သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေထွက်ပြေးဝင်ရောက်မည့် အလားအလာ ထိုင်း ကြိုတင်ကာကွယ်


မြန်မာနိုင်ငံကနေ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေဖြစ်ပြီး ထွက်ပြေးလာနိုင်တဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်လာနိုင်တယ်ဆိုပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်မဲဆောက်မြို့ဘက်မှာတော ထိုင်းစစ်တပ်နဲ့ ရဲအပါအဝင်လူဝင်မူကြီးကြပ်ရေးက တာဝန်ရှိတဲ့သူတွေစုပေါင်းပြီး နယ်စပ်ဂိတ်တွေကနေစောင့်ကြည့်စစ်ဆေးမူတွေကို သြဂုလ်လ ၂၈ရက်နေ့ ၁၀နာရီကနေ စတင်လုပ်ဆောင်နေပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေဖြစ်ပွားပြီးနောက် ရိုဟင်ဂျာတွေ ထွက်ပြေးလာနိုင်ဆိုပြီး သြဂုတ်လ မနက် ၁၀နာရီကစတင်ပြီး ထိုင်း- မြန်မာနယ်စပ် မဲဆောက်ကိုဝင်မယ့် နယ်ခြားဂိတ်မှာ လူဝင်မူကြီးကြပ် စစ်ဆေးရေးအရာရှိ ဗိုလ်မူးကြီး မာန်ရတ်ပါတ်ထနာ Manrappatana ဦးဆောင်ပြီး စစ်ဆေးနေကြောင်း ထိုင်းသတင်းတွေမှာဖော်ပြနေတာပါ

ထိုင်း-မြန်မာနယ်စပ်မှာ လက်ရှိစစ်ဆေးမူတွေရှိတဲ့အကြောင်းနဲ့ အရင်တုန်းကလည်း ဒီလိုမျိုးတင်းတင်းကြပ်ကြပ်စစ်ဆေးမူတွေလုပ်တဲ့ အကြောင်း မဲဆောက်မြို့က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးက

“ဒီ ၃ -၄ ရက်အတွင်းမှာကျနော်တို့ဘက်မှာလည်း တအားအခြေအနေစိုးနေတယ်။ နဂိုကတည်းကလည်း ရှိထားတော့ သူတို့ ကျနော်တို့ကို အမြဲတမ်းခေါ်မေးတာတွေရှိနေတယ်လေ။ စိစစ်မှာပါ တံတားတွေ၊ နယ်စပ်စခန်းတွေ အဝင်အထွက်တွေ စီစစ်မှာပါ။ သူတို့က ဘယ်လိုပြောမလဲ အရှုပ်မခံဘူးလေ အရင်တုန်းကတည်းကလည်း ရှိတာကြာပြီ။ ရိုဟင်ဂျာ ပထမတခေါက် ပြဿနာရှိကတည်းကိုက အရမ်းစိစိစစ်စစ်နဲ့ ကြီးကြပ်ပြီးတော့ ထိုင်းကအရမ်းကို ပိုက်စိပ်တိုက်ပြီးတော့ တချို့နေရာတွေဆိုရင် ဝင်စစ်ဆေးတာတို့ လုပ်တဲ့အတိုင်းအတာတွေရှိတယ်လေ။”

လွန်ခဲ့တဲ့ ၁၀နှစ်ခန့် ကလည်း ရာဂဏန်း လောက်ရှိတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်တာ တွေရှိတုန်းကလည်း စစ်ဆေးမူတွေ လုပ်ခဲ့တဲ့အကြောင်း ကိုလည်း ဆက်ပြောပြပါတယ်။

“၁၀ နှစ်ရှိပြီအမ အဲဒီအချိန်တုန်းကလည်း ရာနဲ့ချီရှိတယ်။ အဲဒါကျနော်တို့ ဗလီအဟောင်းမှာပဲထားတယ်၊ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လာပြီးတော့ ဒီလူတွေကို လာစစ်ဆေးတယ်၊ လာလေ့လာတယ်ပေါ့နော် လေ့လာကြည့်ပြီးတော့ သူတို့ ဒီကနေပြီးတော့ ခရိုင်သာသနာရေးဦးစီးဌာနကနေပြီးတော့ သူတို့ အစည်းအဝေးတွေဘာတွေလုပ်ပြီးတော့ ဒီလူတွေကို ခေါ်သွားလိုက်တယ်လေ။ အဲဒီလိုမျိုး နောက်ပိုင်းမှာ အလုံးအရင်းနဲ့ ဝင်လာတာတော့ တခါမှ မရှိဖူးသေးဘူး။”

ထိုင်း-မြန်မာနယ်စပ်မှာတော့ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားကနေ မြန်မာနိုင်ငံဘက်ကလာတဲ့ နိုင်ငံခြားသားတွေကိုလည်းသေချာစိစစ်နေပြီး တရားမဝင် လှေလမ်းတွေကနေ ခိုးဝင်လာနိုင်တဲ့နယ်စပ်ဂိတ်ပေါက်လေးတွေဘက်မှာ လည်း ထိုင်းဘက်က စစ်ဆေးမူတွေ လုပ်နေပါတယ်။ ဒါဟာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံရခိုင်ပြည်နယ်ဘက်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေ ပစ်ခတ်မူတွေ ကြောင့် ထွက်ပြေးလာနိုင်တယ်ဆိုတဲ့ သတင်းတွေရရှိအပြီး အခုလို စီစစ်မူတွေတင်းတင်းကြပ်ကြပ်လုပ်လာတယ်လို့လည်း ထိုင်းအာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG