သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ လက်လုပ်မိုင်း ၁၄ လုံးပေါက်ကွဲ၊ ပရဟိတဘုန်းကြီးကျောင်း သေနတ်ပစ်ခံရမှု တဦးသေဆုံး


လက်လုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ယာဉ် (သတင်းဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)
လက်လုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ယာဉ် (သတင်းဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီကနေ့တရက်ထဲ တင် မိုင်း ၁၄လုံးပေါက်ကွဲ ခဲ့ပါတယ်။ မောင်တောမြို့ပေါ်က ဇောတိကာရုံ ပရဟိတ ဘုန်းတော်ကြီး ကျောင်းဝင်းအနီးမှာ လက်နက်ငယ် ဖြင့်ပစ်ခတ်ခဲ့တဲ့ အတွက် တဦးသေဆုံး ပြီး တဦး ဒဏ်ရာရသွားတယ်လို့ အဲဒီဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်က ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီကနေ့တရက်ထဲ တင် မိုင်း ၁၄လုံးပေါက်ကွဲ ခဲ့ပါတယ်။ မောင်တောမြို့ပေါ်က ဇောတိကာရုံ ပရဟိတ ဘုန်းတော်ကြီး ကျောင်းဝင်းအနီးမှာ လက်နက်ငယ် ဖြင့်ပစ်ခတ်ခဲ့တဲ့ အတွက် တဦးသေဆုံး ပြီး တဦး ဒဏ်ရာရသွားတယ်လို့ အဲဒီဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်က ပြောပါတယ်။ ဒါ့အပြင် မောင်တောမြို့နေရာအချို့မှာလဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ရအောင် ရဲနဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့က ညဖက်ကင်းလှည့်နေတယ လို့ အာဏာပိုင် တွေက ပြောပေမယ့် လုံခြုံရေးကို ထိထိရောက်ရောက် မပေးစွမ်းနိုင် သေးဘူးလို့ ဘူးသီးတောင်ကရော မောင်တော ဒေသခံတွေကပါ ပြောပါတယ်။ ဒီသတင်း တွေကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်က ၂၄ရက်ညပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ လုံခြုံရေးစခန်း ၃၀ ကျော်ကို အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်တာ ခံခဲ့ရ ပြီးတဲ့ နောက်မှာ အခုလို မောင်တော မြို့လယ်မှာ ရှိတဲ့ နေရာအချို့ကို လက်ပစ်ဗုံး၊ လက်နက်ကြီး စတာတွေနဲ့ အပစ်ခတ်ခံလာ ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီကနေ့တရက်ထဲ တင် မိုင်း ၁၄လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကောပြာ ဆိုခဲ့သလို အစိုးရကလည်း သတင်း ထုတ်ပြန်ခဲ့ ပါတယ်။ ဒီမိုင်း တွေဟာ နေ့လည် ၁နာရီကနေ နာရီခြားကာ ညနေ ၄နာရီထိ ဆက်တိုက်ဆိုသလို မောင်တောမြို့ရဲ့ နယ်မြေ ၆ မှာပေါက်ခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံး ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘင်္ဂလီအကြမ်းဖက်တွေ ထောင်ထားတဲ့ ဒီလက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ တွေ ထိခိုက်တာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒီကနေ့နေ့လည် ၂နာရီကျော်က မောင်တောဆေးရုံ နားမှာ ရှိတဲ့ အရှေ့ ဇောတိကာရုံ ပရဟိတ ဘုန်း တော်ကြီး ကျောင်းဝင်း အနီးမှာ အကြမ်းဖက် သမားတွေက သေနတ်နဲ့၄ချက်ပစ်ခတ်ခဲ့တာမို့ ကျောင်းဝင်းတွင်း နွားစာ လာရိတ်တဲ့ ဟိန္ဒူဘာသာဝင် တဦး သေဆုံးခဲ့ပြီး ကပ္ဗိယတဦး ဒဏ်ရာရခဲ့သလို ကျောင်း ဆောင် လည်း ပျက်ဆီးခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးဇောတိက က ပြောပါတယ်။ ဒဏ်ရာရ ကပ္ဗိယရဲ့အခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ လည်းပြောပါတယ်။

တိုက်ခိုက်လာသူမှာ ကျောင်းအနီးမှာဘဲနေတဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ထွက်သွားလာနေသူ ကျောင်းမှာ ပန်းရံ အလုပ် ဝင်လုပ်ကိုင်နေတဲ့ မူစလင် တဦး ဖြစ်တယ်လို့ ဆရာတော်ကပြောပါတယ်။

“ကျောင်းသားလေးတစ်ယောက်ကတော့ ရှပ်ပြီးတော့ ထိသွားတယ်။ နောက် ချင်းသူလေးတစ်ယောက်ကတော့ သေသွားတယ်။ သေသွားတဲ့ ကလေးက သူကတော့ ၁၀ ကျော်ကျော်လောက် ရှိနေပြီ။ ခေါင်မိုး သွပ်တို့ ဘာတို့ကတော့ ပေါက်သွားတယ်။ နောက်ပြီးတော့ အုတ်နံရံ နည်းနည်းပါးပါး ထိပြီးတော့ ကွဲသွား ပြဲသွားတာလေးတော့ ရှိတယ်။ ဒါဘယ်သူ့လက်ချက်ရှိရမှာလဲပေါ့။ ပစ်တဲ့အကောင်တွေ ၊ အိမ်ကိုလည်း ဘုန်းဘုန်းတို့က အတိအကျသိတယ်လေ။ နောက်ပြီးတော့ အဲဒီ အိမ်က ကောင်လေးက ဘုန်းဘုန်းတို့ကျောင်းမှာ နေပြီးတော့ ခဏခဏ လာလာပြီးတော့ ပန်းရံလုပ်နေတဲ့ ကုလားလေး။ စားဖို့ သောက်ဖို့ နေနေပြီးတော့ မပြည့်စုံ မဖူလုံဘူးဆိုရင်လည်း ဘုန်းကြီးဆီ လာရင် ဘုန်းကြီးက အကုန်ပေးတာပဲ သူတို့ကို။ မကျန်းရေး မမာရေးကအစ သူတို့ကို ပိုက်ဆံကအစ ယုတ်စွအဆုံး သူတို့ သေသွားလို့ မသာချဖို့ စရိတ်စက မရှိတော့ ဘုန်းကြီးတို့ဆီက လာလာပြီးတော့ တောင်းလို့ ဘုန်းကြီးပေးသေးတယ်။ အဲဒီတော့ ဘုန်းကြီး ဘယ်လိုနည်းနဲ့မှ သူတို့ကို မယုံကြည်နိုင်လောက်အောင် အံ့သြတယ်။”

နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ အကြမ်းဖက်သမားတွေဟာ မိုင်းထောင်၊ လက်နက်နဲ့ပစ်တာအပြင် တပ်မတော် ဘက်က မီးရှို့ဖျက်ဆီး တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်ပြီး မောင်တောမြို့နယ် မင်းလွှတ်မြို့မှာ ရှိတဲ့ အိမ် ၈၈အိမ်၊ ဈေးဆိုင် ၅၄ဆိုင်၊ ဆိုင်ခန်း ၅၁ခန်း၊ ဗလီ ၂ခု၊ အာရဗီကျောင်း ၈ခု၊ ကား ၉ စီးနဲ့ ဆိုင်ကယ် ၄စီး ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတကျော့ပြန်တိုက်ခိုက်မှုဟာ အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ လက်ချက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောဆိုသတ်မှတ် ထားပါတယ်။ အကြမ်းဖက်သမားတွေဟာ အစိုးရသတင်းပေးလို့ သံသယရှိသူ အစ္စလမ်ဘာသာဝင် ၅ဦးကို ကျေးရွာ တွင်းဝင်ကာ သတ်ဖြတ်ခဲ့တဲ့ အပြင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသွားလာလှုပ်ရှားမှုကို အဟန့် အတားဖြစ်စေဖို့ပါ၊ မိုင်းထောင် တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တော ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ရအောင် ရဲနဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့က ညဖက်ကင်းလှည့်နေတယ် လို့ နယ်ခြားစောင့် တပ်က ပြောဆိုေ့ပမယ့်ဒေသခံတွေကတော့ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်ပူပန်နေရဆဲ ပဲလို့ ပြောပါတယ်။ ၁၉၉၇ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ဒီဇောတိကာရုံ ပရဟိတဘုန်းတော်ကြီးကျောင်း မှာ အကြမ်း ဖက်သမားတွေရန်က လွတ်အောင် လာရောက်ခိုလှုံနေကြ သူအယောက် ၈၀ လောက်ရှိနေပြီး သူတို့အတွက် လုံခြုံရေး အတော်အားနည်းတယ်လို့ ဆရာတော်ကပြောပါတယ်။

“ဘုန်းဘုန်းတို့ကျောင်းကို သေနတ်နဲ့ လှမ်းပြီး အပစ်ခံရတာ အနီးအနားမှာ လုံခြုံရေး ရှိတယ်။ ဒီကောင်တွေကို ဝင်ပြီးတော့ ဖမ်းရင် နာရီဝက်အတောအတွင်းမှာ ဖမ်းမိတယ်။ ဘုန်းဘုန်းကပြောမယ် မင်းတို့ ဝင်သွားကွာလို့၊ ဖမ်းလို့။ မဖမ်းဘူး။ စိုးရိမ်ထိတ်လန့်ရတဲ့ အနေအထားဆိုရင် အဲဒီဥစ္စာက သိပ်ပြီးတော့ အရေးမကြီးသေးဘူးပေါ့ ဒကာမကြီးရယ်။ အခုက စိုးရိမ်ထိတ်လန့်ရတဲ့ အနေအထားထက် ကြောက်ဖို့ကောင်းတဲ့ အနေအထားမျိုးကို ရောက်သွားပြီလေ။ တစ်မြို့နယ်လုံး တစ်ခရိုင်လုံးမှာ ရှိတဲ့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေက အကုန်လုံး စိုးရိမ်ထိတ်လန့်နေကြရတယ်။”

ပြည်သူတွေရဲ့လုံခြုံရေးကို ပြည်သူတွေကိုယ်တိုင်ဘဲရယူနေရတယ်လို့ ပြောလာသူကတော့ ဘူးသီးတောင် မြို့နယ် က ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဌ ဦးသန်းနိုင်ပါ။ ဘူးသီးတောင်မြို့နယ် အခြေအနေနဲ့ပတ်သတ်လို့ သူက

“ဘူးသီးတောင် ဒီနေ့တော့ နည်းနည်းလောက် အခုချိန်ထိကတော့ နည်းနည်း ကောင်းနေဆဲ။ နောက် နေဝင်လာရင်တော့ ပြောလို့မရဘူး။ ”

ရခိုင်ပြည်နယ်မြောက်ပိုင်း တကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာ နေကြတာပါ။ ဒါပေမယ့် လာရောက် ခိုလှုံသူတွေရော မြို့ခံတွေ အတွက်ပါ လုံခြုံရေးကတော့ စိတ်ချရတဲ့ အနေထားမှာ ရှိမနေပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG