သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဆူပူမှု အခြေအနေတည်ငြိမ်ပြီ


စစ်တွေမြို့က မူဆလင်ဒုက္ခသည်တချို့။
စစ်တွေမြို့က မူဆလင်ဒုက္ခသည်တချို့။
ရခိုင်ပြည်နယ်ထဲမှာ သောကြာနေ့က ရဲတွေနဲ့ ဒေသတွင်းက မူဆလင်တွေကြား အဓိကရုဏ်းတွေ ဖြစ်ပွားရာမှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာမူစလင် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင် ရခိုင်တဦးကြောင့် မူဆလင်တဦး ရေနစ်သေဆုံးရတယ် ဆိုတဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး စစ်တွေမှာရှိတဲ့ အုန်းတောရွာက ရဲစခန်းကို ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်ဖျက်ဆီး၊ မီးတင်ရှို့ခဲ့တဲ့အတွက် မူဆလင် ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အိုးအိမ်ရွေ့ပြောင်း နေထိုင်သူ ရိုဟင်ဂျာအများစုရှိရာ ဘောဒုပ ဒုက္ခသည်စခန်းမှာလည်း ဝင်ရောက် တိုက်ခိုက်တာ ခံရတယ်လို့ ရဲတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် သတင်းနဲ့ပြန်ကြားရေးဌာန အကြီးအကဲ ဦးဝင်းမြိုင်ကတော့ အခုအခါမှာ အခြေနေတွေဟာ ပြန်ပြီး တည်ငြိမ်နေပြီလို့ ဆိုပါတယ်။

"လောလောဆယ်တော့ တပ် ကော၊ ရဲ ကော လုံခြုံရေးဝန်ကြီးကနေ လုံလောက်တဲ့အင်အားနဲ့ ထပ်ပြီးတော့ ဖြည့်ထားပေးပါတယ်။"

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ အခုအချိန်မှာ မြန်မာနိုင်ငံကို ဆယ်ရက်ကြာခရီး သွားရောက်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုပါ သွားရောက်ဖို့ စီစဉ်ထားချိန်မှာ အခုလို အခင်းဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေကြား ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၂၀၀ လောက်သေဆုံး ပြီး ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
XS
SM
MD
LG