သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလဟာလကြောင့် စစ်တွေ မငြိမ်သက်မှုဖြစ်


Men carry a fake cow while riding an escalator during preparations for the Green Week international food, agriculture and horticulture fair in Berlin, Germany.
Men carry a fake cow while riding an escalator during preparations for the Green Week international food, agriculture and horticulture fair in Berlin, Germany.
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီး လူထုတွေကြား စိုးရိမ်ပူပင်မှုတွေဖြစ်ပြီး မငြိမ်မသက်မှုတွေရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်တွေမြို့ရဲ့နောက်ဆုံးအခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာ ရပ်ကွက်နေ ရေခဲချောင်း ရောင်းသော ကလေးတစ်ဦး စစ်တွေ မြို့ပေါ်က မူဆလင် အများစု နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် ထဲကို ဈေးသွားရောင်းရာမှ ပြန်ရောက်မလာတဲ့အတွက် အန္တရာယ်ဖြစ်နေမလားဆိုပြီး ကောလဟလ သတင်းတွေ ထွက်ခဲ့ပါတယ်။ နေ့လည်လောက်မှာတော့ မြို့ခံလူထုနဲ့ သံဃာတော်အချို့ စုဝေးပြီး အဲ့ဒီ့ကလေးငယ် ပျောက်သွားတယ်ဆိုတဲ့ မူဆလင် ရပ်ကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြရာကနေ လူစုလူဝေး သဘောမျိုး ဖြစ်ခဲ့တယ်လို့ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုက သူတို့ရတဲ့သတင်းကို အခုလိုပြောပါတယ်။

“ ဒီနေ့မနက်ကြားတာကတော့ စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်မှာ ပြဿနာ ဖြစ်နေတယ်လို့ ကြားပါတယ်ခင်ဗျ။ ပြင်းပြင်းထန်ထန်တော့ မကြားရဘူး။ တပ်က ထိန်းထားတယ်လို့ ပြောတယ်။ လောလောဆယ် အဲ့ဒီ့က အသေးစိတ်တော့ ကျနော်တို့ မကြားရေသေးဘူး။ လုံခြုံရေးထိန်းထားတယ်ပြောပါတယ်။ စစ်တွေမှာတော့ လောလောဆယ် သိပ်တော့ မကြားရသေးဘူး။ ကျနော်တို့လည်း စုံစမ်းတုန်းပဲ ရှိသေးတယ်။”

အဲ့ဒီ့လို သတင်းတွေကြောင့် လူစုလူဝေးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စစ်တွေမြို့ရဲ့ အခြေအနေကတော့ အေးဆေးသွားပြီလို့ ရခိုင်ဒေသ ထိန်းသိမ်းကွပ်ကဲရေးကော်မတီအဖွဲ့က အတွင်းရေးမှူး ဦးဝင်းမြိုင်ကပြောပါတယ်။

“ မဟုတ်ပါဘူးဗျာ။ တယောက်ယောက်က သူတို့ အထင်လွဲပြီး ပြောလို့ နည်းနည်း စုရုံးစုရုံး ဖြစ်သွားတာပါ။ ဘာမှလည်း မဟုတ်ပါဘူး။ သူတို့ မူဆလင်အဖွဲ့ သုံးလေးယောက် သွားတာကို တွေ့တာကို ဝိုင်းစုပြီး အော်လိုက်လို့ နည်းနည်းလေး ဖြစ်တာပါ။ ဘာမှ မဖြစ်ပါဘူး။ အခုတော့ ကောင်းသွားပါပြီ။ ဘာမှ မဖြစ်ပါဘူးခင်ဗျ။ ဘာမှ မဖြစ်ပါဘူးခင်ဗျ။ သူတို့ တယောက်က ပြောသံကြားလို့ နည်းနည်း လူ စုရုံးစုရုံးဖြစ်သွားတာပါ။ ဘာမှမဖြစ်ပါဘူး။ အခုတော့ အေးဆေးပါပဲ ပြန်နေကြပါပြီ။”

စစ်တွေမြို့ နောက်ဆုံးအခြေအနေအရတော့ လူထုတွေထဲမှာ ပဋိပက္ခတွေ မကြီးထွားလာစေဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဒေသခံတာဝန်ရှိသူတွေ၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေနဲ့ လူထုလုံခြုံရေးအတွက် နေရာယူစောင့်ကြပ်ပေးနေတယ်လို့သိရပါတယ်။

အခုနောက်ဆုံးရတဲ့သတင်းအရတော့ အဲ့ဒီ့ကလေးငယ်သေဆုံးတယ်ဆိုတဲ့ သတင်းမမှန်ကန်ကြောင်း သက်သေပြတဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဈေးရောင်းသွားတဲ့ အသက် ၁၂ နှစ် ခန့်ရှိတဲ့ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) ဟာ အခုလက်ရှိအချိန်မှာတော့ သူ နေထိုင်တဲ့ ကျေးရွာဖြစ်တဲ့ ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်ပြီးတော့ ရာက်ရှိနေပြီဟု တာဝန်ကျရဲတွေက ပြောကြားထားပြီးတော့ ကလေးငယ်သေဆုံးတယ်ဆိုတာ မမှန်ကန်ကြာင်း ပြသဖို့ ပြည်သူတွေ ရှေ့ကို ခေါ်လာပြဖို့ သွားခေါ်နေတယ်လို့ Eleven Media Group ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ဖော်ပြပါရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကလေးငယ်တဦးပျောက်ဆုံးရာ ကနေ ကောလဟာလသတင်းတွေ ထွက်ပေါ်လာပြီးတော့ လူထုတွေကြားမှာ စိုးရိမ်ပူပင်မှုတွေနဲ့ မငြိမ်သက်မှုတွေ ရှိခဲ့ပါတယ်။ အခုနောက်ဆုံးအခြေအနေကတော့ ဒေသခံတာဝန်ရှိသူတွေကနေ ပျောက်ဆုံးခဲ့တဲ့ ကလေးငယ်ကို မိခင်နဲ့ အတူ လူအုပ်ကို ခေါ်ပြလိုက်တဲ့အတွက် အခု လူအုပ်ကွဲသွားပြီလို့ သိရပါတယ်။
XS
SM
MD
LG