သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း ကုန္ေစ်းႏႈန္းနဲ႔စက္သုံးဆီ ႏွစ္ဆျမင့္တက္လာ


ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွ တ႐ုတ္ပိုင္ ေရနံခ်က္စက္႐ံုနဲ႔ စစ္ေတြၿမိဳ႕မေစ်းျမင္ကြင္း (AP/AFP)

Zawgyi/Unicode

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတဝွမ္း ကုန္ေစ်းႏႈန္းေတြတက္ လာသလိုပဲ ဖြံ႔ၿဖိဳးတိုးတက္မႈ ေနာက္အက်ဆုံးျဖစ္တဲ့ ရခိုင္ျပည္နယ္မွာလည္း ကုန္ေဈးႏႈန္းေတြနဲ႔ စက္သုံးဆီေဈးေတြ ႏွစ္ဆေလာက္အထိ ျမင့္တက္လာေနပါတယ္။ အထူးသျဖင့္ ႏိုင္ငံျခားသြင္းကုန္ေဈးႏႈန္းေတြ ပိုၿပီးေတာ့ျမင့္တက္လာေနတာပါ။ ေဈးႏႈန္းျမင့္တက္လာတဲ့အမွ် ျပည္သူေတြ အခက္ေတြ႔လာေနရတဲ့အေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ေဒၚလာေဈး ျမင့္တက္လာေနတာေၾကာင့္ ေလာင္စာဆီေဈးႏႈန္းေတြလည္း ျမင့္တက္လာေနတာပါ။ တဆက္တည္းဆိုသလိုပဲ ကုန္ေစ်းႏႈန္းတက္လာသလို ရခိုင္ျပည္မွာဆိုရင္ ကုန္ေစ်းႏႈန္းေရာ စက္သုံးဆီေစ်းပါ ႏွစ္ဆေလာက္အထိ တက္လာတယ္လို႔ ကုန္သည္ေတြကေျပာပါတယ္။ စက္သုံးဆီေဈးေတြ ေန႔စဥ္တက္လာေပမယ့္ ျပန္က်မယ့္ အေနအထားမရွိဘူးလို႔ ရခိုင္ျပည္နယ္ စက္သုံးဆီမ်ား အသင္း ယာယီဥကၠ႒ ဦးသန္းလႈိင္က ေျပာပါတယ္။

“ဆီေဈးတက္တာက ႏွစ္ခ်က္ရွိတာေပါ့။ နံပါတ္တစ္ကေတာ့ ကမာၻ႔ေဈးတက္ရင္ ဆီေဈးတက္တယ္။ နံပါတ္ႏွစ္က ေဒၚလာေဈးတက္ရင္ ဆီေဈးတက္မွာပဲ။ အဲဒီႏွစ္ခ်က္လုံး ဆုံလာရင္ ပိုၿပီးတက္သြားတာေပါ့။ တက္တာကေတာ့ ေတာက္ေလွ်ာက္ အတက္ခ်ည့္ပဲရွိတယ္။ ဒီႏွစ္လ သုံးလေလာက္မွာေပါ့ေနာ္။ အစရွိသျဖင့္ အတက္ပဲ ရွိတယ္။ ျပန္က်သြားတာမရွိဘူး။ ကမာၻ႔ေဈးက တက္လိုက္ က်လိုက္ရွိေနတယ္ဆိုေပမယ့္ ေဒၚလာေဈးေၾကာင့္ အက်မွာေတာ့မရွိဘူး။ ေန႔တိုင္းတက္ေနတယ္။ အရင္ကဆိုရင္ က်ေနာ္တို႔ တလီတာကို တေထာင္ဝန္းက်င္နဲ႔ ေရာင္းေနတာ တေထာင္ေအာက္မွာလည္း ရွိခဲ့တာေပါ့။ အခုဆိုရင္ တလီတာကို ၁,၅၀၀ ေလာက္ျဖစ္လာတယ္ေပါ့။ ထက္ဝက္ေလာက္ တက္လာတဲ့ သေဘာရွိေနတယ္။”

စစ္တပ္က အာဏာမသိမ္းခင္က စက္သုံးဆီ တလီတာကို တေထာင္ဝန္းက်င္ ေလာက္သာရွိေပမယ့္လည္းလက္ရွိမွာေတာ့ ဒီဇယ္တဂါလံကို ၆,၀၄၀၊ ၈၂ တလီတာကို ၁,၅၂၀ က်ပ္နဲ႔ က်န္တဲ့ စက္သုံးဆီေဈးႏႈန္းေတြဟာလည္း ၁,၅၀၀ ေက်ာ္ရွိေနပါတယ္။ ေရာင္းခ်တဲ့ ၿမိဳ႕နယ္ေတြေပၚမူတည္ၿပီး ေဈးႏႈန္း ကြာျခားမႈေတြလည္း ရွိေနတာပါ။

ရခိုင္ျပည္နယ္အတြက္ စက္သုံးဆီေတြကို သီလဝါအထူးစီးပြားေရးဇုန္ကေန တင္သြင္းေနရတာျဖစ္ၿပီး ေဒၚလာေဈးေတြတက္လာေနတာေၾကာင့္စက္သုံးဆီျပတ္လပ္တာေတြ ရွိလာမွာကို စိုးရိမ္ရတယ္လို႔ရခိုင္ျပည္နယ္ စက္သုံးဆီမ်ား အသင္း ယာယီဥကၠ႒ ဦးသန္းလႈိင္က ေျပာပါတယ္။

“က်ေနာ္အႀကံျပဳခ်င္တာကေတာ့ သီလဝါကေနၿပီးေတာ့ တေျပးညီေဈး ေရာင္းခ်ေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါ။ အဲဒါဆိုရင္ က်ေနာ္တို႔က ဆိုင္ေတြကိုလည္း ဘယ္ေဈးေရာင္းဆိုၿပီး သတ္မွတ္ေပးလို႔ ေကာင္းတာေပါ့။ အဲဒီ သီလဝါကေနၿပီး တည္ၿငိမ္ဖို႔လိုတာေပါ့။ သီလဝါကမၿငိမ္ရင္ က်ေနာ္တို႔ ဆီမွာလည္း အမ်ားႀကီးအခက္အခဲရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီဟာပဲ မွီခိုၿပီးလာရတာျဖစ္လို႔ေလ။ စက္သုံးဆီမ်ားအသင္းအေနနဲ႔ေတာ့ ရခိုင္ျပည္နယ္မွာ စက္သုံးဆီမျပတ္လပ္ဖို႔ ႀကိဳးစားေဆာင္႐ြက္ေနတယ္။ ျပတ္လပ္သြားမွာကိုလည္း ေၾကာက္ေနတာေပါ့။”

စက္သုံးဆီးေဈးႏႈန္းေတြျမင့္တက္လာတာနဲ႔အမွ် လူသုံးကုန္ပစၥည္းေတြရဲ႕ ေဈးႏႈန္း ေတြလည္း ျမင့္တက္လာေနသလို စက္သုံးဆီသုံးဆက္စပ္လုပ္ငန္းေတြမွာလည္း ထိခိုက္မႈေတြရွိလာေနပါတယ္။ရခိုင္ျပည္နယ္မွာ ျပည္မကတင္သြင္းရတဲ့ စားေသာက္ကုပစၥည္းေတြဟာ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းက စၿပီး ႏွစ္ဆနီးပါး တက္လာတယ္လို႔ ရခိုင္ျပည္နယ္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ကိုေအာင္ေအာင္က ေျပာပါတယ္။

“ေဖေဖာ္ဝါရီလ မတိုင္ခင္နဲ႔ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကိုပဲ ယွဥ္ၿပီးေျပာရရင္ ၈၀ ရာခိုင္ႏႉန္းေလာက္ တက္သြားတာေပါ့။ စားအုန္းဆီေတြဆိုရင္ အရင္တုန္းက ၂,၃၀၀ နဲ႔ ၂,၂၀၀ ဝန္းက်င္ ေလာက္မွာ ရွိတယ္။ အခုဆိုရင္ေတာ့ ၄,၅၀၀ ေလာက္ ရွိတယ္။ ႏွစ္ဆနီးပါးေလာက္ တက္တာေပါ့ဗ်ာ။ အဓိက က်ေနာ္တို႔ ရခိုင္ဘက္ မွာက ျပည္မကို အဓိက မွီခိုရတာဆိုေတာ့ စက္သုံးဆီရယ္၊ စားအုန္းဆီရယ္၊ ေနာက္ႏိုင္ငံျခားသြင္းကုန္ေတြေပါ့ေနာ္။ ၿပီးေတာ့ ေဆာက္လုပ္ေရးပစၥည္းေတြေပါ့ေနာ္။ အဲဒီမွာလည္း သံေခ်ာင္းေဈးႏႉန္းေတြ၊ ဘိလပ္ေျမေဈးႏႉန္းေတြ တက္လာတာေပါ့ဗ်ာ။ စားေသာက္ကုန္ေတြကလည္း ျပည္မက တင္သြင္းရတဲ့ဟာေတြက ပိုတက္ တာေပါ့ေနာ္။ ျပည္တြင္း ထုတ္ကုန္ေတြကေတာ့ ၆၀ % ေလာက္ပဲ တက္တာရွိတယ္။ ၅၀ % ေလာက္ တတ္တာလည္းရွိတယ္။”

ရခိုင္ျပည္နယ္ရဲ႕ အဓိက စားေသာက္ကုန္ေတြနဲ႔ တျခား လူသုံးကုန္ပစၥည္းေတြကို ျပည္မဘက္က အဓိကထား တင္သြင္းေနရတာျဖစ္ပါတယ္။ ႏိုင္ငံတဝွန္း စက္သုံးဆီေဈးေတြနဲ႔ ေဒၚလာေဈးေတြ ျမင့္တက္လာေနတာေၾကာင့္ ရခိုင္ျပည္နယ္အတြင္းမွာဆိုရင္ အျခားျပည္နယ္ေတြထက္ ကုန္ေဈးႏႈန္းေတြ ပို တက္လာတယ္လို႔ ကုန္သည္ေတြကေျပာပါတယ္။

ကုန္ေဈးႏႈန္းေတြျမင့္တက္တာကို ေလ်ာ့ခ်ဖို႔ဆိုရင္ အစိုးရအေနနဲ႔လည္း ျပည္တြင္းထုတ္ကုန္ေတြကို ေရာင္းခ်ေပးရမွာျဖစ္သလို ေဒၚလာေဈးျမင့္တက္ေနတာေတြကိုလည္း တည္ၿငိမ္ေအာင္ ထိန္းေပးသင့္တယ္လို႔လည္း ရခိုင္ျပည္နယ္ နယ္စပ္ကုန္ သြယ္ေရး လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ကိုေအာင္ေအာင္က ေျပာပါတယ္။

“က်ေနာ္ျမင္တာကေတာ့ ေငြးေၾကးေဖာင္းပြမႈ ႏႈန္းေပါ့ေနာ္။ ေငြေၾကးေဖာင္းပြတာကို တည္ၿငိမ္ေအာင္ထိန္းဖို႔ပဲလိုတယ္။ အဓိကတခ်က္က။ ေနာက္တခုကေတာ့ က်ေနာ္တို႔ႏိုင္ငံရဲ႕ ပို႔ကုန္ကို ေရာင္းေပးရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပို႔ကုန္မရွိဘဲ အျပင္က ႏိုင္ငံျခားေငြဝင္လာဖို႔ မျဖစ္ႏိုင္ဘူးေလ။ အခုဆိုရင္ ကိုဗစ္ၾကာင့္ နယ္စပ္ဂိတ္ေတြကလည္း အကုန္ပိတ္ထားတယ္။ ဒီလိုမ်ိဳးသာ တင္ပို႔မႈအားနည္းေန မယ္ဆိုရင္ ႏိုင္ငံထဲကို စီးဝင္လာမယ့္ေငြေၾကး ပိုၿပီးေတာ့ နည္းလာေလျဖစ္တယ္။ အဓိကလုပ္ရမွာက ႏိုင္ငံျခားေငြ တည္ၿငိမ္ဖို႔လိုတယ္။ တင္ၿငိမ္ဖို႔အတြက္လည္း ႏိုင္ငံျခားေငြအထဲကို ဝင္လာေအာင္ဘယ္လိုလုပ္မလဲ။ အဲဒါေတြက ပိုၿပီးေတာ့ အေရးပါမယ္လို႔ က်ေနာ္ျမင္တယ္။”

ကိုဗစ္ကူးစက္မႈကပ္ေဘးကာလမွာ လုပ္ငန္းေတြရပ္နားထားရသလို အလုပ္အကိုင္ အခြင့္အလမ္းနည္းပါးတဲ့ ရခိုင္မွာ အခုလို ကုန္ေစ်းႏႈန္းဒဏ္ေၾကာင့္ စားဝတ္ေနေရးပိုခက္လာတယ္လို႔လည္း ေဒသခံေတြကေျပာဆိုၾကပါတယ္။

======

Unicode

ရခိုင်ပြည်နယ်တွင်း ကုန်ဈေးနှုန်းနဲ့စက်သုံးဆီ နှစ်ဆမြင့်တက်လာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း ကုန်ဈေးနှုန်းတွေတက် လာသလိုပဲ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ကုန်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေ နှစ်ဆလောက်အထိ မြင့်တက်လာနေပါတယ်။ အထူးသဖြင့် နိုင်ငံခြားသွင်းကုန်ဈေးနှုန်းတွေ ပိုပြီးတော့မြင့်တက်လာနေတာပါ။ ဈေးနှုန်းမြင့်တက်လာတဲ့အမျှ ပြည်သူတွေ အခက်တွေ့လာနေရတဲ့အကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဒေါ်လာဈေး မြင့်တက်လာနေတာကြောင့် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်လာနေတာပါ။ တဆက်တည်းဆိုသလိုပဲ ကုန်ဈေးနှုန်းတက်လာသလို ရခိုင်ပြည်မှာဆိုရင် ကုန်ဈေးနှုန်းရော စက်သုံးဆီဈေးပါ နှစ်ဆလောက်အထိ တက်လာတယ်လို့ ကုန်သည်တွေကပြောပါတယ်။ စက်သုံးဆီဈေးတွေ နေ့စဉ်တက်လာပေမယ့် ပြန်ကျမယ့် အနေအထားမရှိဘူးလို့ ရခိုင်ပြည်နယ် စက်သုံးဆီများ အသင်း ယာယီဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောပါတယ်။

“ဆီဈေးတက်တာက နှစ်ချက်ရှိတာပေါ့။ နံပါတ်တစ်ကတော့ ကမ္ဘာ့ဈေးတက်ရင် ဆီဈေးတက်တယ်။ နံပါတ်နှစ်က ဒေါ်လာဈေးတက်ရင် ဆီဈေးတက်မှာပဲ။ အဲဒီနှစ်ချက်လုံး ဆုံလာရင် ပိုပြီးတက်သွားတာပေါ့။ တက်တာကတော့ တောက်လျှောက် အတက်ချည့်ပဲရှိတယ်။ ဒီနှစ်လ သုံးလလောက်မှာပေါ့နော်။ အစရှိသဖြင့် အတက်ပဲ ရှိတယ်။ ပြန်ကျသွားတာမရှိဘူး။ ကမ္ဘာ့ဈေးက တက်လိုက် ကျလိုက်ရှိနေတယ်ဆိုပေမယ့် ဒေါ်လာဈေးကြောင့် အကျမှာတော့မရှိဘူး။ နေ့တိုင်းတက်နေတယ်။ အရင်ကဆိုရင် ကျနော်တို့ တလီတာကို တထောင်ဝန်းကျင်နဲ့ ရောင်းနေတာ တထောင်အောက်မှာလည်း ရှိခဲ့တာပေါ့။ အခုဆိုရင် တလီတာကို ၁,၅၀၀ လောက်ဖြစ်လာတယ်ပေါ့။ ထက်ဝက်လောက် တက်လာတဲ့ သဘောရှိနေတယ်။”

စစ်တပ်က အာဏာမသိမ်းခင်က စက်သုံးဆီ တလီတာကို တထောင်ဝန်းကျင် လောက်သာရှိပေမယ့်လည်းလက်ရှိမှာတော့ ဒီဇယ်တဂါလံကို ၆,၀၄၀၊ ၈၂ တလီတာကို ၁,၅၂၀ ကျပ်နဲ့ ကျန်တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာလည်း ၁,၅၀၀ ကျော်ရှိနေပါတယ်။ ရောင်းချတဲ့ မြို့နယ်တွေပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားမှုတွေလည်း ရှိနေတာပါ။

ရခိုင်ပြည်နယ်အတွက် စက်သုံးဆီတွေကို သီလဝါအထူးစီးပွားရေးဇုန်ကနေ တင်သွင်းနေရတာဖြစ်ပြီး ဒေါ်လာဈေးတွေတက်လာနေတာကြောင့်စက်သုံးဆီပြတ်လပ်တာတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ရခိုင်ပြည်နယ် စက်သုံးဆီများ အသင်း ယာယီဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောပါတယ်။

“ကျနော်အကြံပြုချင်တာကတော့ သီလဝါကနေပြီးတော့ တပြေးညီဈေး ရောင်းချပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ အဲဒါဆိုရင် ကျနော်တို့က ဆိုင်တွေကိုလည်း ဘယ်ဈေးရောင်းဆိုပြီး သတ်မှတ်ပေးလို့ ကောင်းတာပေါ့။ အဲဒီ သီလဝါကနေပြီး တည်ငြိမ်ဖို့လိုတာပေါ့။ သီလဝါကမငြိမ်ရင် ကျနော်တို့ ဆီမှာလည်း အများကြီးအခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဟာပဲ မှီခိုပြီးလာရတာဖြစ်လို့လေ။ စက်သုံးဆီများအသင်းအနေနဲ့တော့ ရခိုင်ပြည်နယ်မှာ စက်သုံးဆီမပြတ်လပ်ဖို့ ကြိုးစားဆောင်ရွက်နေတယ်။ ပြတ်လပ်သွားမှာကိုလည်း ကြောက်နေတာပေါ့။”

စက်သုံးဆီးဈေးနှုန်းတွေမြင့်တက်လာတာနဲ့အမျှ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း တွေလည်း မြင့်တက်လာနေသလို စက်သုံးဆီသုံးဆက်စပ်လုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေရှိလာနေပါတယ်။ရခိုင်ပြည်နယ်မှာ ပြည်မကတင်သွင်းရတဲ့ စားသောက်ကုပစ္စည်းတွေဟာ ဖေဖော်ဝါရီလ နောက်ပိုင်းက စပြီး နှစ်ဆနီးပါး တက်လာတယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုအောင်အောင်က ပြောပါတယ်။

“ဖေဖော်ဝါရီလ မတိုင်ခင်နဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကိုပဲ ယှဉ်ပြီးပြောရရင် ၈၀ ရာခိုင်နှူန်းလောက် တက်သွားတာပေါ့။ စားအုန်းဆီတွေဆိုရင် အရင်တုန်းက ၂,၃၀၀ နဲ့ ၂,၂၀၀ ဝန်းကျင် လောက်မှာ ရှိတယ်။ အခုဆိုရင်တော့ ၄,၅၀၀ လောက် ရှိတယ်။ နှစ်ဆနီးပါးလောက် တက်တာပေါ့ဗျာ။ အဓိက ကျနော်တို့ ရခိုင်ဘက် မှာက ပြည်မကို အဓိက မှီခိုရတာဆိုတော့ စက်သုံးဆီရယ်၊ စားအုန်းဆီရယ်၊ နောက်နိုင်ငံခြားသွင်းကုန်တွေပေါ့နော်။ ပြီးတော့ ဆောက်လုပ်ရေးပစ္စည်းတွေပေါ့နော်။ အဲဒီမှာလည်း သံချောင်းဈေးနှူန်းတွေ၊ ဘိလပ်မြေဈေးနှူန်းတွေ တက်လာတာပေါ့ဗျာ။ စားသောက်ကုန်တွေကလည်း ပြည်မက တင်သွင်းရတဲ့ဟာတွေက ပိုတက် တာပေါ့နော်။ ပြည်တွင်း ထုတ်ကုန်တွေကတော့ ၆၀ % လောက်ပဲ တက်တာရှိတယ်။ ၅၀ % လောက် တတ်တာလည်းရှိတယ်။”

ရခိုင်ပြည်နယ်ရဲ့ အဓိက စားသောက်ကုန်တွေနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေကို ပြည်မဘက်က အဓိကထား တင်သွင်းနေရတာဖြစ်ပါတယ်။ နိုင်ငံတဝှန်း စက်သုံးဆီဈေးတွေနဲ့ ဒေါ်လာဈေးတွေ မြင့်တက်လာနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် အခြားပြည်နယ်တွေထက် ကုန်ဈေးနှုန်းတွေ ပို တက်လာတယ်လို့ ကုန်သည်တွေကပြောပါတယ်။

ကုန်ဈေးနှုန်းတွေမြင့်တက်တာကို လျော့ချဖို့ဆိုရင် အစိုးရအနေနဲ့လည်း ပြည်တွင်းထုတ်ကုန်တွေကို ရောင်းချပေးရမှာဖြစ်သလို ဒေါ်လာဈေးမြင့်တက်နေတာတွေကိုလည်း တည်ငြိမ်အောင် ထိန်းပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ် နယ်စပ်ကုန် သွယ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုအောင်အောင်က ပြောပါတယ်။

“ကျနော်မြင်တာကတော့ ငွေးကြေးဖောင်းပွမှု နှုန်းပေါ့နော်။ ငွေကြေးဖောင်းပွတာကို တည်ငြိမ်အောင်ထိန်းဖို့ပဲလိုတယ်။ အဓိကတချက်က။ နောက်တခုကတော့ ကျနော်တို့နိုင်ငံရဲ့ ပို့ကုန်ကို ရောင်းပေးရမယ်။ ဘာကြောင့်လဲဆိုတော့ ပို့ကုန်မရှိဘဲ အပြင်က နိုင်ငံခြားငွေဝင်လာဖို့ မဖြစ်နိုင်ဘူးလေ။ အခုဆိုရင် ကိုဗစ်ကြာင့် နယ်စပ်ဂိတ်တွေကလည်း အကုန်ပိတ်ထားတယ်။ ဒီလိုမျိုးသာ တင်ပို့မှုအားနည်းနေ မယ်ဆိုရင် နိုင်ငံထဲကို စီးဝင်လာမယ့်ငွေကြေး ပိုပြီးတော့ နည်းလာလေဖြစ်တယ်။ အဓိကလုပ်ရမှာက နိုင်ငံခြားငွေ တည်ငြိမ်ဖို့လိုတယ်။ တင်ငြိမ်ဖို့အတွက်လည်း နိုင်ငံခြားငွေအထဲကို ဝင်လာအောင်ဘယ်လိုလုပ်မလဲ။ အဲဒါတွေက ပိုပြီးတော့ အရေးပါမယ်လို့ ကျနော်မြင်တယ်။”

ကိုဗစ်ကူးစက်မှုကပ်ဘေးကာလမှာ လုပ်ငန်းတွေရပ်နားထားရသလို အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့ ရခိုင်မှာ အခုလို ကုန်ဈေးနှုန်းဒဏ်ကြောင့် စားဝတ်နေရေးပိုခက်လာတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

#RakhineLivelihood #Rakhine #MyanmarBusiness #VOABurmese#ရခိုင်#ငွေကြေးဖောင်းပွ#လောင်စာဆီဈေးတက်#ဒေါ်လာဈေး#ကုန်ဈေးနှုန်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG