သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ ကုလစိုးရိမ်


အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယား ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့စဉ် (ဇွန် ၁၄၊၂၀၁၂)
အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယား ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့စဉ် (ဇွန် ၁၄၊၂၀၁၂)
ရခိုင်ပြည်နယ်မှာ အခုလောလောဆယ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ အလွန်ဆိုးဝါးနေပြီး ဒီ့ထက်ပိုမိုပြင်းထန်လာမယ့်အရေး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ မွန်းလွဲအစောပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် မာတင်နာစကီးက အခုလိုပြောကြားသွားတာဖြစ်ပါတယ်။

“ အခုအခါ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂစာနာမှုဆိုင်ရာ ကိုယ်စားလှယ်က ဒီကနေ့ ရန်ကုန်မြို့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က အခုလောလောဆယ်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အထူးပဲ စိတ်ထိခိုက်စရာ၊
စိုးရိမ်စရာဖြစ်တယ်။ သူ့ရဲ့ရုံးဝန်ထမ်းတချို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေကြပြီး
ဒီပြဿနာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အဆက်အသွယ်လုပ်နေကြပါတယ်။

ဒီဖြစ်ရပ်တွေဟာ ပိုမိုအရှိန်မြင့်မားလာပြီး မြန်မာနိုင်ငံအတွင်း လူမှုအဆောက်အဦးအားလုံးကို ပျက်စီးသွားစေမယ့်အပြင် တိုင်းပြည်ပွင့်လင်းမှုရှိအောင် အားထုတ်နေမှုတွေ ကိုလည်း နောက်ပြန်လှည့်သွားလေမလား ဆိုတာ စိုးရိမ်စရာဖြစ်နေတယ်လို့လည်း မစ္စတာနမ်ဗီးယားရဲ့ ရုံးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဌာနကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ဖြစ်ရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် ထိခိုက်စေတဲ့ လူအားလုံးတွေဆီကို ရောက်ရှိဆက်သွယ်နိုင်ဖို့ သိပ်အရေးကြီးနေပြီး လူသားချင်းစာနာမှု မူ အရ ဒုက္ခရောက်နေရတဲ့ လူပေါင်းစုံ၊ ဘက်ပေါင်းစုံဆီ ကို အမြန်ဆုံး ခြွင်းချက်မရှိ သွားရောက်ဆက်သွယ်ခွင့်ပြုဖို့ကိုလည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။
XS
SM
MD
LG