သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO တွေတိုက်ခိုက်မှု အရေးပေါ်အကူအညီထိခိုက်


လုံခြုံရေးစိုးရိမ်ရလို့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေနဲ့ ဌာနေဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်လေဆိပ်ကိုပြန်လည် ရောက်ရှိ။ (မတ် ၂၈၊ ၂၀၁၄)
လုံခြုံရေးစိုးရိမ်ရလို့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေနဲ့ ဌာနေဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်လေဆိပ်ကိုပြန်လည် ရောက်ရှိ။ (မတ် ၂၈၊ ၂၀၁၄)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာရှိကြတဲ့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် မကြာသေးခင်တုန်းက တိုက်ခိုက်မှုတွေကြောင့် အရေးပေါ် အကူအညီပေးရေး အစီအစဉ်တွေမှာ အကြီးအကျယ် ထိခိုက်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (OCHA) က သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ၊ အလှမ်းဝေးတဲ့ ကျေးရွာတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် အသက်တွေကို ကယ်တင်နိုင်မယ့် အကူအညီတွေ မပေးနိုင်ဘဲ ဖြစ်နေရတဲ့အကြောင်း ဗုဒ္ဓဟူးနေ့ကပဲ OCHA က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အကူအညီပေးရေးရုံး အဆောက်အဦး တစ်ဒါဇင်ကျော် ထိခိုက် ပျက်စီးခဲ့ရသလို၊ ဝန်ထမ်း ၁၇၀ ကျော်ကိုလည်း ဘေးကင်းရာတွေ ရွှေ့ပြောင်းပေးထားရတဲ့အတွက် အကူအညီပေးရေး အစီအစဉ်တွေမှာ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်းလည်း ကြေညာချက်က ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုလုပ်ငန်း ညှိနှိုင်း ဆောင်ရွက်ရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Renata Dessallien ကတော့ စစ်တွေမြို့မှာ အရင်တပတ်ထဲ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ်မှာသာ သာမက ရခိုင်ပြည်နယ်တွင်းက လူသားချင်း စာနာမှုနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကိုပါ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြစ်တင်ပြောဆိုခဲ့တာပါ။

လတ်တလော အကူအညီပေးရေး အစီအစဉ်တွေမှာ အနှောင့်အယှက်တွေ ကြုံခဲ့ရတဲ့အတွက် ဒုက္ခသည်စခန်းက ကလေးငယ်ပေါင်း ၁ သောင်းခွဲအတွက် စိတ်ပိုင်းနဲ့ လူမှုရေးအရ အထောက်အပံ့တွေ ရပ်ဆိုင်းသွားခဲ့သလို၊ အဟာရချို့တဲ့မှုဒဏ် အပြင်းအထန် ခံစားနေရတဲ့ စစ်တွေမြို့က ကလေးငယ် ၃၀၀ လောက်ရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် အကူအညီတွေလည်း မပေးနိုင်ဘဲ ဖြစ်နေရတယ်လို့လည်း OCHA က ပြောပါတယ်။
XS
SM
MD
LG