သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္အတြင္း PDF နဲ႔ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးမႈတခ်ိဳ႕ရွိ


{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ဆက္စပ္ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးတာေတြရွိသလို တဘက္မွာလည္း တက္ႂကြလႈပ္ရွားသူေတြနဲ႔ စာေရးဆရာေတြကို ဖမ္းဆီးတာေတြရွိေနပါတယ္။ ဒီလအတြင္းမွာပဲ သံတြဲၿမိဳ႕နယ္က ၂ ဦးနဲ႔ ေျမာက္ဦးၿမိဳ႕နယ္က လူငယ္စာေရးဆရာတဦး ဖမ္းဆီးခံထားရတယ္လို႔ ဖမ္းဆီးခံမိသားစုဝင္ေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ဆက္ စပ္ဖမ္းဆီးထားသူေတြကို ျပန္လြတ္ေပးတာေတြရွိသလို တစ္ဖက္မွာလည္း တက္ႂကြလႈပ္ ရွားသူေတြနဲ႔ စာေရးဆရာေတြကို ဖမ္းဆီးမႈေတြရွိေနပါတယ္။

ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္ ဂ်ိဳက္ေတာရပ္ကြက္က လူမႈေရးတက္ႂကြလႈပ္ရွားသူ ကိုစိန္ခ်စ္ေခၚ ကိုေအာင္ေဇာ္လင္းကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ PDF နဲ႔ ဆက္စပ္တယ္လို႔ေျပာၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၉ ရက္ေန႔က ေနအိမ္ကေန ဖမ္းဆီးေခၚ ေဆာင္သြားတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ကိုစိန္ခ်စ္ကို ဘာေၾကာင့္ဖမ္းတယ္ဆိုတာ တိတိက်က် မသိရေသးေပမယ့္ အာဏာပိုင္ေတြ ေျပာသလို ကိုစိန္ခ်စ္ဟာ PDF နဲ႔ ပတ္သတ္မႈမရွိဘူးလို႔လည္း ကိုစိန္ခ်စ္ရဲ႕ ညီမျဖစ္သူကေျပာပါတယ္။

“ဝမ္းနည္းတာေပါ့။ ကိုယ့္ရဲ႕အစ္ကိုဆိုေတာ့ ဝမ္းနည္းတာေပါ့။ အစ္ကိုက ပရဟိတသမားဆိုေတာ့ ဒီကိစၥမ်ိဳးကို လုပ္ျဖစ္ခဲ့ရင္ေတာင္ PDF ဆိုတာ သိခ်င္မွလည္းသိမွာ။ ပရဟိတသမားဆိုေတာ့ လူျဖဴ လူနီ လူဝါ အကုန္ သူကကူညီမွာပဲေလ။ သူ႔ကို အကူအညီေတာင္းရင္ေတာ့ ပရဟိတစိတ္ဓာတ္နဲ႔ သူသည္ လုပ္ခဲ့မွာပဲ။ ဒါေပမယ့္ သူသည္ PDF နဲ႔ ဆက္စပ္တယ္။ ပါဝင္ပတ္သက္တယ္ဆိုတာ လုံးဝမဟုတ္ ဆိုတာ အႂကြင္းမဲ့ ယုံၾကည္တယ္။ ဘာေၾကာင့္ဆိုေတာ့ ညီမတို႔က ရခိုင္အဖြဲ႔အစည္းျဖစ္တယ္။ ဒီလိုမ်ိဳး PDF ကို အားေပးတဲ့ သူလည္းမဟုတ္တဲ့အတြက္ မိသားစု မ်ိဳးႏြယ္ လုံးဝကို ပတ္သက္မႈမရွိဘူးဆိုတာ လုံးဝအာမခံႏို္င္တယ္။ ဒါက ညီမတေယာက္ အေနနဲ႔ ေျပာတာေပါ့ေနာ္။”

ဒါအျပင့္ ကိုစိန္ခ်စ္ဖမ္းဆီးခံရၿပီးေနာက္ပိုင္းမွာ ကိုစိန္ခ်စ္နဲ႔ အတူတြဲၿပီး လူမႈေရး လုပ္ငန္းေတြ လုပ္ကိုင္ဖူးတဲ့ သံတြဲၿမိဳ႕နယ္ လင္းသာရပ္ကြက္က ကိုရဲႏိုင္ဦးကိုလည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၃ ရက္ေန႔က ရဲစခန္းက လာေရာက္ဖမ္းဆီးသြားပါတယ္။

လက္ရွိမွာေတာ့ သူတို႔ႏွစ္ဦးကို သံတြဲ ၿမိဳ႕မရဲစခန္းမွာ ထိန္သိမ္းထားၿပီး အၾကမ္းဖက္ပုဒ္မေတြနဲ႔ အမႈဖြင့္ထားတယ္လို႔ သံတြဲၿမိဳ႕မစခန္းမႉးက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ကိုေတာ့ အမႈဖြင့္ထားတာေတာ့ရွိပါတယ္။ တရားမစြဲရေသးပါဘူး။ အၾကမ္းဖက္ ပုဒ္မေတြနဲ႔ အမႈဖြင့္ထားတာပါ။ ရဲစခန္းထဲမွာ ရွိပါတယ္။”

ဒါ့အျပင္ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက လူငယ္စာေရးဆရာ မင္းဒီပါကိုလည္း ျပည္သူ႔ကာကြယ္ေရးတပ္ PDF နဲ႔ဆက္စပ္တယ္ဆိုၿပီး ေအာက္တိုဘာလ ၁၅ ရက္ေန႔က ေျမာက္ဦးရဲစခန္းက လာေရာက္ဖမ္းဆီးသြားတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။ သူ႔ကို ေျမာက္ဦးၿမိဳ႕မရဲစခန္းမွာ ထိမ္းသိမ္းထားေပမယ့္၊ မိသားစုေတြနဲ႔ ေတြ႔ခြင့္မရေသးဘူလို႔သိရပါတယ္။ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (ည)နဲ႔ တရားစြဲထားတယ္ဆိုတာေလာက္ေတာ့ သိရတယ္လို႔ လည္း ဖမ္းဆီးခံထားရတဲ့ မင္းဒီပါရဲ႕ အစ္ကို ကိုေအာင္ျမင့္ကေျပာပါတယ္။

“သူတို႔ေျပာတာ မင္းညီကို အေပၚကေန အမိန႔္ရလို႔ဖမ္းတာ မင္းညီကို ေကာင္းေကာင္း မြန္မြန္ထားတာ။ အဲလိုပဲေျပာတယ္။ ဖမ္းသြားတဲ့ လူကေျပာတာ။ သူ႔ကို ခ်ဳပ္ရက္ ရမာန္ယူတဲ့ေန႔ကေတာ့ တရား႐ုံးကို သြားတယ္။ တရားသူႀကီးနဲ႔ေတြ႔ၿပီး ေမးၾကည့္ေတာ့ ၅၀ ညနဲ႔ စြဲထားတယ္လို႔ပဲ သိရတယ္။”

လူငယ္စာေရးဆရာမင္းဒီပါဖမ္းဆီးခံထားရတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ေျမာက္ဦးၿမိဳ႕ မရဲစခန္းကို ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔မရရွိခဲ့ပါဘူး။ ရခိုင္ျပည္နယ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ဆန႔္က်င္လႈပ္ရွားတာေတြလည္း မရွိသေလာက္နည္းပါးခဲ့သလို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ PDF လႈပ္ရွားမႈဆို တာလည္း အခု အခ်ိန္ထိ မရွိပါဘူး။

ၿပီးခဲ့တဲ့ ႏွစ္ေတြက တိုက္ပြဲအႀကီးအက်ယ္ျဖစ္ခဲ့တဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြရပ္တန႔္ေနတာလည္း အခုဆိုရင္ တႏွစ္နီးပါးရွိ လာေနတာလည္းျဖစ္ပါတယ္။ ဒီအလိုအခ်ိန္မ်ိဳးမွာပဲ အာဏာပိုင္ေတြကဘက္က ရခိုင္ျပည္နယ္အတြင္းမွာ ေဒသခံေတြကို ဖမ္းဆီးၿပီး အၾကမ္းဖက္ပုဒ္မေတြနဲ႔ အေရးယူေနတာလည္းျဖစ္ပါတယ္။

==========

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရခိုင်ပြည်နယ်အတွင်း PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတချို့ရှိ

ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာတွေရှိသလို တဘက်မှာလည်း တက်ကြွလှုပ်ရှားသူတွေနဲ့ စာရေးဆရာတွေကို ဖမ်းဆီးတာတွေရှိနေပါတယ်။ ဒီလအတွင်းမှာပဲ သံတွဲမြို့နယ်က ၂ ဦးနဲ့ မြောက်ဦးမြို့နယ်က လူငယ်စာရေးဆရာတဦး ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံမိသားစုဝင်တွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက် စပ်ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးတာတွေရှိသလို တစ်ဖက်မှာလည်း တက်ကြွလှုပ် ရှားသူတွေနဲ့ စာရေးဆရာတွေကို ဖမ်းဆီးမှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိုက်တောရပ်ကွက်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်ခေါ် ကိုအောင်ဇော်လင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်စပ်တယ်လို့ပြောပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ကိုစိန်ချစ်ကို ဘာကြောင့်ဖမ်းတယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် အာဏာပိုင်တွေ ပြောသလို ကိုစိန်ချစ်ဟာ PDF နဲ့ ပတ်သတ်မှုမရှိဘူးလို့လည်း ကိုစိန်ချစ်ရဲ့ ညီမဖြစ်သူကပြောပါတယ်။

“ဝမ်းနည်းတာပေါ့။ ကိုယ့်ရဲ့အစ်ကိုဆိုတော့ ဝမ်းနည်းတာပေါ့။ အစ်ကိုက ပရဟိတသမားဆိုတော့ ဒီကိစ္စမျိုးကို လုပ်ဖြစ်ခဲ့ရင်တောင် PDF ဆိုတာ သိချင်မှလည်းသိမှာ။ ပရဟိတသမားဆိုတော့ လူဖြူ လူနီ လူဝါ အကုန် သူကကူညီမှာပဲလေ။ သူ့ကို အကူအညီတောင်းရင်တော့ ပရဟိတစိတ်ဓာတ်နဲ့ သူသည် လုပ်ခဲ့မှာပဲ။ ဒါပေမယ့် သူသည် PDF နဲ့ ဆက်စပ်တယ်။ ပါဝင်ပတ်သက်တယ်ဆိုတာ လုံးဝမဟုတ် ဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်။ ဘာကြောင့်ဆိုတော့ ညီမတို့က ရခိုင်အဖွဲ့အစည်းဖြစ်တယ်။ ဒီလိုမျိုး PDF ကို အားပေးတဲ့ သူလည်းမဟုတ်တဲ့အတွက် မိသားစု မျိုးနွယ် လုံးဝကို ပတ်သက်မှုမရှိဘူးဆိုတာ လုံးဝအာမခံနိုင်တယ်။ ဒါက ညီမတယောက် အနေနဲ့ ပြောတာပေါ့နော်။”

ဒါအပြင့် ကိုစိန်ချစ်ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ ကိုစိန်ချစ်နဲ့ အတူတွဲပြီး လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်ဖူးတဲ့ သံတွဲမြို့နယ် လင်းသာရပ်ကွက်က ကိုရဲနိုင်ဦးကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ရဲစခန်းက လာရောက်ဖမ်းဆီးသွားပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးကို သံတွဲ မြို့မရဲစခန်းမှာ ထိန်သိမ်းထားပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သံတွဲမြို့မစခန်းမှူးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကိုတော့ အမှုဖွင့်ထားတာတော့ရှိပါတယ်။ တရားမစွဲရသေးပါဘူး။ အကြမ်းဖက် ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာပါ။ ရဲစခန်းထဲမှာ ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက လူငယ်စာရေးဆရာ မင်းဒီပါကိုလည်း ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ဆက်စပ်တယ်ဆိုပြီး အောက်တိုဘာလ ၁၅ ရက်နေ့က မြောက်ဦးရဲစခန်းက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ သူ့ကို မြောက်ဦးမြို့မရဲစခန်းမှာ ထိမ်းသိမ်းထားပေမယ့်၊ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးဘူလို့သိရပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ တရားစွဲထားတယ်ဆိုတာလောက်တော့ သိရတယ်လို့ လည်း ဖမ်းဆီးခံထားရတဲ့ မင်းဒီပါရဲ့ အစ်ကို ကိုအောင်မြင့်ကပြောပါတယ်။

“သူတို့ပြောတာ မင်းညီကို အပေါ်ကနေ အမိန့်ရလို့ဖမ်းတာ မင်းညီကို ကောင်းကောင်း မွန်မွန်ထားတာ။ အဲလိုပဲပြောတယ်။ ဖမ်းသွားတဲ့ လူကပြောတာ။ သူ့ကို ချုပ်ရက် ရမာန်ယူတဲ့နေ့ကတော့ တရားရုံးကို သွားတယ်။ တရားသူကြီးနဲ့တွေ့ပြီး မေးကြည့်တော့ ၅၀ ညနဲ့ စွဲထားတယ်လို့ပဲ သိရတယ်။”

လူငယ်စာရေးဆရာမင်းဒီပါဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ မြောက်ဦးမြို့ မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားတာတွေလည်း မရှိသလောက်နည်းပါးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လှုပ်ရှားမှုဆို တာလည်း အခု အချိန်ထိ မရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်တွေက တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေရပ်တန့်နေတာလည်း အခုဆိုရင် တနှစ်နီးပါးရှိ လာနေတာလည်းဖြစ်ပါတယ်။ ဒီအလိုအချိန်မျိုးမှာပဲ အာဏာပိုင်တွေကဘက်က ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံတွေကို ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ အရေးယူနေတာလည်းဖြစ်ပါတယ်။

#MyanmarMilitaryCoup #MyanmarArrrest #Rakhine #MyanmarPDF #VOABurmese

#ရခိုင်#၅၀ည#မင်းဒီပါ#စစ်ကောင်စီ

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG