတြကို မေန႔က စစ္ေဆးတဲ့အခါ ၉ ဦးမွာ ကိုဗစ္ပိုး ေတြ႔ရွိခဲ့တယ္လို႔ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။ မေန႔က ကိုဗစ္ပိုးေတြ႔တဲ့ ကုန္သည္ ၉ ဦးဟာ ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးၿပီးထားသူေတြ ျဖစ္တယ္လို႔လည္း ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေျပာခြင့္ရ ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

“နယ္စပ္ကုန္သြယ္ေရးက လူေတြကို quarantine ထားထားတယ္။ အဲဒီထဲက က်ေနာ္တို႔ ၂၀ ေက်ာ္ယူၿပီးေတာ့ စစ္တာ ၉ ေယာက္ေလာက္ ေတြ႔တာေပါ့ေနာ္။ အဲေတာ့ ဒီ ၉ ေယာက္ကေတာ့ နယ္စပ္ကုန္သြယ္ေရးလုပ္တယ္ဆိုရင္ ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးၿပီးမွ သေဘၤာတက္လို႔ရတာေလ။ ဒီလူေတြက ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးၿပီးသားလူေတြ ျဖစ္တယ္။ ဒါေပမယ့္လည္း အခုစစ္တဲ့အခါ ပိုးေတြ႔တာ ျဖစ္တယ္။ လူနာအေျခအေန ေကာင္းပါတယ္။ ေဆး႐ုံေပၚမွာ ထားတယ္။”

ဒါ့အျပင္ ရခိုင္ျပည္နယ္အတြင္းက ေလယာဥ္နဲ႔ ခရီးသြားလာမယ့္သူေတြကို ကိုဗစ္ စစ္ေဆးတဲ့အခါမွာလည္း ႏွစ္ရက္အတြင္း ၉ ဦးအထိ ေတြ႔ခဲ့တာျဖစ္ေၾကာင္းလည္း ရခိုင္ကိုဗစ္ ေစာင့္ၾကည့္ေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ ေလ်ာ့နည္းလာတာေၾကာင့္ ကိုဗစ္စည္းကမ္းေတြကိုလည္း ေျဖေလ်ာ့ထားသလို စားေသာက္ဆိုင္ေတြနဲ႔ အေျခခံပညာေက်ာင္းေတြကိုလည္း ျပန္လည္ဖြင့္လွစ္ထားတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ လူ ၁၀၀ ထက္ ပိုမစုရဆိုၿပီး အစိုးရက ထုတ္ျပန္ထားေပမယ့္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ လူ ေထာင္နဲ႔ခ်ီတဲ့ ပြဲလမ္းသဘင္ေတြ ဂီတေဖ်ာ္ေျဖပြဲေတြက်င္းပေနၾကတာပါ။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ ျပန္ရွိလာတယ္ဆိုေပမယ့္ ျပည္သူေတြအေနနဲ႔ ကိုဗစ္စည္းကမ္းလိုက္နာမႈ အားနည္းေနတယ္လို႔လည္း ရခိုင္ကိုဗစ္-၁၉ ေစာင့္ၾကည့္ေရးအဖြဲ႔ တာဝန္ရွိသူတဦးျဖစ္တဲ့ ကိုေဇာ္လႈိင္ထြန္းက ေျပာပါတယ္။

“ေလာေလာဆယ္ကေတာ့ ေတြ႔ေတာ့ မေတြ႔ရဘူး အစ္ကို။ စည္းကမ္းကေတာ့ အရင္ကထက္စာရင္ နည္းနည္းေပါ့ေလ်ာ့သြားတဲ့ ပုံစံပဲ ေတြ႔ေနရတယ္။ စိုးရိမ္မႈ ျမင့္တက္လာတာေတာ့ ေတြ႔ရပါတယ္။ ဒါေပမယ့္ စည္းကမ္းလိုက္နာမႈကတာ့ အားနည္းေသးတယ္လို႔ ျမင္ပါတယ္ခင္ဗ်ာ။”

လက္ရွိ ႏိုင္ငံတကာမွာ Omicron လို႔ေခၚတဲ့ ကိုဗစ္ဗီဇမ်ိဳးကြဲသစ္ေတြ ကူးစက္မႈေတြ ႀကဳံေတြ႔ေနရ သလို အဲဒီမ်ိဳးကြဲသစ္ေတြဟာ အာရွေဒသမွာဆိုရင္ ေဟာင္ေကာင္အထိ ကူးစက္လာေနတာပါ။ ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ကိုဗစ္စည္းကမ္းေတြကို လိုက္နာၾကဖို႔လိုအပ္တယ္လို႔လည္း ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေဒါက္တာ စိုးဝင္းပိုင္က ေျပာပါတယ္။

“မ်ိဳးဗီဇေျပာင္းတာ ျဖစ္ျဖစ္ မေျပာင္းတာျဖစ္ျဖစ္ က်ေနာ္တို႔ ေဘးပတ္ဝန္းက်င္မွာ ကိုဗစ္ေရာဂါ ထုႀကီးရွိေနတယ္။ ကမာၻ႔ကပ္ေရာဂါက မေပ်ာက္ႏိုင္ေသးဘူး။ ဒီအခ်ိန္မွာ ေနာက္ထပ္ မ်ိဳးကြဲသစ္ ေပၚလာတယ္ဆိုေတာ့ ပိုၿပီးေတာ့ေတာင္ ကိုဗစ္စည္း ကမ္းေတြကို လိုက္နာသင့္တာေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ လူစုလူေဝးမလုပ္ဖို႔၊ Mask တပ္ဖို႔၊ လက္ေဆးဖို႔... ဒါေတြကေတာ့ အေျခခံက်တဲ့ဟာေတြေပါ့ေနာ္။ လူတေယာက္မွာ လူမႈဘဝရွိေသးတာကို။ စားဖို႔ေသာက္ဖို႔အတြက္ စီးပြားရွာဖို႔ အျပင္ထြက္ရမယ္။ အဲဒီေတာ့ ကိုဗစ္စည္းကမ္းနဲ႔အညီ ကိုယ့္ကိုကိုယ္ မကူးစက္ေအာင္ ေနဖို႔ပဲ အေရးႀကီးတယ္။”

ျမန္မာႏိုင္ငံတဝန္း ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေနတာမွာ အႀကိမ္ျပည့္ထိုးၿပီးသူ ၁၂ သန္းနီးပါးရွိၿပီး တႀကိမ္ထိုးထားသူ ၅ သန္းနီးပါးရွိတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ လက္ရွိ ဗီဇေျပာင္း Omicron ကိုဗစ္ပိုးသစ္နဲ႔ပတ္သက္လို႔ အတိအက်သိရေအာင္ သိပၸံပညာရွင္ေတြႀကိဳးစားေနၾကခ်ိန္မွာ ကိုဗစ္ကာ ကြယ္ေဆးထိုးၾကဖို႔နဲ႔ အားျဖည့္ကိုဗစ္ကာကြယ္ေဆးထိုးၾကဖို႔ ဆရာဝန္ေတြက တိုက္တြန္းေနပါတယ္။

လက္ရွိ အသစ္ထပ္မံေတြ႔တဲ့ ကိုဗစ္ဗီဇမ်ိဳးကြဲျဖစ္တဲ့ Omicron ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတခ်ိဳ႕မွာျပည္ဝင္ခြင့္ တင္းၾကပ္မႈေတြ၊ ႏိုင္ငံျခားသားေတြ ျပည္ဝင္ခြင့္ပိတ္ပင္တာေတြ စတင္လုပ္ ေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ႏိုင္ငံရပ္ျခားကလာတဲ့ ခရီးသည္တင္ေလယာဥ္ေတြ ဝင္ေရာက္မႈ ကန႔္သတ္ထားခ်က္ကို ဒီဇင္ဘာ ၃၁ ရက္အထိ ရက္ထပ္တိုးထားပါတယ္။

==========

{{Unicode}}

ရခိုင်မှာ ကိုဗစ်ပိုးကူးစက်ခံရသူတွေ တိုးလာ

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကိုဗစ်ကူးစက်မှုတွေ မရှိသလောက် နည်းပါး လာရာကနေ မနေ့က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က ပြန်လာတဲ့ ကုန်သည် တချို့မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း လေယာဉ်နဲ့ ခရီးသွားမယ့်သူ ၇ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ် မျိုးကွဲ Omicron ကြောင့် ကမ္ဘာ့အဝှမ်း စိုးရိမ်မှုတိုးလာချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုတွေ တိုးလာတာကြောင့် ကိုဗစ်စည်းကမ်းတွေ လိုက်နာကြဖို့ လည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလကစတင်ပြီး ကိုဗစ်ကူးစက်မှုတွေ မရှိသလောက် နည်းပါးလာခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်တွေနဲ့ဘင်္ဂလားဒေ့ရှ် ကူးသန်းနေကြတဲ့ ကုန်သည်တွေကို မနေ့က စစ်ဆေးတဲ့အခါ ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ မနေ့က ကိုဗစ်ပိုးတွေ့တဲ့ ကုန်သည် ၉ ဦးဟာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးထားသူတွေ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေးက လူတွေကို quarantine ထားထားတယ်။ အဲဒီထဲက ကျနော်တို့ ၂၀ ကျော်ယူပြီးတော့ စစ်တာ ၉ ယောက်လောက် တွေ့တာပေါ့နော်။ အဲတော့ ဒီ ၉ ယောက်ကတော့ နယ်စပ်ကုန်သွယ်ရေးလုပ်တယ်ဆိုရင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးမှ သင်္ဘောတက်လို့ရတာလေ။ ဒီလူတွေက ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားလူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း အခုစစ်တဲ့အခါ ပိုးတွေ့တာ ဖြစ်တယ်။ လူနာအခြေအနေ ကောင်းပါတယ်။ ဆေးရုံပေါ်မှာ ထားတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက လေယာဉ်နဲ့ ခရီးသွားလာမယ့်သူတွေကို ကိုဗစ် စစ်ဆေးတဲ့အခါမှာလည်း နှစ်ရက်အတွင်း ၉ ဦးအထိ တွေ့ခဲ့တာဖြစ်ကြောင်းလည်း ရခိုင်ကိုဗစ် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ လျော့နည်းလာတာကြောင့် ကိုဗစ်စည်းကမ်းတွေကိုလည်း ဖြေလျော့ထားသလို စားသောက်ဆိုင်တွေနဲ့ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူ ၁၀၀ ထက် ပိုမစုရဆိုပြီး အစိုးရက ထုတ်ပြန်ထားပေမယ့် တချို့မြို့နယ်တွေမှာ လူ ထောင်နဲ့ချီတဲ့ ပွဲလမ်းသဘင်တွေ ဂီတဖျော်ဖြေပွဲတွေကျင်းပနေကြတာပါ။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်ရှိလာတယ်ဆိုပေမယ့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းနေတယ်လို့လည်း ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

“လောလောဆယ်ကတော့ တွေ့တော့ မတွေ့ရဘူး အစ်ကို။ စည်းကမ်းကတော့ အရင်ကထက်စာရင် နည်းနည်းပေါ့လျော့သွားတဲ့ ပုံစံပဲ တွေ့နေရတယ်။ စိုးရိမ်မှု မြင့်တက်လာတာတော့ တွေ့ရပါတယ်။ ဒါပေမယ့် စည်းကမ်းလိုက်နာမှုကတာ့ အားနည်းသေးတယ်လို့ မြင်ပါတယ်ခင်ဗျာ။”

လက်ရှိ နိုင်ငံတကာမှာ Omicron လို့ခေါ်တဲ့ ကိုဗစ်ဗီဇမျိုးကွဲသစ်တွေ ကူးစက်မှုတွေ ကြုံတွေ့နေရ သလို အဲဒီမျိုးကွဲသစ်တွေဟာ အာရှဒေသမှာဆိုရင် ဟောင်ကောင်အထိ ကူးစက်လာနေတာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာကြဖို့လိုအပ်တယ်လို့လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

“မျိုးဗီဇပြောင်းတာ ဖြစ်ဖြစ် မပြောင်းတာဖြစ်ဖြစ် ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ကိုဗစ်ရောဂါ ထုကြီးရှိနေတယ်။ ကမ္ဘာ့ကပ်ရောဂါက မပျောက်နိုင်သေးဘူး။ ဒီအချိန်မှာ နောက်ထပ် မျိုးကွဲသစ် ပေါ်လာတယ်ဆိုတော့ ပိုပြီးတော့တောင် ကိုဗစ်စည်း ကမ်းတွေကို လိုက်နာသင့်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် လူစုလူဝေးမလုပ်ဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့... ဒါတွေကတော့ အခြေခံကျတဲ့ဟာတွေပေါ့နော်။ လူတယောက်မှာ လူမှုဘဝရှိသေးတာကို။ စားဖို့သောက်ဖို့အတွက် စီးပွားရှာဖို့ အပြင်ထွက်ရမယ်။ အဲဒီတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ကိုယ့်ကိုကိုယ် မကူးစက်အောင် နေဖို့ပဲ အရေးကြီးတယ်။”

မြန်မာနိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာမှာ အကြိမ်ပြည့်ထိုးပြီးသူ ၁၂ သန်းနီးပါးရှိပြီး တကြိမ်ထိုးထားသူ ၅ သန်းနီးပါးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိ ဗီဇပြောင်း Omicron ကိုဗစ်ပိုးသစ်နဲ့ပတ်သက်လို့ အတိအကျသိရအောင် သိပ္ပံပညာရှင်တွေကြိုးစားနေကြချိန်မှာ ကိုဗစ်ကာ ကွယ်ဆေးထိုးကြဖို့နဲ့ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ဆရာဝန်တွေက တိုက်တွန်းနေပါတယ်။

လက်ရှိ အသစ်ထပ်မံတွေ့တဲ့ ကိုဗစ်ဗီဇမျိုးကွဲဖြစ်တဲ့ Omicron ကူးစက်မှုတွေကြောင့် နိုင်ငံတချို့မှာပြည်ဝင်ခွင့် တင်းကြပ်မှုတွေ၊ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ စတင်လုပ် နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရပ်ခြားကလာတဲ့ ခရီးသည်တင်လေယာဉ်တွေ ဝင်ရောက်မှု ကန့်သတ်ထားချက်ကို ဒီဇင်ဘာ ၃၁ ရက်အထိ ရက်ထပ်တိုးထားပါတယ်။

#Covid19 #RakhineCovid #VOABurmese
#Omicron#ရခိုင်ကုန်သည်#ဘင်္ဂလားဒေ့ရှ်#စိုးဝင်းပိုင်#မျိုးဗီဇပြောင်း#ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG