သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်


မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားပြီး လူ ၇ ဦးမက သေဆုံးရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်နားမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ချလိုက်ပါတယ်။ သောကြာနေ့ညက မူစလင်တွေနဲ့ ရခိုင်လူမျိုးတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပြီးနောက် မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့ ဒေသခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် လူ အနည်းဆုံး ၇ ဦးသေဆုံးခဲ့ရတယ်၊ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ အစိုးရ သတင်းမီဒီယာက ပြောပါတယ်။ ဒီလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်ပြီး အမေရိကန် ပြည်ထောင်စုက ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။

အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုက စောင့်ကြည့်နေကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ပစ်ဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီၤးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) က စနေနေ့ကပဲ ပြောကြားသွားပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း တရားဥပဒေ စိုးမိုးမှုနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ ဒီကြေညာချက်ထဲမှာ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG