သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္က နယ္စပ္တိုက္ပြဲမ်ား


ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AA

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ ၾသဂုတ္လကုန္မွာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားမွတ္တိုင္အမွတ္ BP (၄၀) မွာ ေနရာယူထားတဲ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ကို AA ရခိုင္တပ္ေတာ္က တိုက္ထုတ္လိုက္တဲ့အတြက္ နယ္ျခားစခန္း ျပန္လည္ရရွိေရးအတြက္ စစ္ေကာင္စီဘက္က ေဆာင္႐ြက္ေနေၾကာင္း စက္တင္ဘာလ (၂) ရက္ေန႔ထုတ္ ျမန္မာ့အလင္းသတင္းစာမွာ ေျမပုံနဲ႔ ေဖာ္ျပပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲျပင္းထန္လာတဲ့အတြက္ စစ္ေကာင္စီတပ္က AA နဲ႔ တိုက္႐ိုက္ဆက္သြယ္ေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကိုေျပာေၾကာင္း စက္တင္ဘာလ (၂) ရက္ေန႔က ကိုၿငိမ္းခ်မ္းေပးပို႔တဲ့ သတင္းလႊာမွာ ေဖာ္ျပပါတယ္။

လုံၿခဳံေရးအတြက္ စစ္ေရးအရ တုံ႔ျပန္တာရွိသလို ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ဖို႔လည္း ဆက္သြယ္မႈေတြ လုပ္ေနတယ္လို႔ စစ္ေကာင္စီဘက္က ဆိုပါတယ္။ AA နဲ႔ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA ရဲ႕ လုပ္ငန္းေတြကို စစ္ေကာင္စီက ဝင္ေရာက္ေႏွာက္ယွက္ၿပီး စစ္ေၾကာင္းထိုးလာတဲ့အတြက္ တိုက္ပြဲေတြ ျဖစ္ပြားရတာကို AA ေျပာခြင့္ရပုဂၢိဳလ္ ဦးခိုင္သုခက VOA ကို ေျပာပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ႏွစ္ဆန္းပိုင္းကစၿပီး စစ္ေကာင္စီတပ္နဲ႔ AA တပ္တို႔အၾကား စစ္ေရးတင္းမာလာတဲ့အတြက္ အျပန္အလွန္ဖမ္းဆီးမႈေတြနဲ႔ တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားပါတယ္။

ဘဂၤလားေဒ့ရွ္နယ္စပ္မွာ စစ္ေကာင္စီဟာ နယ္ျခားေစာင့္စခန္း (၇) ခုကို စြန႔္လႊတ္လိုက္ရတယ္လို႔ ဦးခိုင္သုခ ေျပာတာကို စက္တင္ဘာလ (၃) ရက္ထုတ္ DMG အြန္လိုင္းသတင္းမွာ ေဖာ္ျပပါတယ္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္စခန္း (၅) ခုနဲ႔ ေမာင္ေတာၿမိဳ႕နယ္စခန္း (၂) ခုကို AA ရခိုင္တပ္က သိမ္းပိုက္လိုက္တယ္လို႔ စက္တင္ဘာလ (၁၅) ရက္ေန႔ထုတ္ ဧရာဝတီသတင္းမွာ ေဖာ္ျပပါတယ္။ စစ္ေကာင္စီဘက္က ဂ်က္ေလယာဥ္နဲ႔ ရဟတ္ယာဥ္ေတြသုံးၿပီး ျပန္တိုက္ေနတယ္လို႔ ဆိုပါတယ္။ စစ္ေကာင္စီဟာ ေရေၾကာင္း၊ ကုန္ေၾကာင္းကေန စစ္သည္နဲ႔ လက္နက္အင္အား ျဖည့္တင္းေနတာေၾကာင့္ ေနရာအနံွ႔မွာ တိုက္ပြဲႀကီးေတြ ျဖစ္ေပၚလာႏိုင္တယ္လို႔ စက္တင္ဘာလ (၁၄) ရက္မွာ AA ရခိုင္တပ္က သတိေပးစာ ထုတ္ျပန္ထားပါတယ္။ အထက္ပိုင္း အိႏၵိယနယ္စပ္မွာလည္း တိုက္ပြဲျပင္းထန္တယ္လို႔ ဆိုပါတယ္။ နယ္စပ္ကို ခ်ဳပ္ကိုင္ႏိုင္ရင္ အက်ိဳးခံစားရမွာမို႔ ႀကိဳးပမ္းေနၾကတာ ျဖစ္ပုံရပါတယ္။

ေမာင္ေတာအေျခအေနကို ၿခဳံငုံၾကည့္ရင္ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ ULA နဲ႔ AA ရခိုင္တပ္က အုပ္စိုးထားတာ ေတြ႕ရလို႔ ဘာပဲလုပ္လုပ္ AA နဲ႔ ညႇိႏႈိင္းရမယ့္အေျခအေနပဲလို႔ ေမာ္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ေဟာင္း ဦးေမာင္အုန္းေျပာတာကို DMG အြန္လိုင္းသတင္းမွာ ေဖာ္ျပပါတယ္။ လြန္ခဲ့တဲ့ အႏွစ္ (၅၀) ေက်ာ္က တည္ေထာင္ခဲ့တဲ့ ရခိုင္လြတ္ေျမာက္ေရးတပ္၊ ALA နဲ႔ အိႏၵိယျပည္မွာ ၂၀၀၄ ခုႏွစ္က တည္ေထာင္ခဲ့တဲ့ ရခိုင္အမ်ိဳးသားေကာင္စီ ANC ဆိုတဲ့ လက္နက္ကိုင္ေတြ ရွိေပမယ့္ အင္အားဟာ ရာဂဏန္းေလာက္သာ ရွိတာမို႔ စစ္ေကာင္စီကို ယွဥ္ၿပိဳင္ႏိုင္သူဟာ AA ရခိုင္တပ္ေတာ္တခုတည္း ရွိတယ္လို႔ ေျပာႏိုင္ပါတယ္။ AA ဟာ ရခိုင္ျပည္သူလူထု ေထာက္ခံမႈအမ်ားဆုံး ရထားပါတယ္။

ရွစ္ေလးလုံးအေရးေတာ္ပုံ ေနာက္ပိုင္းေပၚထြက္လာတဲ့ ရခိုင္ႏိုင္ငံေရးပါတီေတြနဲ႔ NLD အဖြဲ႕ခ်ဳပ္ၾကား ယုံၾကည္မႈ မတည္ေဆာက္ႏိုင္တာဟာ NLD ရဲ႕ အားနည္းခ်က္တခု ျဖစ္တယ္လို႔ သုေတသီ ကိုေက်ာ္ဆန္းလႈိင္က မွတ္ခ်က္တာကို ၾသဂုတ္လ (၂၂) ရက္ေန႔ထုတ္ USIP စာတမ္းမွာ ေဖာ္ျပပါတယ္။ ALD ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ NLD ကို အျပည့္အဝ ေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲကို NLD က သပိတ္ေမွာက္တဲ့အခါ ပါတီဝင္အခ်ိဳ႕ဟာ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ခြဲထြက္ၿပီး၊ RNDP ရခိုင္အမ်ိဳးသားတိုးတက္ေရးပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲဝင္တဲ့အခါ ေနရာအမ်ားစုကို အႏိုင္ရရွိပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ေဒါက္တာေအးေမာင္ရဲ႕ RNDP နဲ႔ ဦးေအးသာေအာင္ရဲ႕ ALD ပူးေပါင္းၿပီး ရခိုင္အမ်ိဳးသားပါတီ ANP ဖြဲ႕တဲ့အခါ ရခိုင္မွာ အမတ္အမ်ားဆုံး အႏိုင္ရပါတီ ျဖစ္လာပါတယ္။

ဒါေပမဲ့ ANP ရခိုင္အမ်ိဳးသားပါတီဝင္ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ခန႔္ဖို႔ NLD အစိုးရ ျငင္းဆန္တဲ့အခါ ပါတီခ်င္းၿပိဳင္ဆိုင္မႈ ရွိလာၿပီး၊ ANP ပါတီ သုံးပိုင္းကြဲသြားပါတယ္။ ALD ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပန္လည္ေပၚထြက္လာၿပီး ေဒါက္တာေအးေမာင္က AFP - Arakan Front Party ရခိုင္ဦးေဆာင္ပါတီကို တည္ေထာင္ပါတယ္။ NLD ကို မေက်နပ္တဲ့ ရခိုင္ပါတီေတြပါ။ ၂၀၁၈ မွာ AA ရခိုင္တပ္နဲ႔ စစ္တပ္ တိုက္ပြဲျဖစ္တဲ့အခါ NLD အစိုးရဘက္က စစ္တပ္ဘက္က ရပ္တည္ၿပီး၊ AA ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္မဲဆႏၵရွင္ ေလးပုံသုံးပုံေလာက္ မဲေပးခြင့္ ပိတ္ပင္ခံရပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီ တက္လာတဲ့အခါမွာ ေႏြဦးေတာ္လွန္ေရးကို ရခိုင္က ဦးစားမေပးတဲ့အျပင္ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ရွိလာတာ ျဖစ္ပါတယ္။ ANP ပါတီဝင္ ေဒၚေအးႏုစိန္နဲ႔ ဦးေဇာ္ေအးေမာင္တို႔ဟာ စစ္ေကာင္စီဝင္ေတြ ျဖစ္လာပါတယ္။ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရကို NLD နဲ႔ အတူတူပဲလို႔ ANP, ALD, AFP စတဲ့ ရခိုင္ပါတီေတြက သတ္မွတ္ၾကပါတယ္။ ဒါေပမဲ့ AA ရခိုင္တပ္ေတာ္ကို ေထာက္ခံသူ မ်ားလာတာနဲ႔အတူ ႏိုင္ငံေရးပါတီေတြကို ယုံၾကည္သူ နည္းပါးလာပါတယ္။ AA ကေတာ့ NUG နဲ႔ ဆက္ဆံၿပီး ေႏြဦးေတာ္လွန္ေရးကို ကူညီေထာက္ပံ့ေနပုံရပါတယ္။

==Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ သြဂုတ်လကုန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင်အမှတ် BP (၄၀) မှာ နေရာယူထားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို AA ရခိုင်တပ်တော်က တိုက်ထုတ်လိုက်တဲ့အတွက် နယ်ခြားစခန်း ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်က ဆောင်ရွက်နေကြောင်း စက်တင်ဘာလ (၂) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ မြေပုံနဲ့ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ကောင်စီတပ်က AA နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကိုပြောကြောင်း စက်တင်ဘာလ (၂) ရက်နေ့က ကိုငြိမ်းချမ်းပေးပို့တဲ့ သတင်းလွှာမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက် စစ်ရေးအရ တုံ့ပြန်တာရှိသလို ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့လည်း ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။ AA နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ဝင်ရောက်နှောက်ယှက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားရတာကို AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက VOA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ AA တပ်တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီဟာ နယ်ခြားစောင့်စခန်း (၇) ခုကို စွန့်လွှတ်လိုက်ရတယ်လို့ ဦးခိုင်သုခ ပြောတာကို စက်တင်ဘာလ (၃) ရက်ထုတ် DMG အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း (၅) ခုနဲ့ မောင်တောမြို့နယ်စခန်း (၂) ခုကို AA ရခိုင်တပ်က သိမ်းပိုက်လိုက်တယ်လို့ စက်တင်ဘာလ (၁၅) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေသုံးပြီး ပြန်တိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ရေကြောင်း၊ ကုန်ကြောင်းကနေ စစ်သည်နဲ့ လက်နက်အင်အား ဖြည့်တင်းနေတာကြောင့် နေရာအနံှ့မှာ တိုက်ပွဲကြီးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စက်တင်ဘာလ (၁၄) ရက်မှာ AA ရခိုင်တပ်က သတိပေးစာ ထုတ်ပြန်ထားပါတယ်။ အထက်ပိုင်း အိန္ဒိယနယ်စပ်မှာလည်း တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။ နယ်စပ်ကို ချုပ်ကိုင်နိုင်ရင် အကျိုးခံစားရမှာမို့ ကြိုးပမ်းနေကြတာ ဖြစ်ပုံရပါတယ်။

မောင်တောအခြေအနေကို ခြုံငုံကြည့်ရင် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ AA ရခိုင်တပ်က အုပ်စိုးထားတာ တွေ့ရလို့ ဘာပဲလုပ်လုပ် AA နဲ့ ညှိနှိုင်းရမယ့်အခြေအနေပဲလို့ မော်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းပြောတာကို DMG အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က တည်ထောင်ခဲ့တဲ့ ရခိုင်လွတ်မြောက်ရေးတပ်၊ ALA နဲ့ အိန္ဒိယပြည်မှာ ၂၀၀၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ဆိုတဲ့ လက်နက်ကိုင်တွေ ရှိပေမယ့် အင်အားဟာ ရာဂဏန်းလောက်သာ ရှိတာမို့ စစ်ကောင်စီကို ယှဉ်ပြိုင်နိုင်သူဟာ AA ရခိုင်တပ်တော်တခုတည်း ရှိတယ်လို့ ပြောနိုင်ပါတယ်။ AA ဟာ ရခိုင်ပြည်သူလူထု ထောက်ခံမှုအများဆုံး ရထားပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းပေါ်ထွက်လာတဲ့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ NLD အဖွဲ့ချုပ်ကြား ယုံကြည်မှု မတည်ဆောက်နိုင်တာဟာ NLD ရဲ့ အားနည်းချက်တခု ဖြစ်တယ်လို့ သုတေသီ ကိုကျော်ဆန်းလှိုင်က မှတ်ချက်တာကို သြဂုတ်လ (၂၂) ရက်နေ့ထုတ် USIP စာတမ်းမှာ ဖော်ပြပါတယ်။ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ NLD ကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်တဲ့အခါ ပါတီဝင်အချို့ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ခွဲထွက်ပြီး၊ RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အခါ နေရာအများစုကို အနိုင်ရရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင်ရဲ့ RNDP နဲ့ ဦးအေးသာအောင်ရဲ့ ALD ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ဖွဲ့တဲ့အခါ ရခိုင်မှာ အမတ်အများဆုံး အနိုင်ရပါတီ ဖြစ်လာပါတယ်။

ဒါပေမဲ့ ANP ရခိုင်အမျိုးသားပါတီဝင်ကို ပြည်နယ်ဝန်ကြီးချုပ်ခန့်ဖို့ NLD အစိုးရ ငြင်းဆန်တဲ့အခါ ပါတီချင်းပြိုင်ဆိုင်မှု ရှိလာပြီး၊ ANP ပါတီ သုံးပိုင်းကွဲသွားပါတယ်။ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ပေါ်ထွက်လာပြီး ဒေါက်တာအေးမောင်က AFP - Arakan Front Party ရခိုင်ဦးဆောင်ပါတီကို တည်ထောင်ပါတယ်။ NLD ကို မကျေနပ်တဲ့ ရခိုင်ပါတီတွေပါ။ ၂၀၁၈ မှာ AA ရခိုင်တပ်နဲ့ စစ်တပ် တိုက်ပွဲဖြစ်တဲ့အခါ NLD အစိုးရဘက်က စစ်တပ်ဘက်က ရပ်တည်ပြီး၊ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်မဲဆန္ဒရှင် လေးပုံသုံးပုံလောက် မဲပေးခွင့် ပိတ်ပင်ခံရပါတယ်။

ဒါကြောင့် စစ်ကောင်စီ တက်လာတဲ့အခါမှာ နွေဦးတော်လှန်ရေးကို ရခိုင်က ဦးစားမပေးတဲ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ ANP ပါတီဝင် ဒေါ်အေးနုစိန်နဲ့ ဦးဇော်အေးမောင်တို့ဟာ စစ်ကောင်စီဝင်တွေ ဖြစ်လာပါတယ်။ NUG အမျိုးသားညီညွှတ်ရေးအစိုးရကို NLD နဲ့ အတူတူပဲလို့ ANP, ALD, AFP စတဲ့ ရခိုင်ပါတီတွေက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ AA ရခိုင်တပ်တော်ကို ထောက်ခံသူ များလာတာနဲ့အတူ နိုင်ငံရေးပါတီတွေကို ယုံကြည်သူ နည်းပါးလာပါတယ်။ AA ကတော့ NUG နဲ့ ဆက်ဆံပြီး နွေဦးတော်လှန်ရေးကို ကူညီထောက်ပံ့နေပုံရပါတယ်။

XS
SM
MD
LG