သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေ ကန်စိုးရိမ်


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအပေါ် အမေရိကန်ပြည်ထောင်စုက အထူးပဲ စိုးရိမ်တဲ့အကြောင်း နိုင်ငံခြား ရေးဌာနပြောခွင့်ရအမျိုးသမီး Heather Nauert က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက စိတ်ပူပန်စရာအခြေအနေတွေအပေါ် ကျမတို့ သိပ်ကိုစိုးရိမ်ပါတယ်။ ရိုဟင်ဂျာ ကျေးရွာအများအပြားကို မီးရှို့ပစ်တာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကရော လက်နက်ကိုင်အရပ်သားတွေကပါ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာအပါအဝင် ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီးတဲ့နောက် ဒေသခံအရေအတွက် အများအပြား အိုး အိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ ကျမတို့ ထပ်ပြီး ရှုတ်ချပါတယ်။ ဒါပေမဲ့ နောက် ထပ်အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးဖို့၊ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာပြီး တရားဥပဒေစိုးမိုးရေးနဲ့အညီ ဒေသခံလူထုကို အကာအကွယ်ပေးဖို့ အဲဒီလုံခြုံရေးတပ်ဖွဲ့တွေကို နိုင်ငံတကာက တောင်းဆိုနေတဲ့အတိုင်း ကျမတို့ကလဲ တောင်းဆိုပါတယ်။” လို့ ပြောခွင့်ရ Heather Nauert က ပြောသွားပါတယ်။

ဒါ့အပြင် လက်တွေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရနိုင်ဖို့အတွက် သတင်းထောက်တွေကို ပိုပြီး သွားရောက်ခွင့်ပေးဖို့လဲ မစ္စ Nauert က မြန်မာအစိုးရကို တောင်းဆိုပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့သာမက သတင်းထောက်တွေကို သွားခွင့်ပြုဖို့ကိစ္စ၊ ဒါ့အပြင် ပိုပြီးအရေးကြီးတဲ့ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စ စတာတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ဆက်ပြီးတော့ ဆွေးနွေးပြောဆိုနေပါတယ်လို့လဲ မစ္စ Nauert က ပြောပါတယ်။

တောင်အာဖရိကဘုန်းတော်ကြီး Desmond Tutu ကလည်း သူ့အဆိုအားဖြင့် - ရိုဟင်ဂျာမူစလင်တွေအပေါ် မြန်မာအစိုးရက ပြုမူ လုပ်ဆောင်ပုံနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့က ပြစ်တင်ဝေဖန်တဲ့အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျော်ဒန်နိုင်ငံမှာတော့ Amman မြို့တော်က ကုလသမဂ္ဂရုံးနားမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပါတီတွေက ကမကထပြု စီစဉ်တဲ့ ထိုင်သပိတ်မှောက် ဆန္ဒပြပွဲတခု ကြာသပတေးနေ့ကလုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲအတွင်း - သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာလူထုကို သတ်ဖြတ်နေတာတွေ ချက်ခြင်းရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

တူရကီသမ္မတကတော် Emine Erdogan နဲ့ သားဖြစ်သူ Bilal Erdogan တို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့အခေါ် ရိုဟင်ဂျာမူစလင်တွေ ခိုလှုံနေတဲ့စခန်းကို ကြာသပတေးနေ့က သွားကြည့်ကြပါတယ်။ အကြမ်းဖက်ရုန်းရင်းဆန်ခတ် အခြေအနေ တွေအဆုံးသတ်ရေး လိုအပ်သမျှ အားလုံးကိုလုပ်ဆောင်ဖို့ တူရကီသမ္မတကတော်က မြန်မာအစိုးရကို တောင်းဆိုပါတယ်။

ရခိုင်အခြေအနေ ကန်စိုးရိမ်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG