သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ အမ်းဒေသခံ ၂ဝကျော် သေဆုံး


အမ်းမြို့
အမ်းမြို့

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီလေကြောင်းက မနေ့ညနေပိုင်းက အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အခုလက်ရှိ အမ်းမြို့မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို မြို့ပေါ်မှာ ပိတ်မိနေသူတွေလည်း အသက်အန္တရာယ်စိုးရိမ်နေရသလို စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့ကို အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရက်အတော်နေပြီဖြစ်သလို တိုက်ပွဲတွေဟဟာလည်း တောက်လျောက်ပြင်းထန်နေတာပါ။ AA ာရက္ခတပ်တော်အနေနဲ့ အမ်းမြို့ကို ပိတ်ဆို့ပြီးတော့ စစ်ကောင်စီတပ်စခန်းတော်တော်များများကို နေ့ရော ညပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။

အောက်တိုဘာလ ၂၈ရက်နေ့ မနေ့ညနေပိုင်းကလည်း အမ်းမြို့နယ် တိုင်းဆေးတပ်ကို အာရက္ခတပ်တော်AAဘက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ညလုံးပေါက်ပြင်းထန်ခဲ့တာပါ။ ဒါ့အပြင် ဆေးတပ်အနီးမှာ ရှိတဲ့ အင်ကုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဝကျော်သေဆုံးခဲ့တယ်လို့ အမ်းမြို့ခံတဦးကပြောပါတယ်။

“ မနေ့ကဆိုရင် အဆေးတပ်ရှေ့က အင်ကုန်းရွာနားမှာဖြစ်တာဗျ တိုက်ပွဲက။ လူတွေက ၂၃ယောက်သေသွားတယ်ခင်မျာ။လေယာဉ်ကနေ ဗုံးကြဲချခဲ့တာကြောင့်လေ။ ရွာကိုလာပြီးတော့ လေယာဉ်နဲ့ဗုံးလာကြဲတာပါ။အမ်းမြို့ပေါ်နဲ့သိမ်မဝေးဘူး အမ်းတိုင်းရင်း ဆေးရုံ အရှေ့မှာပဲရှိတာပါ။”

အင်ကုန်းကျေးရွာ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေထဲမှာ ကလေးလူကြီး ပါဝင်တာပါ။ ဒဏ်ရာရရှိသွားသူတချို့ကိုတော့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့သူကဆက်ပြောပါတယ်။

“ အရပ်သားတွေကို အခုလောလောဆယ်ကတော့ မသင်္ဂြ ိုရသေးဘူး၊ ၂၃လောင်း လုံးကို ကားလမ်းပေါ်မှာ တင်ထားတယ်ခင်မျာ။ ကျန်တဲ့ ဒဏ်ရာရတဲ့ သူတွေ ၅ဦးထက်မနည်း ဆေးရုံကို တင်ထားတယ်ခင်မျာ။အရပ်သား ရွာသားတွေပေါ့ ကလေးလူကြီးဆိုသလို အကုန်လုံးပါကြတာပေါ့။”

လက်ရှိမှာလည်း အမ်းမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီလေကြောင်းကလည်း လာရောက်ဗုံးကြဲနေတာကြောင့် အမ်းမြို့ပေါ်မှာ ပိတ်မိနေသူတွေကြား စိုးရိမ်ထိတ်လန့်နေကြရ တယ်လို့ သူကပြောပါတယ်။

“ စိုးရိမ်တာကတော့ဗျာ ကျနော်တို့ကလည်း ဘယ်ပြေးလို့ ပြေးရမှန်းမသိ ဘယ်သွားရမှန်း မသိတဲ့အခါကျတော့ တော်တော်လေးကြောက်နေရတာပေါ့။ နောက်ပြီးတော့ သူတို့က နှစ်ဦးနှစ်ဘက် ပစ်တဲ့အခါမှာ။ အပေါ်ကလည်းနေပြီးတော့ဘ ဟလား အရပ်သားမှန်း တော်လှန်းရေးသမားမှန်းမသိပဲ ရမ်းသမ်းပြီးပစ်နေတဲ့အခါမှာ ဗုံးသီးတွေ ကျမှန်းသွားတာတွေလည်းရှိတယ်။အဲတာကြောင့် ကျနော်တို့မှာလည်း နေရထိုင်ရတာ အစစအရာရာ သတိထားနေရတယ်ခင်မျာ။”

ဒါ့အပြင် အမ်းမြို့ပေါ်မှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အသက်အန္တရာယ်စိုးရိမ်နေရသလို စားနပ်ရိက္ခာတွေလည်း လုံးဝပြတ်တောက်နေတာကြောင့်အတော် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ အမ်းမှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးတာတွေနဲ့ ပတ်သတ်ပြီး အာရက္ခတပ်တော် AAဘက်က တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ပြီးခဲ့တဲ့ ဧပြီလကတည်းက AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ အားထားအရဆုံးဗျူဟာကုန်းတွေဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်း မဲတောင် ဗျူဟားကုန်း နတ်တောင်ဗျူဟာကုန်းအပါအဝင် တပ်စခန်းတော်တော်များများကို AAဘကက် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ ခမရ ၃၇၃ကို AAဘက်ကသိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် AAဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လက်ရှိမှာတော့ အမ်းမြို့ပေါ်မှာ နပခ ဌာနချုပ်အပါအဝင် ခမရ ၃၇၃၊ ၃၇၂၊ ၃၇၁၊ BE၊ GE၊ စရဖတပ်နဲ့ အမြောက်တပ်တို့ရှိနေသေးတာပါ။ အဲဒီထဲက အနည်းဆုံး တပ်စခန်း ၃ခုလောက် ကို AAဘက်က တပြိုင်နက်ထိုးစစ်ဆင်နေတာဖြစ်သလို တခြားတပ်စခန်း တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုလည်း AAဘက်က ပိတ်ဆို့ထားပြီး လက်ရှိမှာတော့ မောင်တော ဂွနဲ့ အမ်းမြို့နယ်တွေကို အပြင်းအထန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ ရခိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG