သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ ၿမိဳ႕နယ္တခ်ဳိ႕မွာ စစ္ေကာင္စီတပ္ေတြ ဝင္ထြက္သြားလာမႈနဲ႔ စခန္းခ်မႈ ပိုမ်ားလာ


ရခုိင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ (Crd: MIMU)


[[Zawgyi/Unicode]]

ရခိုင္ေတာင္ပိုင္းက ေလးေတာင္ၿမိဳ႕နယ္နဲ႔ ေက်ာက္ျဖဴၿမို႕နယ္ေတြမွာ ျမန္မာစစ္တပ္ဘက္ က ဝင္ထြက္သြားလာ စခန္းခ်ေနထိုင္တာေတြ၊ ေဒသခံေတြကို ဖမ္းဆီးစစ္ေဆးတာေတြ ရွိေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ မွာ စစ္တပ္အင္းအားတိုးခ်ဲ႕တာေတြနဲ႔ ULA/AA ရဲ႕ တရားစီရင္ေရးလုပ္ငန္းေတြကို ဝင္ေရာက္ ေနွာင့္ယွက္ေနတာေၾကာင့္ အခ်ိန္မေရြး တိုက္ပြဲ ျဖစ္လာႏိုင္တယ္လို႔ AA ဘက္က ေျပာဆိုထားတာ ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။


ရခိုင္ေတာင္ပိုင္းက ေလးေတာင္ၿမို႕နယ္မွာ အခုေနာက္ပိုင္း ျမန္မာစစ္တပ္စစ္ေၾကာင္း ေတြ ဝင္ထြက္သြားတာလာေတြ ခပ္စိပ္စိပ္ျဖစ္လာသလို ရြာျပင္ေတြမွာ တဲထိုး စခန္းခ် ေနထိုင္ေနေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ ေလးေတာင္ေဒသခံတဦးက ေျပာပါတယ္။

“အခုကက်ရင္ အရင္တုန္းကေရာက္တာနဲ႔ မတူဘူး၊ ဗမာလနဲ႔ ေျပာရင္ ကဆုန္လေပါ့ လျပည့္ေန႔က တေခါက္ေရာက္တယ္။ ကဆုန္လမကုန္ခင္ေလာက္မွာ ထပ္ၿပီးတခါ ေရာက္လာတယ္၊ ဟိုတုန္းကနဲ႔စာရင္ေတာ့ စိပ္လာတာေပါ့။ အခါတိုင္းဆိုရင္ေတာ့ ဘုန္းႀကီး ေက်ာင္းေတြ ဇရပ္ေတြမွာပဲေနတယ္။ အခုတေခါက္လာတဲ့အခါမွာေတာ့ ရြာရဲ႕ အေနာက္ဘက္၊ ေတာင္ဘက္ အဲဒီဘက္ေတြမွာ တဲထိုးစခန္းခ်ၿပီး တပ္စုခြဲၿပီး စခန္းခ်ေန ထိုင္တာမ်ိဳးေတြ ျဖစ္လာတယ္။ ရပ္ထဲရြာထဲသြားၿပီးေတာ့ ULA/AAနဲ႔ ပတ္သက္သူေတြရွိလား၊ ULA အတြက္ ရိကၡာေကာက္ေပးတဲ့သူေတြရွိလား ဝင္ေမးေနတာေတြရွိတယ္လို႔ လည္းေျပာၾကပါတယ္။ ”

ေက်းရြာေတြကိုဝင္ၿပီး ေဒသခံေတြကို ULA/AA နဲ႔ ဆက္စပ္တယ္ဆိုၿပီး စစ္ေဆး ေမးျမန္းတာေတြရွိေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ထိပ္လန္႔ေနရတယ္လို႔ ေလးေတာင္္ ေဒသခံတဦးကေျပာပါတယ္။

“အရင္က ရြာမွာတခါမွ အဲလို စစ္သားေတြ ဝင္ထြက္သြားလာတာမရွိေတာ့ စစ္သားေတြ ေရာက္လာတယ္ဆိုတာနဲ႔ ျပည္သူေတြက အထိတ္တလန္႔နဲ႔ ကိုယ့္လုပ္ငန္းခြင္ကို ေျဖာင့္ေျဖာင့္တန္းတန္း မသြားရဲ မလာရဲ အဲလိုေတြျဖစ္ေနတယ္။ ဒီလူေတြ ငါတို႔ကို ဘယ္အခ်ိန္ ဒုကၡေပးမလဲဆိုၿပီး အထိတ္တလန္႔ပံုစံမ်ိဳးနဲ႔ သြားလာေနရတဲ့ အေျခအေနျဖစ္ေနတယ္။”

ေက်ာက္ျဖဴၿမိဳ႕နယ္ဘက္မွာလည္း ျမန္မာစစ္တပ္စစ္ေၾကာင္းေတြ ေက်းရြာအတြင္း ဝင္ထြက္သြားလာတာေတြ ေဒသခံေတြကို ဖမ္းဆီးစစ္ေဆးတာေတြ ရွိေနတာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ေမလ ၂၆ ရက္ေန႔က ေက်ာက္ျဖူေဒသခံ ၂ ဦးကို ULA /AA အတြက္ ေငြေကာက္ခံတယ္ဆိုၿပီး စစ္တပ္က ဖမ္းဆီးသြားတာလည္းျဖစ္ပါတယ္။ ဖမ္းဆီးခံရသူေတြဟာ ေက်ာက္ျဖဴျမိဳ႕ ေစတီေတာင္ရပ္ကြပ္က ဦးသန္းလွုိင္နဲ႔ ေဒၚခင္အုန္းနြဲ႔တို႔ျဖစ္ပါတယ္။
ဖမ္းဆီးခံရသူဦးသန္းလွုိင္ရဲ႕ အမ်ိဳးသမီးကေတာ့ သူ႔ေယာက္က်ားကို ေငြေကာက္ခံလို႔ ဖမ္းတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေက်ာက္ျဖဴ အက်ဥ္းေထာင္မွာ ထားထားတယ္လို႔ ေျပာပါတယ္။

“၂၆ ရက္ေန႔ကဖမ္းတာ။ အမ်ိဳးသားနဲ႔ေတာ့ ေတြ႔ခြင့္ရပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္က ေထာင္တခုမွာ ထားထားပါတယ္။ ဘာေၾကာင့္ ဒီလိုဖမ္းထားတာလဲလို႔ သူတို႔ကိုေမးေတာ့ ပရဟိတတခုအတြက္ ပိုက္ဆံေကာက္လို႔ ဒီလိုဖမ္းထားတယ္လို႔ ေျပာတယ္။ သူက အျပင္မွာ ေဘးတြဲေမာင္းတာ။ သူဘာေတြလုပ္ေနလဲဆိုတာလည္း မသိဘူး။ အမက ကိုယ့္ဖာသာကိုယ္ လုပ္စားေနတာ။ သူလုပ္တာက ေဘးတြဲေမာင္းတာကိုပဲ သိတယ္။ ခံစားရပါတယ္။ အမမွာက သားသမီး တေယာက္ နွစ္ေယာက္ရွိတယ္။ ေနာက္ၿပီးေတာ့ အိမ္ငွားၿပီးေနရတာ။ လင္ကို ဒီလိုဖမ္းထားတဲ့အတြက္ က်မတို႔ ဝမ္းနည္းမိပါတယ္။ အျမန္ဆံုးျပန္လႊတ္ေပးေစခ်င္ပါတယ္။”

လက္ရွိမွာေတာ့ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား ႏွစ္တင္းမာမႈေတြျမင့္တက္လာေနတာေၾကာင့္ တိုက္ပြဲ ျဖစ္ပြားမွာကို စိုးရိမ္ေနၾကပါတယ္။ ကုန္ေဈးႏႈန္းေတြတက္ၿပီး ကုန္သြယ္ သြားလာမႈခက္ခဲခ်ိန္မွာ တိုက္ပြဲျဖစ္လာရင္ ပိုၿပီး ဒုကၡေရာက္မွာ ျပည္သူေတြက စိုးရိမ္ၾကတာပါ။ ဒါ့အျပင္ ရခိုင္ျပည္နယ္တြင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြကို ျမန္မာစစ္တပ္ဘက္က ဝင္ေရာက္ဟန႔္တားတာ၊ ေဒသခံတခ်ိဳ႕ကို AA နဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးေနတာေတြပါ ရွိတယ္လို႔ AA ဘက္က ေျပာဆိုထားပါတယ္။ တခ်ိန္တည္းမွာ အခုလို အျပန္အလွန္ထိပ္တိုက္ျဖစ္ေနတာမို႔ စစ္ေရးတင္းမာၿပီး အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တဲ့အတြက္ ျပည္သူေတြ သတိထားသြားလာၾကဖို႔ AA ဘက္က ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

ရခိုင် မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ထွက်သွားလာမှုနဲ့ စခန်းချမှု ပိုများလာ

ရခိုင်တောင်ပိုင်းက လေးတောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ မြန်မာစစ်တပ်ဘက် က ဝင်ထွက်သွားလာ စခန်းချနေထိုင်တာတွေ၊ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် မှာ စစ်တပ်အင်းအားတိုးချဲ့တာတွေနဲ့ ULA/AA ရဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ဝင်ရောက် နှောင့်ယှက်နေတာကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ AA ဘက်က ပြောဆိုထားတာ ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


ရခိုင်တောင်ပိုင်းက လေးတောင်မြို့နယ်မှာ အခုနောက်ပိုင်း မြန်မာစစ်တပ်စစ်ကြောင်း တွေ ဝင်ထွက်သွားတာလာတွေ ခပ်စိပ်စိပ်ဖြစ်လာသလို ရွာပြင်တွေမှာ တဲထိုး စခန်းချ နေထိုင်နေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ လေးတောင်ဒေသခံတဦးက ပြောပါတယ်။

“အခုကကျရင် အရင်တုန်းကရောက်တာနဲ့ မတူဘူး၊ ဗမာလနဲ့ ပြောရင် ကဆုန်လပေါ့ လပြည့်နေ့က တခေါက်ရောက်တယ်။ ကဆုန်လမကုန်ခင်လောက်မှာ ထပ်ပြီးတခါ ရောက်လာတယ်၊ ဟိုတုန်းကနဲ့စာရင်တော့ စိပ်လာတာပေါ့။ အခါတိုင်းဆိုရင်တော့ ဘုန်းကြီး ကျောင်းတွေ ဇရပ်တွေမှာပဲနေတယ်။ အခုတခေါက်လာတဲ့အခါမှာတော့ ရွာရဲ့ အနောက်ဘက်၊ တောင်ဘက် အဲဒီဘက်တွေမှာ တဲထိုးစခန်းချပြီး တပ်စုခွဲပြီး စခန်းချနေ ထိုင်တာမျိုးတွေ ဖြစ်လာတယ်။ ရပ်ထဲရွာထဲသွားပြီးတော့ ULA/AAနဲ့ ပတ်သက်သူတွေရှိလား၊ ULA အတွက် ရိက္ခာကောက်ပေးတဲ့သူတွေရှိလား ဝင်မေးနေတာတွေရှိတယ်လို့ လည်းပြောကြပါတယ်။ ”

ကျေးရွာတွေကိုဝင်ပြီး ဒေသခံတွေကို ULA/AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ဆေး မေးမြန်းတာတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ ထိပ်လန့်နေရတယ်လို့ လေးတောင် ဒေသခံတဦးကပြောပါတယ်။

“အရင်က ရွာမှာတခါမှ အဲလို စစ်သားတွေ ဝင်ထွက်သွားလာတာမရှိတော့ စစ်သားတွေ ရောက်လာတယ်ဆိုတာနဲ့ ပြည်သူတွေက အထိတ်တလန့်နဲ့ ကိုယ့်လုပ်ငန်းခွင်ကို ဖြောင့်ဖြောင့်တန်းတန်း မသွားရဲ မလာရဲ အဲလိုတွေဖြစ်နေတယ်။ ဒီလူတွေ ငါတို့ကို ဘယ်အချိန် ဒုက္ခပေးမလဲဆိုပြီး အထိတ်တလန့်ပုံစံမျိုးနဲ့ သွားလာနေရတဲ့ အခြေအနေဖြစ်နေတယ်။”

ကျောက်ဖြူမြို့နယ်ဘက်မှာလည်း မြန်မာစစ်တပ်စစ်ကြောင်းတွေ ကျေးရွာအတွင်း ဝင်ထွက်သွားလာတာတွေ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ကျောက်ဖြူဒေသခံ ၂ ဦးကို ULA /AA အတွက် ငွေကောက်ခံတယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွပ်က ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဦးသန်းလှိုင်ရဲ့ အမျိုးသမီးကတော့ သူ့ယောက်ကျားကို ငွေကောက်ခံလို့ ဖမ်းတာဖြစ်ပြီး လက်ရှိမှာတော့ ကျောက်ဖြူ အကျဉ်းထောင်မှာ ထားထားတယ်လို့ ပြောပါတယ်။

“၂၆ ရက်နေ့ကဖမ်းတာ။ အမျိုးသားနဲ့တော့ တွေ့ခွင့်ရပါတယ်။ ကျောက်ဖြူမြို့နယ်က ထောင်တခုမှာ ထားထားပါတယ်။ ဘာကြောင့် ဒီလိုဖမ်းထားတာလဲလို့ သူတို့ကိုမေးတော့ ပရဟိတတခုအတွက် ပိုက်ဆံကောက်လို့ ဒီလိုဖမ်းထားတယ်လို့ ပြောတယ်။ သူက အပြင်မှာ ဘေးတွဲမောင်းတာ။ သူဘာတွေလုပ်နေလဲဆိုတာလည်း မသိဘူး။ အမက ကိုယ့်ဖာသာကိုယ် လုပ်စားနေတာ။ သူလုပ်တာက ဘေးတွဲမောင်းတာကိုပဲ သိတယ်။ ခံစားရပါတယ်။ အမမှာက သားသမီး တယောက် နှစ်ယောက်ရှိတယ်။ နောက်ပြီးတော့ အိမ်ငှားပြီးနေရတာ။ လင်ကို ဒီလိုဖမ်းထားတဲ့အတွက် ကျမတို့ ဝမ်းနည်းမိပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။”

လက်ရှိမှာတော့ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နှစ်တင်းမာမှုတွေမြင့်တက်လာနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ကုန်သွယ် သွားလာမှုခက်ခဲချိန်မှာ တိုက်ပွဲဖြစ်လာရင် ပိုပြီး ဒုက္ခရောက်မှာ ပြည်သူတွေက စိုးရိမ်ကြတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်ဟန့်တားတာ၊ ဒေသခံတချို့ကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးနေတာတွေပါ ရှိတယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။ တချိန်တည်းမှာ အခုလို အပြန်အလှန်ထိပ်တိုက်ဖြစ်နေတာမို့ စစ်ရေးတင်းမာပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာကြဖို့ AA ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သတိပေးထားပါတယ်။
==============

XS
SM
MD
LG