သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် မောင်တော အခြေအနေ ငြိမ်သက်


ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့မှာ မနေ့က ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပေမဲ့ အကြမ်းဖက် ဆူပူမှုတွေ ဒီကနေ့မှာတော့ အတန်ငယ် တည်ငြိမ်သွားပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်တွေမြို့မှာတော့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်တွေ ဒေသခံတွေက ပြောပါတယ်။ မောင်တောဘက်က နောက်ဆုံးအခြေအတွေကို ဦးကျော်ဇံသာက ဆက်သွယ် မေးမြန်းတဲ့အခါ မြို့ခံတဦးက အခုလို စပြောပါတယ်။

“မြို့ရဲ့ အခြေအနေကတော့ အားလုံး ငြိမ်ငြိမ်သက်သက်ပါပဲ။ ဟိုဘက်နေ့က ပုဒ်မ ၁၄၄ ထုတ်လိုက်တော့ ညပိုင်းကျတော့ ပစ်တာခတ်တာတွေလည်း ကြားရပါတယ်။ ထိတာ ကျတာတွေလည်း ကြားတယ်။ ကျနော်တို့ ဒီ လူအုပ်ကြီးနဲ့ အကြမ်းဖက်ကြတာတွေ သတင်းရပါတယ်။”

သူတို့ ကြားတယ်ဆိုတာ ဘာပြောတာလဲ၊ သူတို့ သေဆုံးတာ ပြောတာလား။

“ဟုတ်တယ်။ သေတာပါ။ ကျတယ် ဆိုတာကတော့ သေတာပေါ့။”

ဘယ်နှစ်ယောက်လောက် သေတယ်လို့ ကြားပါသလဲခင်ဗျ။

“အဲဒါကတော့ သတင်းက တိတိကျကျ မရသေးဘူးခင်ဗျ။ ခန့်မှန်းချေကတော့ လောလောဆယ် သတင်းကတော့ သုံး လေးယောက်လောက် ခင်ဗျ။”

သူတို့ကို ဘယ်ကို သယ်သွားလဲ။ ဆေးရုံကိုလား။

“ကြက်ခြေနီကားတော့ အသွားအလာတော့ တွေ့ပါတယ်။”

အဲဒါ မောင်တော မြို့ပေါ်မှာပေါ့ခင်ဗျ။

“မောင်တောမြို့ပေါ်မှာကတော့ ဒီနေ့ ဒီညကတော့ အေးအေးဆေးဆေး ပါပဲ။”

ခုနက ပစ်တယ်၊ ခတ်တယ်ဆိုတာ ဘယ်မှာလဲ။ ရွာတွေမှာလား။

“ရွာစွန်ရွာဖျားတွေပေါ့။ ကျနော်တို့ မောင်တောမြို့ရဲ့ ရွာစွန်ပေါ့။ ကျနော်တို့ ရခိုင်ရွာစွန်တွေပါ။ မောင်တောမြို့ရွာအစွန်မှာ ဗိုလ်မှူးရွာ ဆိုတာ ရှိပါတယ်။ အဲဒီဘက်ရယ်၊ နောက်တစ်ခုက ကျနော်တို့ အရင် ထောင်အဟောင်း ရှိတဲ့နေရာဘက်ပေါ့။ အဲဒီဘက်ရဲ့ အရှေ့ဘက်မှာ ဖြစ်ပါတယ်။”

ဆိုတော့ အဲဒီဘက်မှာ ပစ်ခတ်တဲ့အသံတွေ ကြားရတယ်ပေါ့။

“ဟုတ်ကဲ့ ကြားရပါတယ်။”

ကြက်ခြေနီကားတွေ ကြားရတယ်ပေါ့။

“ဟုတ်ကဲ့။ ဟုတ်ကဲ့။”

နောက်ပြီးတော့ အဲဒီ နယ်မှာရှိတဲ ဗုဒ္ဓဘာသာရွာတွေ၊ ရခိုင်ရွာတွေက လူတွေကရော သူတို့လုံခြုံမှုကရော။

“ကျနော်တို့ မြို့ပေါ် အခြေအနေကတော့ ကောင်းပါတယ်။ လုံခြုံမှု ရှိပါတယ်။ ဒါပေမဲ့ နယ်ဘက်ကျတော့ သိပ်ပြီးတော့ လုံခြုံမှု မရှိတဲ့အတွက်ကြောင့် အဲဒီနယ်ကနေ မြို့ပေါ် တက်လာတဲ့သူတွေ ရှိပါတယ်။”

အဲဒီ မြို့ပေါ်တက်လာတဲ့သူတွေကို ဘယ်မှာ နေရာထိုင်ခင်း စီစဉ်ပေးပါသလဲ။

“လောလောဆယ်တော့ ကျနော်တို့ အလိုတော်ပြည့်ကျောင်းမှာ ထားပါတယ်။”

ဘူးသီးတောင်ဘက်ရော ဘယ်လိုကြားပါသလဲ။

“ဘူးသီးတောင်က အေးအေးဆေးဆေးပဲ။”

XS
SM
MD
LG