သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္မွာ PDF အဖြဲ႔ေတြနဲ႔ ဆက္စပ္မႈနဲ႔ ဖမ္းဆီးခံထားရသူ ၈ ဦးရွိ


ရခုိင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ လံုၿခံဳေရးရဲတပ္ဖြဲ႔ဝင္မ်ား။ (၂၀၁၈၊ ႏိုဝင္ဘာ)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္မွာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (PDF) ကို ေငြေထာက္ပံ့့တယ္ဆိုၿပီး သံသယနဲ႔ ဖမ္းဆီးခံရသူ ၈ ေယာက္အထိ ရွိလာပါၿပီ။ ၿပီးခဲ့တဲ့ ဒီဇင္လာ ၁၄ ရက္ေန႔ကလည္း ေတာင္ကုတ္ၿမိဳ႕နယ္က လူငယ္ကြန္ယက္ ဥကၠ႒ ကိုမင္းကိုဦးကို PDF နဲ႔ ဆက္စပ္တယ္ဆိုၿပီး ရဲတပ္ဖြဲ႔က လာေရာက္ ဖမ္းဆီးသြားပါတယ္။ ရခိုင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေနခ်ိန္မွာ ေဒသခံေတြကို အခုလို စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးတာမ်ိဳး မလုပ္သင့္ဘူးလို႔ ရခိုင္ႏို္င္ငံေရးသံုးသပ္သူ ဦးေဖသန္းက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ ေတာင္ပိုင္း၊ ေတာင္ကုတ္ၿမိဳ႕နယ္က လူငယ္ကြန္ယက္ဥကၠ႒ ကိုမင္းကိုဦးကို PDF ေတြကို ေငြေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၄ ရက္ေန႔ မနက္ပိုင္းက ေနအိမ္ကေန ဖမ္းဆီးသြားတယ္လို႔ ဖမ္းဆီးခံရသူ ကိုမင္းကုိ ဦးရဲ႕ ဖခင္ျဖစ္သူ ဦးခင္ေမာင္စိန္က ေျပာပါတယ္။

“၁၄ ရက္ေန႔ နံနက္ ၉ နာရီေလာက္မွာ စခန္းမွဴးက ေခၚခိုင္းလို႔ စကားတခြန္း နွစ္ခြန္းေလာက္ ေျပာခ်င္လို႔ပါ၊ ခဏလိုက္ခဲ့ပါဆိုၿပီးေတာ့ လူ ၇ ေယာက္ေလာက္က အရပ္ဝတ္ အဝတ္ အစားေတြနဲ႔ လာၿပီးေတာ့ ကိုမင္းကိုဦးကို စခန္းမွဴး ေခၚခိုင္းလုိက္တာေၾကာင့္ ခဏလိုက္ခဲ့ပါဆိုၿပီးေတာ့ ေခၚသြားတာ။”

ကိုမင္းကိုဦးဟာ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္းက လူမွုေရးလုပ္ေတြမွာလည္း ပါဝင္ လုပ္ေဆာင္ေနသူျဖစ္သလို ပညာသင္ၾကားဖို႔ ခက္ခဲသူေတြကို အဂၤလိပ္စာ အခမဲ့သင္ေပးေနသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူ႔ကို ေတာင္ကုတ္ၿမိဳ႕မ ရဲစခန္းမွာ ထိန္းသိမ္းထားၿပီး အၾကမ္းဖက္တိုက္ ဖ်က္ေရး ဥပေဒပုဒ္မ ၅၀ (ည) နဲ႔ တရားစြဲ ဆိုထားတယ္လို႔လည္း အေဖျဖစ္သူ ဦးခင္ေမာင္စိန္က ေျပာပါတယ္။

“ေနျပည္ေတာ္က စစ္ေဆးပါဆိုတဲ့ အမိန္႔ေပးလိုက္တာေၾကာင့္ ေတာင္ကုတ္ၿမိဳ႕နယ္ ရဲစခန္းမွာ စစ္ေဆးေနတယ္။ ၅၀ (ည) ဆိုတဲ့ ပုဒ္မနဲ႔ ဗမာျပည္ထဲမွာ ကူညီတယ္ဆိုတဲ့ ပုဒ္မ နဲ႔ ဖမ္းဆီးထားတာျဖစ္တယ္။”

ရခိုင္ျပည္နယ္ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက PDF လွုပ္ရွားမွုေတြလည္း မရွိသလို ရခိုင္ ေတြအေနနဲ႔ အာဏာရွင္ဆန္႔က်င္ လႈပ္ရွားမွုေတြမွာ ပါဝင္တာလည္း သိပ္မေတြ႔ရပါဘူး။ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ ႀကီးစိုးတဲ့ ေနရာေတြမွာေတာ့ အာဏာရွင္ဆန္႔က်င္ ဆႏၵျပတာ တစ္ခ်ိဳ႕ေလာက္သာေတြ႔ရတာပါ။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ နားလည္မွုနဲ႔ အပစ္ရပ္ထားၿပီး ရခိုင္ျပည္ တည္ၿငိမ္ေအးခ်မ္းေနတဲ့ အခ်ိန္မွာ ရခိုင္ေဒသခံေတြကို ဖမ္းဆီးၿပီး အၾကမ္းဖက္ပုဒ္မေတြနဲ႔ တရားစြဲဆို ေနတာေတြမလုပ္သင့္ဘူးလို႔ ရခိုင္ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးေဖသန္းက ေျပာပါတယ္။

“ရွင္းရွင္းေျပာရရင္ေတာ့ ရခိုင္ေတြက PDF လုပ္ငန္းေတြမွာ ပါဝင္တာေတြ၊ ပူးေပါင္း ေဆာင္ရြက္ တာေတြ၊ အဲလိုေထာက္ပံ့တာေတြေတာ့ မရွိသေလာက္လို႔ က်ေနာ္နား လည္ပါတယ္။ ဒါကလည္း ရခိုင္ျပည္နယ္ရဲ႕ အေျခအေနအရေပါ့ေနာ္။ ဒီလိုအေျခအေနမွာ ဖမ္းတယ္ ဆီးတယ္ ဆိုတာကေတာ့ သူတို႔ေျပာသလို ေထာက္ပံ့တယ္၊ ဆက္သြယ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတာ့ ရွိမွာေပါ့။ တည္ၿငိမ္ေအာင္ ထိန္းထားႏိုင္တဲ့ကာလမ်ိုးမွာ ဒီလိုဖမ္းတာဆီးတာေတြဟာ မေကာင္းပါဘူး။ ဒါက မလုိအပ္ဘူးလို႔ ထင္ပါတယ္။ ရခိုင္ျပည္နယ္မွာ ဘာမွ လွုပ္ရွားမွုမရွိဘူးေပါ့ေနာ္။ အဲလို မေပၚရေအာင္လည္း သူတို႔ ႀကိုၿပီးေတာ့ ထိန္းတာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ရခိုင္ျပည္နယ္ တည္ၿငိမ္ေနတဲ့အခ်ိ္န္မွာ အခုလို ရခိုင္လူငယ္ေတြကို ဖမ္းတာဆီးတာက မျဖစ္သင့္ဘူး၊ မလြဲသာ မေရွာင္သာဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳးနဲ႔လည္း မလုပ္သင့္ဘူးလို႔ ထင္ပါတယ္ေနာ္။”

ဒီကေန႔အထိ PDF နဲ႔ ဆက္စပ္တယ္ဆိုၿပီးေတာ့ ဖမ္းဆီးခံထားရသူေတာင္ကုတ္ၿမိဳ႕နယ္က နွစ္ဦး၊ သံတြဲၿမိဳ႕နယ္က အမ်ိဳးသမီးနွစ္ဦးနဲ႔ အမ်ိဳးသားနွစ္ဦးအပါအဝင္ ေက်ာက္ျဖဴၿမိဳ႕နယ္က အမ်ိဴးသမီးတဦးနဲ႔ ေျမာက္ဦးၿမိဳ႕နယ္က လူငယ္စာေရးသူ တဦးစီတို႔ျဖစ္ၿပီး အၾကမ္းဖက္ တိုက္ ဖ်က္ေရး ပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရၾကရတာပါ။

ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာလကစၿပီး ဒီကေန႔အထိ ရခိုင္ျပည္နယ္မွာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔PDF ေတြနဲ႔ ဆက္စပ္တယ္၊ ေငြေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခံ တရားစြဲဆိုခံထားရသူ (၈) ဦးအထိ ရွိလာေနၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရခိုင်မှာ PDF အဖွဲ့တွေနဲ့ ဆက်စပ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၈ ဦးရှိ

ရခိုင်ပြည်နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေထောက်ပံ့တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူ ၈ ယောက်အထိ ရှိလာပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်လာ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်က လူငယ်ကွန်ယက် ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းနေချိန်မှာ ဒေသခံတွေကို အခုလို စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ ရခိုင်နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်က လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးကို PDF တွေကို ငွေထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူ ကိုမင်းကို ဦးရဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်စိန်က ပြောပါတယ်။

“၁၄ ရက်နေ့ နံနက် ၉ နာရီလောက်မှာ စခန်းမှူးက ခေါ်ခိုင်းလို့ စကားတခွန်း နှစ်ခွန်းလောက် ပြောချင်လို့ပါ၊ ခဏလိုက်ခဲ့ပါဆိုပြီးတော့ လူ ၇ ယောက်လောက်က အရပ်ဝတ် အဝတ် အစားတွေနဲ့ လာပြီးတော့ ကိုမင်းကိုဦးကို စခန်းမှူး ခေါ်ခိုင်းလိုက်တာကြောင့် ခဏလိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားတာ။”

ကိုမင်းကိုဦးဟာ တောင်ကုတ်မြို့နယ်အတွင်းက လူမှုရေးလုပ်တွေမှာလည်း ပါဝင် လုပ်ဆောင်နေသူဖြစ်သလို ပညာသင်ကြားဖို့ ခက်ခဲသူတွေကို အင်္ဂလိပ်စာ အခမဲ့သင်ပေးနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို တောင်ကုတ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲ ဆိုထားတယ်လို့လည်း အဖေဖြစ်သူ ဦးခင်မောင်စိန်က ပြောပါတယ်။

“နေပြည်တော်က စစ်ဆေးပါဆိုတဲ့ အမိန့်ပေးလိုက်တာကြောင့် တောင်ကုတ်မြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်။ ၅၀ (ည) ဆိုတဲ့ ပုဒ်မနဲ့ ဗမာပြည်ထဲမှာ ကူညီတယ်ဆိုတဲ့ ပုဒ်မ နဲ့ ဖမ်းဆီးထားတာဖြစ်တယ်။”

ရခိုင်ပြည်နယ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက PDF လှုပ်ရှားမှုတွေလည်း မရှိသလို ရခိုင် တွေအနေနဲ့ အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှုတွေမှာ ပါဝင်တာလည်း သိပ်မတွေ့ရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကြီးစိုးတဲ့ နေရာတွေမှာတော့ အာဏာရှင်ဆန့်ကျင် ဆန္ဒပြတာ တစ်ချို့လောက်သာတွေ့ရတာပါ။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်ရပ်ထားပြီး ရခိုင်ပြည် တည်ငြိမ်အေးချမ်းနေတဲ့ အချိန်မှာ ရခိုင်ဒေသခံတွေကို ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆို နေတာတွေမလုပ်သင့်ဘူးလို့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ရခိုင်တွေက PDF လုပ်ငန်းတွေမှာ ပါဝင်တာတွေ၊ ပူးပေါင်း ဆောင်ရွက် တာတွေ၊ အဲလိုထောက်ပံ့တာတွေတော့ မရှိသလောက်လို့ ကျနော်နား လည်ပါတယ်။ ဒါကလည်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေအရပေါ့နော်။ ဒီလိုအခြေအနေမှာ ဖမ်းတယ် ဆီးတယ် ဆိုတာကတော့ သူတို့ပြောသလို ထောက်ပံ့တယ်၊ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်တော့ ရှိမှာပေါ့။ တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ကာလမျိုးမှာ ဒီလိုဖမ်းတာဆီးတာတွေဟာ မကောင်းပါဘူး။ ဒါက မလိုအပ်ဘူးလို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာမှ လှုပ်ရှားမှုမရှိဘူးပေါ့နော်။ အဲလို မပေါ်ရအောင်လည်း သူတို့ ကြိုပြီးတော့ ထိန်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်နေတဲ့အချိန်မှာ အခုလို ရခိုင်လူငယ်တွေကို ဖမ်းတာဆီးတာက မဖြစ်သင့်ဘူး၊ မလွဲသာ မရှောင်သာဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့လည်း မလုပ်သင့်ဘူးလို့ ထင်ပါတယ်နော်။”

ဒီကနေ့အထိ PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးခံထားရသူတောင်ကုတ်မြို့နယ်က နှစ်ဦး၊ သံတွဲမြို့နယ်က အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးအပါအဝင် ကျောက်ဖြူမြို့နယ်က အမျိူးသမီးတဦးနဲ့ မြောက်ဦးမြို့နယ်က လူငယ်စာရေးသူ တဦးစီတို့ဖြစ်ပြီး အကြမ်းဖက် တိုက် ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရကြရတာပါ။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလကစပြီး ဒီကနေ့အထိ ရခိုင်ပြည်နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေနဲ့ ဆက်စပ်တယ်၊ ငွေထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံ တရားစွဲဆိုခံထားရသူ (၈) ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ်။

#PDFRakhine #ဦးဖေသန်း #တောင်ကုတ် #သံတွဲ #ကျောက်ဖြူ #ဖမ်းဆီး #ဗွီအိုအေ #စစ်ကောင်စီ

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG