သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း တပ္ေထာက္ခံပြဲမ်ားေၾကာင့္ ရခိုင္တည္ၿငိမ္ေရး စိုးရိမ္


အာဏာသိမ္းစစ္တပ္ကို ထာက္ခံ ဆႏၵျပသူမ်ား။ (ယခင္ပံုေဟာင္း/ေဖေဖၚဝါရီ ၄ ရက္၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက ၿမိဳ႕တခ်ိဳ႕မွာ ေအာက္တိုဘာ ၂၅ ရက္ေန႔ကစလို႔ စစ္ေကာင္စီနဲ႔ စစ္တပ္ေထာက္ခံ ခ်ီတက္ပြဲေတြလုပ္ေနၾကတာမွာ ဒီေန႔မွာေတာ့ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ တပ္ေထာက္ခံပြဲေတြ လုပ္ခဲ့ၾကပါတယ္။ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ နားလည္မႈနဲ႔ အပစ္အခတ္ရပ္ထားၿပီး ရခိုင္ျပည္နယ္တည္ၿငိမ္ေနတဲ့အခ်ိန္မွာ အခုလို တပ္ေထာက္ခံပြဲေတြလုပ္တာဟာ ရခိုင္ျပည္နယ္ရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစႏိုင္တယ္လို႔ ရခိုင္အေရး ေလ့လာသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီနဲ႔ စစ္တပ္ေထာက္ခံပြဲေတြကိုရခိုင္ျပည္နယ္ထဲက ေတာင္ကုတ္ၿမိဳ႕နဲ႔ ေက်ာက္ျဖဴၿမိဳ႕တို႔မွာ ဒီေန႔ ေအာက္တိုဘာ ၂၆ ရက္ေန႔မွာ လုပ္ခဲ့ၾကပါတယ္။ အင္အား ၅၀ ထက္မနည္း လူစုလူေဝးနဲ႔ ခ်ီတက္ေထာက္ခံပြဲလုပ္ခဲ့ၾကတာပါ။ တပ္မိသားစုဝင္ေတြနဲ႔ ႀကံခိုင္ေရးပါတီဝင္ေတြ စုေပါင္းေထာက္ခံပဲြလုပ္ခဲ့တာျဖစ္တယ္လုိ႔ေဒသခံေတြက ေျပာပါတယ္။ တပ္ေထာက္ခံပြဲေတြဟာ ရခိုင္ကိုယ္စားျပဳလုပ္တာမ်ိဳးမဟုတ္ဘဲ တပ္မိသားစုဝင္ေတြ ဦးေဆာင္ၿပီးေတာ့ လုပ္တာျဖစ္တယ္လို႔လည္း ရခိုင္လူ႔အခြင့္အေရးလႈပ္ရွားသူ ကိုသန္းလွကေျပာပါတယ္။

“အခုလုပ္တဲ့သူေတြက အဲဒီေဒသမွာ ရွိေနၾကတဲ့ တပ္မေတာ္ စစ္ေကာင္စီရဲ႕ မိသားစုဝင္ေတြေပါ့ေနာ္။ အဓိကအားျဖင့္ သူတို႔႔ပဲ ဦးစီးဦးေဆာင္လုပ္ၿပီးေတာ့ လုပ္တာျဖစ္တယ္။ ဒါကလည္း သူတို႔ရဲ႕အေပၚက ခိုင္းေစခ်က္ေၾကာင့္ လုပ္ရမယ္ဆိုၿပီးေတာ့ လုပ္ရတာျဖစ္တယ္ေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ဟိုဘက္ကေနၿပီးေတာ့ ေကၽြးထားတဲ့ ေမြးထားတဲ့ထမင္းေတြ၊ ပိုက္ဆံေတြကို သူတုိ႔စားသံုးၿပီးေတာ့ အဲလိုမ်ိဳးမလုပ္ဘဲ ေနတယ္ဆိုရင္ေတာ့ ဒါသူတို႔အတြက္ အႏၱရာယ္မ်ားမဲ့ကိစၥျဖစ္တာေပါ့ေနာ္။ ဆိုေတာ့ အဲလိုမ်ိဳးမလုပ္ ရင္လည္း မရဘူးေပါ့ေလ။ အရမ္းသနားစရာေကာင္းတာေပါ့။”

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြရပ္ၿပီး အေျခအေနတည္ၿငိမ္ေနတဲ့ ရခုိ္င္ျပည္နယ္မွာ ခုလို တပ္ေထာက္ခံပြဲေတြလုပ္ေနတာက ၂ ဘက္ၾကား တည္ေဆာက္ထားတဲ့ ရခိုင္ျပည္နယ္ရဲ႕ တည္ၿငိမ္ ေအးခ်မ္းေရး ပ်က္သြားႏိုင္တယ္လို႔လည္း ရခိုင္ျပည္နယ္အေရး ေလ့လာသံုးသပ္သူ ဦးေဖသန္းကေျပာပါတယ္။

“ဒီလိုေထာက္ခံတဲ့သူေတြက တပ္မေတာ္ကို ေထာက္ခံတယ္ဆိုရင္ ULA AA ထိန္းခ်ုပ္ထားတဲ့ အမ်ားစု ေနရာေတြမွာ လုပ္လို႔မရဘူး။လုပ္တယ္ဆိုရင္ေကာ ULA AAကိုကန္႔ကြက္တဲ့ သေဘာလား။ တပ္နဲ႔ AA က ေလာေလာဆယ္ နားလည္မႈအရ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ထားတာပဲရွိတယ္။ သေဘာတူညီခ်က္အရ ေရရွည္မွာ ဘယ္ေလာက္သြားမယ္ မသြားဘူးဆိုတာေျပာလို႔မရဘူး။ အဲဒီကာလမ်ိဳးမွာ တပ္ကို တဘက္သတ္ ေထာက္ခံျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ထားတာကို သြားၿပီး ထင္ဟပ္ေစတယ္။ AA ကို မေထာက္ခံဘူးလားဆိုတဲ့ ေမးခြန္းေတြလည္း ေပၚလာတယ္။ ၿခံဳေျပာရရင္ ဒါက လူတစု တေယာက္ကလုပ္တဲ့ပြဲျဖစ္တယ္။ ဒုတိယတခ်က္ကေတာ့ ရခိုင္ျပည္နယ္ရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးကို ဒီအခ်ိန္မွာ ေရာင္ျပန္ဟပ္တယ္။ မျဖစ္သင့္ဘူးလို႔ က်ေနာ္ထင္တယ္။ ဒါမ်ိုးဆက္တိုက္ျဖစ္ရင္ ေတာ့ တဘက္နဲ႔တဘက္ နားလည္မွုနဲ႔ တည္ေဆာက္ထားတဲ့ ၿငိမ္းခ်မ္းေရးေတာင္မွ ပ်က္သြားႏိုင္တယ္လို႔က်ေနာ္ျမင္တယ္။”

ဒီေန႔ စစ္ေကာင္စီ ေထာက္ခံပြဲလုပ္တဲ့ ေတာင္ကုတ္နဲ႔ေက်ာက္ျဖဴၿမိဳ႕ေတြဟာ AA အဖြဲ႔ ထိန္းခ်ဳပ္မႈ အားနည္းတဲ့ ေနရာေတြျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ႏုိင္ငံအဝွမ္း စစ္ အာဏာရွင္ဆန္႔က်င္ ဆႏၵျပမႈေတြ ရွိခဲ့ေပမယ့္ ရခိုင္ျပည္နယ္မွာေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီဝင္ေတြေလာက္သာ အာဏာရွင္ဆန္႔က်င္မႈေတြ လႈပ္ရွားခဲ့တာရွိခဲ့ၿပီး တျပည္လံုးအတိုင္းအတာနဲ႔ ဆန္႔က်င္တာမ်ိဳးေတြ မ႐ွိခဲ့ပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဟာ ရခိုင္ျပည္နယ္ထဲမွာ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးပိုင္းကို လုပ္ေဆာင္တာေတြ ႐ွိေနပါတယ္။ ဒါေၾကာင့္ ရခိုင္ျပည္နယ္ရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ စစ္အာဏာရွင္ဆန္႔က်င္လႈပ္ရွားတာေတြကို ထိန္းခ်ဳပ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔လည္း ဦးေဖသန္းက သံုးသပ္ပါတယ္။“တပ္မေတာ္က အာဏာသိမ္းကတည္းကေပါ့ေနာ္။ ULAAA နဲ႔လည္း တိုက္ပြဲေတြ ရပ္တန္႔ထားသလို ဒီဘက္ကလည္းပဲ PDF လွုပ္ရွားမွုေတြ CDMလွုပ္ရွားမွုေတြ အဲလိုလည္း ဒီဘက္မွာ မေပါ္ဘူး။ AA ကလည္း ဒါမ်ိဳးမေပၚေအာင္ထိန္းခ်ဳပ္တယ္။ ဘာလို႔လဲဆိုေတာ့ ျပည္နယ္မွာ စစ္မျဖစ္ကာလဆိုေတာ့ တဘက္ကလည္း ထိန္းသိမ္းေနတဲ့ ကာလမ်ိဳးျဖစ္တယ္။”

ျမန္မာႏိုင္ငံအတြင္းက စစ္တပ္နယ္ေျမလို႔ လူသိမ်ားတဲ့ ျပင္ဦးလြင္၊ မိတၱီလာ၊ ေနျပည္ေတာ္၊ မတၱရာၿမိဳ႕ေတြမွာ တူညီဝတ္စုံဝတ္ဆင္ထားသူေတြအျပင္ စစ္မႈထမ္းေဟာင္းတခ်ိဳ႕နဲ႔ အမ်ိဳးသားေရးေထာက္ခံသူေတြ ရာနဲ႔ခ်ီ ခ်ီတက္လမ္းေလွ်ာက္ၾကၿပီး တိုင္းျပည္အာဏာရယူထားတဲ့ ျမန္မာစစ္တပ္ကိုေထာက္ခံေၾကာင္း ေအာက္တုိဘာ ၂၅ ရက္ကစၿပီး ဆႏၵေဖာ္ထုတ္ပြဲ စလုပ္လာတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္က သံတြဲ၊ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နဲ႔ မြန္ျပည္နယ္ ေမာ္လၿမိဳင္တို႔မွာလည္း တပ္ေထာက္ခံပြဲေတြ မေန႔က ႐ွိခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ ရခိုင္ျပည္နယ္အတြင္းက ေတာင္ကုတ္နဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြမွာ တပ္ေထာက္ခံပြဲေတြ လုပ္ခဲ့တာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံအႏံ႔ွ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ Stay at home အမိန႔္ကို က်န္းမာေရးဌာနက ထုတ္ျပန္ထားသလို တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာ လူ ငါးဦးထက္ ပို မစုဖို႔ ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ထားတာပါတယ္။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

ရခိုင်ပြည်နယ်တွင်း တပ်ထောက်ခံပွဲများကြောင့် ရခိုင်တည်ငြိမ်ရေး စိုးရိမ်

မြန်မာနိုင်ငံက မြို့တချို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံ ချီတက်ပွဲတွေလုပ်နေကြတာမှာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ တပ်ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်အခတ်ရပ်ထားပြီး ရခိုင်ပြည်နယ်တည်ငြိမ်နေတဲ့အချိန်မှာ အခုလို တပ်ထောက်ခံပွဲတွေလုပ်တာဟာ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်တယ်လို့ ရခိုင်အရေး လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံပွဲတွေကိုရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နဲ့ ကျောက်ဖြူမြို့တို့မှာ ဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ လုပ်ခဲ့ကြပါတယ်။ အင်အား ၅၀ ထက်မနည်း လူစုလူဝေးနဲ့ ချီတက်ထောက်ခံပွဲလုပ်ခဲ့ကြတာပါ။ တပ်မိသားစုဝင်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေ စုပေါင်းထောက်ခံပွဲလုပ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ တပ်ထောက်ခံပွဲတွေဟာ ရခိုင်ကိုယ်စားပြုလုပ်တာမျိုးမဟုတ်ဘဲ တပ်မိသားစုဝင်တွေ ဦးဆောင်ပြီးတော့ လုပ်တာဖြစ်တယ်လို့လည်း ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသန်းလှကပြောပါတယ်။

“အခုလုပ်တဲ့သူတွေက အဲဒီဒေသမှာ ရှိနေကြတဲ့ တပ်မတော် စစ်ကောင်စီရဲ့ မိသားစုဝင်တွေပေါ့နော်။ အဓိကအားဖြင့် သူတို့ပဲ ဦးစီးဦးဆောင်လုပ်ပြီးတော့ လုပ်တာဖြစ်တယ်။ ဒါကလည်း သူတို့ရဲ့အပေါ်က ခိုင်းစေချက်ကြောင့် လုပ်ရမယ်ဆိုပြီးတော့ လုပ်ရတာဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဟိုဘက်ကနေပြီးတော့ ကျွေးထားတဲ့ မွေးထားတဲ့ထမင်းတွေ၊ ပိုက်ဆံတွေကို သူတို့စားသုံးပြီးတော့ အဲလိုမျိုးမလုပ်ဘဲ နေတယ်ဆိုရင်တော့ ဒါသူတို့အတွက် အန္တရာယ်များမဲ့ကိစ္စဖြစ်တာပေါ့နော်။ ဆိုတော့ အဲလိုမျိုးမလုပ် ရင်လည်း မရဘူးပေါ့လေ။ အရမ်းသနားစရာကောင်းတာပေါ့။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေရပ်ပြီး အခြေအနေတည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ခုလို တပ်ထောက်ခံပွဲတွေလုပ်နေတာက ၂ ဘက်ကြား တည်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ် အေးချမ်းရေး ပျက်သွားနိုင်တယ်လို့လည်း ရခိုင်ပြည်နယ်အရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

“ဒီလိုထောက်ခံတဲ့သူတွေက တပ်မတော်ကို ထောက်ခံတယ်ဆိုရင် ULA AA ထိန်းချုပ်ထားတဲ့ အများစု နေရာတွေမှာ လုပ်လို့မရဘူး။လုပ်တယ်ဆိုရင်ကော ULA AAကိုကန့်ကွက်တဲ့ သဘောလား။ တပ်နဲ့ AA က လောလောဆယ် နားလည်မှုအရ ငြိမ်းချမ်းရေးကို တည်ဆောက်ထားတာပဲရှိတယ်။ သဘောတူညီချက်အရ ရေရှည်မှာ ဘယ်လောက်သွားမယ် မသွားဘူးဆိုတာပြောလို့မရဘူး။ အဲဒီကာလမျိုးမှာ တပ်ကို တဘက်သတ် ထောက်ခံခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ထားတာကို သွားပြီး ထင်ဟပ်စေတယ်။ AA ကို မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်လာတယ်။ ခြုံပြောရရင် ဒါက လူတစု တယောက်ကလုပ်တဲ့ပွဲဖြစ်တယ်။ ဒုတိယတချက်ကတော့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ဒီအချိန်မှာ ရောင်ပြန်ဟပ်တယ်။ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ ဒါမျိုးဆက်တိုက်ဖြစ်ရင် တော့ တဘက်နဲ့တဘက် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးတောင်မှ ပျက်သွားနိုင်တယ်လို့ကျနော်မြင်တယ်။”

ဒီနေ့ စစ်ကောင်စီ ထောက်ခံပွဲလုပ်တဲ့ တောင်ကုတ်နဲ့ကျောက်ဖြူမြို့တွေဟာ AA အဖွဲ့ ထိန်းချုပ်မှု အားနည်းတဲ့ နေရာတွေဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအဝှမ်း စစ် အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေလောက်သာ အာဏာရှင်ဆန့်ကျင်မှုတွေ လှုပ်ရှားခဲ့တာရှိခဲ့ပြီး တပြည်လုံးအတိုင်းအတာနဲ့ ဆန့်ကျင်တာမျိုးတွေ မရှိခဲ့ပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းကို လုပ်ဆောင်တာတွေ ရှိနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားတာတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဦးဖေသန်းက သုံးသပ်ပါတယ်။“တပ်မတော်က အာဏာသိမ်းကတည်းကပေါ့နော်။ ULAAA နဲ့လည်း တိုက်ပွဲတွေ ရပ်တန့်ထားသလို ဒီဘက်ကလည်းပဲ PDF လှုပ်ရှားမှုတွေ CDMလှုပ်ရှားမှုတွေ အဲလိုလည်း ဒီဘက်မှာ မပေါ်ဘူး။ AA ကလည်း ဒါမျိုးမပေါ်အောင်ထိန်းချုပ်တယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်မှာ စစ်မဖြစ်ကာလဆိုတော့ တဘက်ကလည်း ထိန်းသိမ်းနေတဲ့ ကာလမျိုးဖြစ်တယ်။”

မြန်မာနိုင်ငံအတွင်းက စစ်တပ်နယ်မြေလို့ လူသိများတဲ့ ပြင်ဦးလွင်၊ မိတ္တီလာ၊ နေပြည်တော်၊ မတ္တရာမြို့တွေမှာ တူညီဝတ်စုံဝတ်ဆင်ထားသူတွေအပြင် စစ်မှုထမ်းဟောင်းတချို့နဲ့ အမျိုးသားရေးထောက်ခံသူတွေ ရာနဲ့ချီ ချီတက်လမ်းလျှောက်ကြပြီး တိုင်းပြည်အာဏာရယူထားတဲ့ မြန်မာစစ်တပ်ကိုထောက်ခံကြောင်း အောက်တိုဘာ ၂၅ ရက်ကစပြီး ဆန္ဒဖော်ထုတ်ပွဲ စလုပ်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က သံတွဲ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်တို့မှာလည်း တပ်ထောက်ခံပွဲတွေ မနေ့က ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တပ်ထောက်ခံပွဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအနံ့ှ မြို့နယ်အတော်များများမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ Stay at home အမိန့်ကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားသလို တချို့မြို့နယ်တွေမှာ လူ ငါးဦးထက် ပို မစုဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတာပါတယ်။

#Rakhine #MyanmarMilitaryCoup #VOABurmese

#ရခိုင်#တောင်ကုတ်#ကျောက်ဖြူ#တပ်ထောက်ခံပွဲ#ULAAA

==========

XS
SM
MD
LG