သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေဆာက္လုပ္ေရးလုပ္ငန္းရပ္တာေၾကာင့္ အလုပ္ရွင္ အလုပ္သမား ထိခိုက္ေန


၂၀၁၂ ခုႏွစ္ စစ္ေတြဆိပ္ကမ္းသစ္ စီမံကိန္း ျမင္ကြင္း။

{Zawgyi/Unicode}

ရခိုင္ျပည္နယ္တြင္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္ကုန္တာေၾကာင့္ လုပ္ငန္းရွင္ေတြေရာ အလုပ္သမားေတြပါ အခက္ႀကံဳေနၾကရပါတယ္။ ဘယ္လိုအေျခအေနေတြေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္ကုန္တာပါလဲ ... ဒီအေျခအေနအရပ္ရပ္ ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ စက္သံုးဆီေတြနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ ေစ်းတက္လာတာေၾကာင့္ ေဆာက္လုပ္ေရး လုပ္ငန္း ေတြ ရပ္ေနတယ္လို႔ အေဆာက္အဦး ကန္ထရိုက္ေဆာက္လုပ္ေရး လုပ္ငန္းရွင္ ဦးစိုးလြင္က ေျပာပါတယ္။

“အကုန္တက္ပါတယ္။ ဘိလပ္ေျမတို႔ အုတ္၊ သဲ၊ ေက်ာက္တို႔ အကုန္တက္ပါတယ္။ စက္သံုးဆီေစ်းတက္တယ္ဆိုကတည္းက အုတ္၊ သဲ၊ ေက်ာက္ေတြက ကားနဲ႔လုပ္ရတာဆိုေတာ့ အဲဒါေတြလည္းေစ်းတက္ပါတယ္။ လုပ္ငန္းေတြ ရပ္ဆိုင္းသြားတာက ဘယ္လုိေျပာမလဲ၊ ျပည္မရဲ႕ ႏုိင္ငံေရးအခင္းအက်င္းေတြေၾကာင့္ ကုန္ေစ်းႏွုန္းေတြတက္တယ္၊ ကိုဗစ္ေရာဂါေၾကာင့္၊ အေၾကာင္းကေတာ့ အဲဒါေတြေၾကာင့္ပဲ ရပ္သြားတာျဖစ္ပါတယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ကုန္ေစ်းနွုန္းေတြလည္း ထိုးတက္လာသလို ေငြေၾကးလည္ပတ္မွုေတြလည္း အားနည္းတာေတြေၾကာင့္ ေဆာက္လက္စလုပ္ငန္းေတြကိုပါ ရပ္ထားရတယ္လို႔လည္း ဦးစိုးလြင္ကေျပာပါတယ္။

“လုပ္ငန္းေတြက ရပ္ထားပါတယ္။ က်ေနာ္ကိုယ္တိုင္လည္း ခံေနရပါတယ္။ ဒီ ေမာင္ေတာဆိုရင္ က်ေနာ္ လြန္ခဲ့တဲ့ ေျခာက္လေလာက္က အေဆာက္အဦးသြားေဆာက္ပါတယ္။ ကုမၸဏီကေတာ့ ျပည္မကပါပဲ။ ပိုက္ဆံလည္း သူတို႔ မေပးႏိုင္ေတာ့ က်ေနာ္တို႔လည္းမရဘူး ပိုက္ဆံက၊ လုပ္ငန္းလည္း မလုပ္ဘဲ ဒီအတိုင္းပဲ ရပ္ထားရပါတယ္။”

ရခိုင္ျပည္နယ္ဆိုတာက နဂိုကတည္းက အလုပ္အကိုင္အခြင့္အလမ္းနည္းပါးတဲ့ ျပည္နယ္တခုျဖစ္လို႔ အလုပ္ရံုစက္ရံုေတြ ရွားပါးတဲ့ ျပည္နယ္တခုလည္း ျဖစ္ပါတယ္။ ဒီၾကားထဲမွာပဲ ျပည္သူေတြဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သူတို႔စားဝတ္ေနေရးအတြက္ မွီခိုလုပ္ကိုင္ေနရတဲ့ လုပ္ငန္းေတြကို ရပ္ဆိုင္းထားရသလို တဘက္မွာလည္း ကုန္ေစ်းနွုန္းတက္တာနဲ႔ပါ ရင္ဆိုင္ေနရတာပါ။

