သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္တြင္း ႏွစ္ခ်ီၾကာသြားလာခြင့္ပိတ္ပင္ကန႔္သတ္ခံရသူမ်ားရွိေနဆဲ


{Zawgyi/Unicode}

ရခိုင္ျပည္နယ္မွာ ဘာသာေရး၊ လူမ်ိဳးေရးအေျခခံတဲ့ပဋိပကၡေတြ စတင္ျဖစ္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းထဲက မြတ္ဆလင္ေတြကို အသြားအလာ ကန႔္သတ္ခံထားတာ အခုဆိုရင္ ဆယ္စုႏွစ္ တခုနီးပါးရွိေနပါၿပီ။ ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္အမ်ားစုဟာ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရၿပီး ရခိုင္ျပည္နယ္တြင္းနဲ႔ ၿမိဳ႕ေပၚေတြကို သြားလာခြင့္ ပိတ္ပင္ခံထားၾက ရပါတယ္။ အခုလို ႏွစ္နဲ႔ခ်ီၿပီးသြားလာခြင့္ပိတ္ပင္ထားတာေၾကာင့္ စီးပြားေရးနဲ႔ စားဝတ္ေနေရး ပိုၿပီးေတာ့ ခက္ခဲတဲ့အတြက္ လြတ္လြတ္လပ္လပ္ သြားလာခြင့္ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ သတင္းေပးပို႔ထားတာ ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

“က်ေနာ္တို႔အရင္ကလည္း စီးပြားေရး အတူတူလုပ္ခဲ့တယ္။ ၂၀၁၂ မတိုင္ခင္ စစ္ေတြၿမိဳ႕ေပၚမွာလည္း ဆိုင္ဖြင့္တယ္။ အကုန္သြားလို႔လာလို႔ရတယ္။ ရခိုင္ေတြ က်ေနာ္တို႔နဲ႔ဘာမွ ျပႆနာမရွိဘူး။ ဟို႐ြာကိုသြားလိုက္၊ ရခိုင္႐ြာကိုသြားလိုက္။ အဲဒီမွာ ေနခ်င္ရင္လည္းေနလိုက္၊ ေပ်ာ္လိုက္၊ ပြဲေတြ ဘာေတြသြားလိုက္။ ဘာမွ ျပႆနာမရွိဘူး။ ၂၀၁၂ အေရးအခင္းျဖစ္ၿပီးခါမွ က်ေနာ္တို႔က ဒုကၡသည္စခန္းမွာေနရတယ္။ ဘယ္မွလည္း သြားလို႔မရ တခုမွလည္း အဆင္မေျပေတာ့ဘူး။” (ဦးေမာင္ေလး၊ သက္ကယ္ျပင္ဒုကၡသည္စခန္း)


ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္ေတြကို အာဏာပိုင္ေတြက အသြားအလာကန႔္သတ္ထားတာ အခုဆိုရင္ ၁၀ ႏွစ္နီးပါးရွိေနပါၿပီ။ ရခိုင္တိုင္းရင္းသားေတြနဲ႔ မြတ္ဆလင္ေတြၾကား ၂၀၁၂ ခုႏွစ္မွာ ပဋိပကၡေတြ ျဖစ္ပြားခဲ့ၿပီးကတည္းက အိုးအိမ္စြန႔္ခြာ ထြက္ေျပးၾကရတဲ့ မြတ္ဆလင္ေတြဟာ IDP ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရပါတယ္။ အရင္က လြတ္လပ္စြာ သြားလာႏိုင္တဲ့ မြတ္ဆလင္ေတြဟာ ၂၀၁၂ ခုႏွစ္ ပဋိပကၡေနာက္ပိုင္းမွာ သြားလာခြင့္ေတြ ကန႔္သတ္ခံခဲ့ၾကရပါတယ္။ စစ္ေဆးေရးဂိတ္ေစာင့္ေတြကို ေငြေပးၿပီး စခန္းျပင္ထြက္လို႔ရရင္ေတာင္ သြားခ်င္တိုင္းသြားလို႔မရဘူးလို႔ စစ္ေတြၿမိဳ႕ သက္ကယ္ျပင္ ဒုကၡသည္စခန္းက ဦးေမာင္ေလးက ေျပာျပပါတယ္။

“အျပင္သြားမယ္ဆိုရင္ သူတို႔ကို ေျပာရတယ္။ ဟိုဘက္က ႐ြာကိုသြားမယ္၊ ဒီဘက္က႐ြာကို သြားမယ္။ အဲလိုမ်ိဳး ဂိတ္ကေန သြားရင္ေတာ့ ဒဏ္႐ိုက္တယ္။ ပိုက္ဆံေတာင္းတယ္။ သြားလို႔ မရဘူး။ တခါတေလ ဆိုင္ကယ္နဲ႔သြားရင္ ေမာ္ေတာ္ပီေကေတြ ေတြ႔ရင္ သူတို႔က အိတ္ထဲမွာပါတဲ့ပိုက္ဆံေတြ အကုန္ယူတယ္။ ဆိုင္ကယ္သိမ္းတယ္။ စစ္ေဆးေရးဂိတ္ေတြမွာလည္း ကားသြားရင္ ပိုက္ဆံေပးရတယ္။ ဆိုင္ကယ္သြားရင္လည္း ပိုက္ဆံေပးရတယ္။ မြတ္ဆလင္ ႐ြာ အခ်င္းခ်င္းဆိုရင္ေတာ့ အထဲကေန သြားလို႔ရတယ္။ ဂိတ္ေက်ာ္ရင္ေတာ့ ပိုက္ဆံေပးရတယ္။ တရက္မွာ ငါးရာ တေထာင္ အဲလို ေပးရတယ္။”

ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္ေက်း႐ြာေတြ၊ ဒုကၡသည္စခန္းေတြဆီသြားတဲ့လမ္းေတြတိုင္းမွာ စစ္ေဆးေရးဂိတ္ေတြရွိပါတယ္။ မြတ္ဆလင္းေက်း႐ြာ အခ်င္းခ်င္းသြားလို႔ရေပမယ့္ တျခားၿမိဳ႕ေပၚနဲ႔ မြတ္ဆလင္မဟုတ္တဲ့ တျခားေက်း႐ြာေတြကို သြားလာခြင့္ပိတ္ပင္ထားတာျဖစ္ပါတယ္။

မြတ္ဆလင္ဒုကၡသည္စခန္းေတြမွာ ႏွစ္ေတြၾကာလာနဲ႔အမွ် စားဝတ္ေနေရးေတြလည္း ခက္ခဲလာသလို စိတ္ပိုင္းဆိုင္ရာ မြမ္းၾကပ္မႈေတြလည္း ရွိလာတယ္လို႔ စခန္းတြင္ေနထိုင္တဲ့ မြတ္ဆလင္ေတြက ေျပာဆိုၾကပါတယ္။ က်န္းမာေရးအတြက္ ေဆး႐ုံ ေဆးခန္း သြားခ်င္ရင္ေတာင္ အလြယ္တကူ သြားလာလို႔မရဘူးလို႔ စစ္ေတြၿမိဳ႕အျပင္ဘက္မွာရွိတဲ့ ေခါင္ဒူကၠာ ဒုကၡသည္စခန္းက ေဒၚစႏၵာဦးက ေျပာပါတယ္။

“ကေလးေတြ ေနမေကာင္းျဖစ္ရင္ ေဆး႐ုံကို ခ်က္ခ်င္းသြားလို႔မရဘူး။ မိန္းကေလးတေယာက္ ကေလးေမြးမယ္ဆိုရင္ ခ်က္ခ်င္း သြားလို႔မရဘူး။ မွတ္ပုံတင္ မရွိဘူး၊ ေနာက္ၿပီးေတာ့ မြတ္ဆလင္ဘာသာဝင္ေတြ တေယာက္မွမရွိဘူး။ အဲဒါေၾကာင့္လည္း မသြားၾကဘူး။ မွတ္ပုံတင္လည္းမရွိေတာ့ ေၾကာက္တယ္။ အရင္ကဆိုရင္ေတာ့ မွတ္ပုံတင္မရွိရင္လည္း သြားလို႔ရ ပါတယ္။”

“အျပင္သြားမယ္ဆိုရင္ သူတို႔ကို ေျပာရတယ္။ ဂိတ္ကေန သြားရင္ေတာ့ ဒဏ္႐ိုက္တယ္။ ပိုက္ဆံေတာင္းတယ္။ သြားလို႔ မရဘူး။ တခါတေလ ဆိုင္ကယ္နဲ႔သြားရင္ ေမာ္ေတာ္ပီေကေတြ ေတြ႔ရင္ သူတို႔က အိတ္ထဲမွာပါတဲ့ပိုက္ဆံေတြ အကုန္ယူတယ္။ ဆိုင္ကယ္သိမ္းတယ္။ စစ္ေဆးေရးဂိတ္ေတြမွာလည္း ကားသြားရင္ ပိုက္ဆံေပးရတယ္။ ဆိုင္ကယ္သြားရင္လည္း ပိုက္ဆံေပးရတယ္။ မြတ္ဆလင္႐ြာ အခ်င္းခ်င္းဆိုရင္ေတာ့ အထဲကေန သြားလို႔ရတယ္။ ဂိတ္ေက်ာ္ရင္ေတာ့ ပိုက္ဆံေပးရတယ္။ တရက္မွာ ငါးရာ တေထာင္ အဲလို ေပးရတယ္။” (ဦးေမာင္ေလး၊ သက္ကယ္ျပင္ဒုကၡသည္စခန္း)


အရင္က ရခိုင္ျပည္နယ္မွာ မြတ္ဆလင္ေတြနဲ႔အေနနဲ႔ လြတ္လပ္စြာသြား လာခြင့္ရခဲ့သလို ရခိုင္လူမ်ိဳးေတြနဲ႔ အတူတူ စီးပြားေရးေတြ လုပ္ကိုင္ခဲ့ၾကၿပီး ပြဲလမ္းသဘင္ေတြ သြားလာခြင့္ေပမယ့္ အခုလို ႏွစ္ေပါင္းမ်ားစြာကန႔္သတ္ခံရတာေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္တယ္လို႔လည္း ဦးေမာင္ေလးကေျပာပါတယ္။

“က်ေနာ္တို႔အရင္ကလည္း စီးပြားေရး အတူတူလုပ္ခဲ့တယ္။ အရင္က ၂၀၁၂ မတိုင္ခင္ အေရးအခင္းမျဖစ္ခင္ စစ္ေတြၿမိဳ႕ ေပၚမွာလည္း ဆိုင္ေတြဘာေတြ ဖြင့္တယ္။ အကုန္သြားလို႔ လာလို႔ ရတယ္။ ရခိုင္ေတြ က်ေနာ္တို႔နဲ႔ဘာမွ ျပႆနာမရွိဘူး။ ေနာက္ ဟို႐ြာကို သြားလိုက္၊ ရခိုင္႐ြာကို သြားလိုက္။ အဲဒီမွာ ေနခ်င္ရင္လည္း ေနလိုက္၊ ေပ်ာ္လိုက္၊ ပြဲေတြ ဘာေတြသြားလိုက္။ ဘာမွ ျပႆနာမရွိဘူး။ အခု ၂၀၁၂ အေရးအခင္း ျဖစ္ၿပီးခါမွ က်ေနာ္တို႔က ဒုကၡသည္စခန္းမွာ ေနရတယ္။ ဘယ္မွလည္း သြားလို႔မရ တခုမွလည္း အဆင္မေျပေတာ့ဘူး။”

အာဏာပိုင္ေတြဘက္ကေတာ့ မြတ္ဆလင္ေတြကို ေသခ်ာစိစစ္ၿပီး အေထာက္အထားခိုင္လုံတဲ့သူေတြကို ႏိုင္ငံသား စိစစ္ေရးကဒ္ေတြ ထုတ္ေပးၿပီး သြားလာခြင့္ေပးထားတာေတြ ရွိေပမယ့္ မြတ္ဆလင္ေတာ္ေတာ္မ်ားမ်ားကေတာ့ ႏိုင္ငံသားစိစစ္ေရးကဒ္ေတြ မရရွိၾကတာလည္းျဖစ္ပါတယ္။ ဒီႏိုင္ငံမွာေမြးၿပီး ဒီႏိုင္ငံမွာ ႀကီးလာေပမယ့္ ႏိုင္ငံသားစိစစ္ေရးကဒ္မရသလို အသြားအလာကန႔္ သတ္ခံထားရတာကို ဝမ္းနည္းမိတယ္လို႔လည္း သက္ကယ္ျပင္ဒုကၡသည္စခန္းက ဦးေမာင္ေလးက ေျပာပါတယ္။

“က်ေနာ္တို႔က အဓိက ဘာလဲဆိုေတာ့ ႏိုင္ငံသား စိစစ္ေရးကဒ္မရေတာ့ ဘယ္လိုမွ အဆင္မေျပဘူး။ သြားလို႔မရဘူး။ ကန႔္သတ္ထားတယ္။ လုံးဝ မသြားရဘူး။ က်ေနာ္တို႔ အခုဆိုရင္ ၉ ႏွစ္နီးပါးရွိေနၿပီ။ က်ေနာ္တို႔ မြတ္ဆလင္ေတြက ဒီႏိုင္ငံမွာ ေနတယ္။ ဒီႏိုင္ငံကေရကိုေသာက္တယ္။ ၿပီးေတာ့ ဒီႏိုင္ငံမွာပဲ ေမြးဖြားလာတာဆိုေတာ့ က်ေနာ္တို႔ အဲဒါ ဝမ္းနည္းပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း ကုန္ေဈးႏႈန္းေတြ စက္သုံးဆီေဈးႏႈန္းေတြနဲ႔ တက္လာေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရး ပိုၿပီးခက္ခဲေနၾကပါတယ္။ တႏိုင္ငံလုံး ကုန္ေဈးႏႈန္းေတြ တက္လာေနတယ္ဆိုေပမယ့္ အသြားအလာကန႔္သတ္ခံထားရတဲ့ မြတ္ဆလင္ေတြအေနနဲ႔ ပိုၿပီးေတာ့ စားဝတ္ေနေရး ၾကပ္တည္းလာတယ္လို႔လည္း မြတ္ဆလင္ေတြက ေျပာဆိုၾကပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

ရခိုင်ပြည်တွင်း နှစ်ချီကြာသွားလာခွင့်ပိတ်ပင်ကန့်သတ်ခံရသူများရှိနေဆဲ

ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ပဋိပက္ခတွေ စတင်ဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းထဲက မွတ်ဆလင်တွေကို အသွားအလာ ကန့်သတ်ခံထားတာ အခုဆိုရင် ဆယ်စုနှစ် တခုနီးပါးရှိနေပါပြီ။ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်အများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပြီး ရခိုင်ပြည်နယ်တွင်းနဲ့ မြို့ပေါ်တွေကို သွားလာခွင့် ပိတ်ပင်ခံထားကြ ရပါတယ်။ အခုလို နှစ်နဲ့ချီပြီးသွားလာခွင့်ပိတ်ပင်ထားတာကြောင့် စီးပွားရေးနဲ့ စားဝတ်နေရေး ပိုပြီးတော့ ခက်ခဲတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ သတင်းပေးပို့ထားတာ ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

“ကျနော်တို့အရင်ကလည်း စီးပွားရေး အတူတူလုပ်ခဲ့တယ်။ ၂၀၁၂ မတိုင်ခင် စစ်တွေမြို့ပေါ်မှာလည်း ဆိုင်ဖွင့်တယ်။ အကုန်သွားလို့လာလို့ရတယ်။ ရခိုင်တွေ ကျနော်တို့နဲ့ဘာမှ ပြဿနာမရှိဘူး။ ဟိုရွာကိုသွားလိုက်၊ ရခိုင်ရွာကိုသွားလိုက်။ အဲဒီမှာ နေချင်ရင်လည်းနေလိုက်၊ ပျော်လိုက်၊ ပွဲတွေ ဘာတွေသွားလိုက်။ ဘာမှ ပြဿနာမရှိဘူး။ ၂၀၁၂ အရေးအခင်းဖြစ်ပြီးခါမှ ကျနော်တို့က ဒုက္ခသည်စခန်းမှာနေရတယ်။ ဘယ်မှလည်း သွားလို့မရ တခုမှလည်း အဆင်မပြေတော့ဘူး။” (ဦးမောင်လေး၊ သက်ကယ်ပြင်ဒုက္ခသည်စခန်း)


ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေကို အာဏာပိုင်တွေက အသွားအလာကန့်သတ်ထားတာ အခုဆိုရင် ၁၀ နှစ်နီးပါးရှိနေပါပြီ။ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေကြား ၂၀၁၂ ခုနှစ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မွတ်ဆလင်တွေဟာ IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ အရင်က လွတ်လပ်စွာ သွားလာနိုင်တဲ့ မွတ်ဆလင်တွေဟာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းမှာ သွားလာခွင့်တွေ ကန့်သတ်ခံခဲ့ကြရပါတယ်။ စစ်ဆေးရေးဂိတ်စောင့်တွေကို ငွေပေးပြီး စခန်းပြင်ထွက်လို့ရရင်တောင် သွားချင်တိုင်းသွားလို့မရဘူးလို့ စစ်တွေမြို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းက ဦးမောင်လေးက ပြောပြပါတယ်။

“အပြင်သွားမယ်ဆိုရင် သူတို့ကို ပြောရတယ်။ ဟိုဘက်က ရွာကိုသွားမယ်၊ ဒီဘက်ကရွာကို သွားမယ်။ အဲလိုမျိုး ဂိတ်ကနေ သွားရင်တော့ ဒဏ်ရိုက်တယ်။ ပိုက်ဆံတောင်းတယ်။ သွားလို့ မရဘူး။ တခါတလေ ဆိုင်ကယ်နဲ့သွားရင် မော်တော်ပီကေတွေ တွေ့ရင် သူတို့က အိတ်ထဲမှာပါတဲ့ပိုက်ဆံတွေ အကုန်ယူတယ်။ ဆိုင်ကယ်သိမ်းတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း ကားသွားရင် ပိုက်ဆံပေးရတယ်။ ဆိုင်ကယ်သွားရင်လည်း ပိုက်ဆံပေးရတယ်။ မွတ်ဆလင် ရွာ အချင်းချင်းဆိုရင်တော့ အထဲကနေ သွားလို့ရတယ်။ ဂိတ်ကျော်ရင်တော့ ပိုက်ဆံပေးရတယ်။ တရက်မှာ ငါးရာ တထောင် အဲလို ပေးရတယ်။”

ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်ကျေးရွာတွေ၊ ဒုက္ခသည်စခန်းတွေဆီသွားတဲ့လမ်းတွေတိုင်းမှာ စစ်ဆေးရေးဂိတ်တွေရှိပါတယ်။ မွတ်ဆလင်းကျေးရွာ အချင်းချင်းသွားလို့ရပေမယ့် တခြားမြို့ပေါ်နဲ့ မွတ်ဆလင်မဟုတ်တဲ့ တခြားကျေးရွာတွေကို သွားလာခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။

မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ နှစ်တွေကြာလာနဲ့အမျှ စားဝတ်နေရေးတွေလည်း ခက်ခဲလာသလို စိတ်ပိုင်းဆိုင်ရာ မွမ်းကြပ်မှုတွေလည်း ရှိလာတယ်လို့ စခန်းတွင်နေထိုင်တဲ့ မွတ်ဆလင်တွေက ပြောဆိုကြပါတယ်။ ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်း သွားချင်ရင်တောင် အလွယ်တကူ သွားလာလို့မရဘူးလို့ စစ်တွေမြို့အပြင်ဘက်မှာရှိတဲ့ ခေါင်ဒူက္ကာ ဒုက္ခသည်စခန်းက ဒေါ်စန္ဒာဦးက ပြောပါတယ်။

“ကလေးတွေ နေမကောင်းဖြစ်ရင် ဆေးရုံကို ချက်ချင်းသွားလို့မရဘူး။ မိန်းကလေးတယောက် ကလေးမွေးမယ်ဆိုရင် ချက်ချင်း သွားလို့မရဘူး။ မှတ်ပုံတင် မရှိဘူး၊ နောက်ပြီးတော့ မွတ်ဆလင်ဘာသာဝင်တွေ တယောက်မှမရှိဘူး။ အဲဒါကြောင့်လည်း မသွားကြဘူး။ မှတ်ပုံတင်လည်းမရှိတော့ ကြောက်တယ်။ အရင်ကဆိုရင်တော့ မှတ်ပုံတင်မရှိရင်လည်း သွားလို့ရ ပါတယ်။”

အရင်က ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေနဲ့အနေနဲ့ လွတ်လပ်စွာသွား လာခွင့်ရခဲ့သလို ရခိုင်လူမျိုးတွေနဲ့ အတူတူ စီးပွားရေးတွေ လုပ်ကိုင်ခဲ့ကြပြီး ပွဲလမ်းသဘင်တွေ သွားလာခွင့်ပေမယ့် အခုလို နှစ်ပေါင်းများစွာကန့်သတ်ခံရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း ဦးမောင်လေးကပြောပါတယ်။

“ကျနော်တို့အရင်ကလည်း စီးပွားရေး အတူတူလုပ်ခဲ့တယ်။ အရင်က ၂၀၁၂ မတိုင်ခင် အရေးအခင်းမဖြစ်ခင် စစ်တွေမြို့ ပေါ်မှာလည်း ဆိုင်တွေဘာတွေ ဖွင့်တယ်။ အကုန်သွားလို့ လာလို့ ရတယ်။ ရခိုင်တွေ ကျနော်တို့နဲ့ဘာမှ ပြဿနာမရှိဘူး။ နောက် ဟိုရွာကို သွားလိုက်၊ ရခိုင်ရွာကို သွားလိုက်။ အဲဒီမှာ နေချင်ရင်လည်း နေလိုက်၊ ပျော်လိုက်၊ ပွဲတွေ ဘာတွေသွားလိုက်။ ဘာမှ ပြဿနာမရှိဘူး။ အခု ၂၀၁၂ အရေးအခင်း ဖြစ်ပြီးခါမှ ကျနော်တို့က ဒုက္ခသည်စခန်းမှာ နေရတယ်။ ဘယ်မှလည်း သွားလို့မရ တခုမှလည်း အဆင်မပြေတော့ဘူး။”

“အပြင်သွားမယ်ဆိုရင် သူတို့ကို ပြောရတယ်။ ဂိတ်ကနေ သွားရင်တော့ ဒဏ်ရိုက်တယ်။ ပိုက်ဆံတောင်းတယ်။ သွားလို့ မရဘူး။ တခါတလေ ဆိုင်ကယ်နဲ့သွားရင် မော်တော်ပီကေတွေ တွေ့ရင် သူတို့က အိတ်ထဲမှာပါတဲ့ပိုက်ဆံတွေ အကုန်ယူတယ်။ ဆိုင်ကယ်သိမ်းတယ်။ စစ်ဆေးရေးဂိတ်တွေမှာလည်း ကားသွားရင် ပိုက်ဆံပေးရတယ်။ ဆိုင်ကယ်သွားရင်လည်း ပိုက်ဆံပေးရတယ်။ မွတ်ဆလင်ရွာ အချင်းချင်းဆိုရင်တော့ အထဲကနေ သွားလို့ရတယ်။ ဂိတ်ကျော်ရင်တော့ ပိုက်ဆံပေးရတယ်။ တရက်မှာ ငါးရာ တထောင် အဲလို ပေးရတယ်။” (ဦးမောင်လေး၊ သက်ကယ်ပြင်ဒုက္ခသည်စခန်း)


အာဏာပိုင်တွေဘက်ကတော့ မွတ်ဆလင်တွေကို သေချာစိစစ်ပြီး အထောက်အထားခိုင်လုံတဲ့သူတွေကို နိုင်ငံသား စိစစ်ရေးကဒ်တွေ ထုတ်ပေးပြီး သွားလာခွင့်ပေးထားတာတွေ ရှိပေမယ့် မွတ်ဆလင်တော်တော်များများကတော့ နိုင်ငံသားစိစစ်ရေးကဒ်တွေ မရရှိကြတာလည်းဖြစ်ပါတယ်။ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးလာပေမယ့် နိုင်ငံသားစိစစ်ရေးကဒ်မရသလို အသွားအလာကန့် သတ်ခံထားရတာကို ဝမ်းနည်းမိတယ်လို့လည်း သက်ကယ်ပြင်ဒုက္ခသည်စခန်းက ဦးမောင်လေးက ပြောပါတယ်။

“ကျနော်တို့က အဓိက ဘာလဲဆိုတော့ နိုင်ငံသား စိစစ်ရေးကဒ်မရတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သွားလို့မရဘူး။ ကန့်သတ်ထားတယ်။ လုံးဝ မသွားရဘူး။ ကျနော်တို့ အခုဆိုရင် ၉ နှစ်နီးပါးရှိနေပြီ။ ကျနော်တို့ မွတ်ဆလင်တွေက ဒီနိုင်ငံမှာ နေတယ်။ ဒီနိုင်ငံကရေကိုသောက်တယ်။ ပြီးတော့ ဒီနိုင်ငံမှာပဲ မွေးဖွားလာတာဆိုတော့ ကျနော်တို့ အဲဒါ ဝမ်းနည်းပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကုန်ဈေးနှုန်းတွေ စက်သုံးဆီဈေးနှုန်းတွေနဲ့ တက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး ပိုပြီးခက်ခဲနေကြပါတယ်။ တနိုင်ငံလုံး ကုန်ဈေးနှုန်းတွေ တက်လာနေတယ်ဆိုပေမယ့် အသွားအလာကန့်သတ်ခံထားရတဲ့ မွတ်ဆလင်တွေအနေနဲ့ ပိုပြီးတော့ စားဝတ်နေရေး ကြပ်တည်းလာတယ်လို့လည်း မွတ်ဆလင်တွေက ပြောဆိုကြပါတယ်ခင်ဗျာ။

#RakhineConflict #Rakhine #VOABurmes

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG