သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကနေ ရန်ကုန်သွားဖို့ကြိုးစားတဲ့ မွတ်ဆလင် ၁၅ ဦး အမ်းမြို့နယ်တွင်း အဖမ်းခံရ 


citizenship
citizenship


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုသွားဖို့ကြိုးစားတဲ့ မွတ်ဆလင် ၁၅ ဦးကို အမ်းမြို့နယ်ထဲက စပ်စီ ကျေးရွာအုပ်စုအတွင်းမှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မွတ်ဆလင်တွေဟာ စစ်တွေနဲ့ ဘူးသီးတောင်မြို့နယ်တို့ကဖြစ်ပြီး တောလမ်းကနေ ရန်ကုန်ကို သွားတာဖြစ်တယ်လို့လည်း အမ်း မြို့မ စခန်းမှူးကပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူ တွေဆီ လွှဲထားတယ်လို့ပြောပါတယ်။ ဒီကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အသွားအလာ ကန့်သတ်ခံထားရတဲ့ မွတ်ဆလင်တွေဟာ နှစ်စဉ် ပွင့်လင်း ရာသီရောက်လာပြီဆိုရင် အလုပ်အကိုင် အခွင့်အလန်းတွေရှာဖို့ ရန်ကုန်အပါအဝင် တခြားပြည်ပ နိုင်ငံတွေဆီ ထွက်ဖို့ ကြိုးစားကြလေ့ရှိပါတယ်။ အဲဒီလို ထွက်ဖို့ကြိုစားတဲ့ မွတ်ဆလင် ၁၅ ဦးကို အမ်းမြို့နယ်အတွင်းက စပ်စီကျေးရွာအုပ်စုအတွင်းမှာ ဇွန်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ဖမ်းဆီး ရမိခဲ့တယ်လို့ အမ်းမြို့မ ရဲစခန်းမှူး ဦးမျိုးကြည်ကပြောပါတယ်။

“ကျား ၁၃ ဦး မ ၂ ဦး စပ်စီကျေးရွာမှာဖမ်းမိတာ၊ ရန်ကုန်ကိုသွားမလို့ တောလမ်းကနေလာကြတာ၊ စစ်တွေမြို့နယ်ကလည်းပါ တယ်၊ ဘူးသီးတောင်မြို့နယ်ကလည်း ပါတယ်ဗျာ၊ လဝက ကနေပြီးတော့ ဥပဒေနဲ့အညီအရေးယူမှာပေါ့။”

မနေ့က ဖမ်းဆီးရမိတဲ့ မွတ်ဆလင်တွေဟာ စစ်တွေမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေကဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို တောလမ်းတွေကနေဖြတ်ပြီး သွားကြတာဖြစ်တယ်လို့ လည်း အမ်း မြို့မစခန်းမှူးကပြောပါတယ်။

အမ်းမြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်အတွင်း အခုလို ရခိုင်ပြည်နယ်ကနေ ပြည်မနဲ့ တခြား ပြည်ပ နိုင်ငံတွေကို ထွက်သွားဖို့ကြိုးစား တဲ့ မွတ်ဆလင်တွေကို အမ်းမြို့နယ်အတွင်းမှာဖမ်းမိတာ ၄ ကြိမ် ထက်မနည်း ရှိသွားပြီလို့လည်း အမ်း မြို့မရဲစခန်းမှူး ဦးမျိုးကြည် ကပြောပါတယ်။

“ ဒီနှစ်အတွင်းဆိုရင်တော့ လေးငါးကြိမ်လောက်တော့ ရှိမယ်ဗျာ။”

ဗုဒ္ဓဟူးနေ့ကဖမ်းမိတဲ့ မွတ်ဆလင်တွေကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေဆီမှာ အပ်ထားတယ် လို့လည်း အမ်း မြို့မစခန်းမှူး ဦးမျိုးကြည်ကပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ မွတ်ဆလင်တွေကို ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာ သိရဖို့ အမ်းမြို့နယ် လဝက တာဝန်ရှိသူကို ဗွီအိုအေက မေးမြန်းခဲ့ပေမယ့် ဖြေဆိုခဲ့တာမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့ စားဝတ် နေရေးအတွက် ပြည်ပနိုင်ငံတွေဆီထွက်သွားဖို့ မကြာခဏဆိုသလို ကြိုးစားလေ့ရှိပါတယ်။ အခုလို လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင်သွားကြသူတွေထဲကတချို့ မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းဆီးခံ ရတာရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေထဲမှာ ဖမ်းဆီးခံရတာမျိုး တွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အကုန်ပိုင်းလောက်ကလည်း ရခိုင်ပြည်နယ်ကနေ တခြား ပြည်တွင်းပြည်ပ နိုင်ငံတွေဆီ ထွက်ဖို့ကြိုးစားကြတဲ့ မွတ်ဆလင် ရာနဲ့ချီ ဖမ်းဆီးခံရပြီး အဲဒီထဲကတချို့ လဝက ဥပဒေတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကိုတော့ ပြန်လွှတ်ပေးခဲ့ တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========


[[Unicode]]












==========

XS
SM
MD
LG