ေဆာက္လုပ္ေရးက႑က ေအာက္ေျခလုပ္သားေတြ အလုပ္လက္မဲ့ျဖစ္ေနၾကတဲ့ထဲ ေက်ာက္ျဖဴၿမိဳ႕ေပၚက ပန္းရံလုပ္သား ဦးေမာင္လွလည္း အပါအဝင္ပါ။

“က်ေနာ္တို႔ ပန္းရံ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ေနတဲ့အဖြဲ႔ေတြမွာေတာ့ အလုပ္မရွိရင္ေတာ့ စားဝတ္ေနေရး ေတာ္ေတာ္မ်ားမ်ား ျဖစ္တာေပါ့ေနာ္။ ေဒသခံ ပန္းရံအဖြဲ႔ေတြ ေတာ္ေတာ္မ်ားမ်ားလည္း အလုပ္လက္မဲ့ေတြ ျဖစ္ကုန္ၾကတာေပါ့ေနာ္။ ကိုဗစ္ ၁၉ နဲ႔ဆိုေတာ့၊ ဒီၾကားထဲမွာ အခက္အခဲက ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနၾကတယ္ဗ်ာ။ အလုပ္မလုပ္ရတာလည္း တနွစ္ေက်ာ္ေလာက္ရွိၿပီဗ်ာ။ ဒီလုိမ်ိဳးသာ ကုန္ေစ်းနွုန္းတက္ အလုပ္အကိုင္မရွိဘဲ ျဖစ္ေနရင္ေတာ့ ငတ္မယ့္အေနအထားကို ေရာက္သြားႏိုင္တာေပါ့ေနာ္။”

ရခိုင္ျပည္နယ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ရပ္ဆိုင္းေနတာနဲ႔ပတ္သက္ၿပီး ျပည္နယ္ေကာင္စီက ဘာေတြအေရးယူ လုပ္ေဆာင္ေနသလဲဆိုတာသိရဖို႔ ျပည္နယ္ေကာင္စီိေျပာခြင့္ရ ဦးလွသိန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါဘူး။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးမတည္ၿငိမ္မွုေတြေၾကာင့္ တခ်ိဳ႕ ျပည္ပရင္းနွီးျမွဳပ္နွံမႈေတြ ျပန္ရုပ္သိမ္းသြားသလို ဆက္ၿပီးမလည္ပတ္ႏိုင္ဘဲ ရပ္ထားရတဲ့ လုပ္ငန္းေတြလည္း ရွိေနတာပါ။

စက္သံုးဆီေစ်းေတြနဲ႔ ကုန္ေစ်းႏွုန္းေတြ ျမင့္တက္လာေနတာေၾကာင့္ တျခား သယ္ယူပို႔ေဆာင္ေရးနဲ႔ တႏိုင္တပိုင္လုပ္ငန္းေတြလည္း ပံုမွန္လည္ပတ္ႏိုင္တဲ့ အေျခအေနမွာမရွိေတာ့ဘူးလို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

{Zawgyi/Unicode}

ရခိုင်မှာ ဆောက်လုပ်ရေးလုပ်ငန်းရပ်တာကြောင့် အလုပ်ရှင် အလုပ်သမား ထိခိုက်နေ

ရခိုင်ပြည်နယ်တွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ကုန်တာကြောင့် လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ အခက်ကြုံနေကြရပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ကုန်တာပါလဲ ... ဒီအခြေအနေအရပ်ရပ် ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ စက်သုံးဆီတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်း တွေ ရပ်နေတယ်လို့ အဆောက်အဦး ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးစိုးလွင်က ပြောပါတယ်။

“အကုန်တက်ပါတယ်။ ဘိလပ်မြေတို့ အုတ်၊ သဲ၊ ကျောက်တို့ အကုန်တက်ပါတယ်။ စက်သုံးဆီဈေးတက်တယ်ဆိုကတည်းက အုတ်၊ သဲ၊ ကျောက်တွေက ကားနဲ့လုပ်ရတာဆိုတော့ အဲဒါတွေလည်းဈေးတက်ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာက ဘယ်လိုပြောမလဲ၊ ပြည်မရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ကုန်ဈေးနှုန်းတွေတက်တယ်၊ ကိုဗစ်ရောဂါကြောင့်၊ အကြောင်းကတော့ အဲဒါတွေကြောင့်ပဲ ရပ်သွားတာဖြစ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေလည်း ထိုးတက်လာသလို ငွေကြေးလည်ပတ်မှုတွေလည်း အားနည်းတာတွေကြောင့် ဆောက်လက်စလုပ်ငန်းတွေကိုပါ ရပ်ထားရတယ်လို့လည်း ဦးစိုးလွင်ကပြောပါတယ်။

“လုပ်ငန်းတွေက ရပ်ထားပါတယ်။ ကျနော်ကိုယ်တိုင်လည်း ခံနေရပါတယ်။ ဒီ မောင်တောဆိုရင် ကျနော် လွန်ခဲ့တဲ့ ခြောက်လလောက်က အဆောက်အဦးသွားဆောက်ပါတယ်။ ကုမ္ပဏီကတော့ ပြည်မကပါပဲ။ ပိုက်ဆံလည်း သူတို့ မပေးနိုင်တော့ ကျနော်တို့လည်းမရဘူး ပိုက်ဆံက၊ လုပ်ငန်းလည်း မလုပ်ဘဲ ဒီအတိုင်းပဲ ရပ်ထားရပါတယ်။”

ရခိုင်ပြည်နယ်ဆိုတာက နဂိုကတည်းက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ ပြည်နယ်တခုဖြစ်လို့ အလုပ်ရုံစက်ရုံတွေ ရှားပါးတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ ဒီကြားထဲမှာပဲ ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် သူတို့စားဝတ်နေရေးအတွက် မှီခိုလုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရသလို တဘက်မှာလည်း ကုန်ဈေးနှုန်းတက်တာနဲ့ပါ ရင်ဆိုင်နေရတာပါ။

ဆောက်လုပ်ရေးကဏ္ဍက အောက်ခြေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ထဲ ကျောက်ဖြူမြို့ပေါ်က ပန်းရံလုပ်သား ဦးမောင်လှလည်း အပါအဝင်ပါ။
“ကျနော်တို့ ပန်းရံ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေတဲ့အဖွဲ့တွေမှာတော့ အလုပ်မရှိရင်တော့ စားဝတ်နေရေး တော်တော်များများ ဖြစ်တာပေါ့နော်။ ဒေသခံ ပန်းရံအဖွဲ့တွေ တော်တော်များများလည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတာပေါ့နော်။ ကိုဗစ် ၁၉ နဲ့ဆိုတော့၊ ဒီကြားထဲမှာ အခက်အခဲက တော်တော်များများ ဖြစ်နေကြတယ်ဗျာ။ အလုပ်မလုပ်ရတာလည်း တနှစ်ကျော်လောက်ရှိပြီဗျာ။ ဒီလိုမျိုးသာ ကုန်ဈေးနှုန်းတက် အလုပ်အကိုင်မရှိဘဲ ဖြစ်နေရင်တော့ ငတ်မယ့်အနေအထားကို ရောက်သွားနိုင်တာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာနဲ့ပတ်သက်ပြီး ပြည်နယ်ကောင်စီက ဘာတွေအရေးယူ လုပ်ဆောင်နေသလဲဆိုတာသိရဖို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တချို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားသလို ဆက်ပြီးမလည်ပတ်နိုင်ဘဲ ရပ်ထားရတဲ့ လုပ်ငန်းတွေလည်း ရှိနေတာပါ။

စက်သုံးဆီဈေးတွေနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် တခြား သယ်ယူပို့ဆောင်ရေးနဲ့ တနိုင်တပိုင်လုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေမှာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Rakhine #voaburmese #စစ်အာဏာသိမ်းမှု #ရခိုင် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG