သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဌာေနတြင္း စစ္ေရးပဋိပကၡ ေၾကာင္႔ ရခိုင္လူငယ္ေတြ ျပည္ပထြက္ဖို႔ အားသန္


Myanmar Daily Life ရခိုင္ျပည္နယ္မွ ေန႔စဥ္လူမႈဘ၀ပုံရိပ္

စစ္ေရးပဋိပကၡနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ အလုပ္အကိုင္အခြင့္အလမ္းရွားပါးမႈ ေတြအပါအဝင္ ခရီးသြားလာေရး စားဝတ္ေနေရးစတဲ့ အခက္အခဲေတြကို ရင္ဆိုင္ေနရတဲ့အတြက္ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ ျပည္ပထြက္ခြာၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္းေတြ ရွာေဖြလာၾကပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ ကိုရဲမြန္က တင္ျပေပးပါမယ္။

ဒီလပိုင္းေတြအတြင္း စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား တိုက္ပြဲေတြ တေၾကာ့ျပန္ျဖစ္ပြားေနသလို မတည္ၿငိမ္တဲ့အေျခအေနၾကား ရခိုင္ျပည္သူေတြအတြက္ စား၀တ္ေနေရး အခက္အခဲနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြလည္း ပိုၿပီး ရွားပါးလာပါတယ္။

တေန႔ထက္တေန႔ ထိုးတက္လာေနတဲ့ ကုန္ေစ်းႏႈန္းေတြၾကား အလုပ္အကိုင္အခြင့္အလမ္းရွားပါးတဲ့ ရခိုင္ျပည္နယ္က ေဒသခံေတြရဲ႕ ျပည္ပထြက္ အလုပ္ရွာတဲ့ အေရအတြက္ဟာ ဒီႏွစ္ပိုင္းေတြမွာ သိသိသာသာ ပိုမ်ားလာတယ္လို႔ ရခိုင္အမ်ိဳးသားကြန္ယက္ဥကၠဌ လည္းျဖစ္ ေ႐ြ႕ေျပာင္းလုပ္သားအေရး ေဆာင္႐ြက္ေနတဲ့ ကိုတင္ထူးေအာင္က ေျပာပါတယ္။

“ ဒီႏွစ္ထဲမွာေတာ့ ရခိုင္က ႏိုင္ငံျခားထြက္မႈက အရင္ကထက္ ပိုၿပီးေတာ့ မ်ားလာတယ္ ေပါ့ေနာ္၊ ရန္ကုန္က အေဝးေျပး ကားဝန္းထဲမွာ ဆိုရင္လည္း တေန႔တေန႔ကို လူရာေပါင္း မ်ားစြာရွိတယ္။ ရခိုင္က လာတဲ့ ကားေတြမွာလည္း အျပည့္ေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ ပင္လုံခန္းမတို႔ တျခားနယ္ရာေတြမွာလည္း တရားမဝင္သြားတာေတြေရာ တရားဝင္သြား တာေတြေရာ အမ်ားႀကီးရွိတယ္၊အဲဒီကေနျပည္ပထြက္တာ ေတြကိုၾကည့္ၿပီးေတာ့ ဒီႏွစ္ထဲမွာ ျပည္ပထြက္ ထြက္ခြာသူ မ်ားလာတယ္လို႔ ခန႔္မွန္းရတာေပါ့။ ”

တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့အၾကား လူငယ္ေတြ အမ်ားအျပား စစ္ေကာင္စီရဲ႕ ဖမ္းဆီး စီစစ္တာ ခံရတာ၊ မိသားစု စား၀တ္ေနေရး ခက္ခဲတာေတြေၾကာင့္ ျပည္ပကို ထြက္ဖို႔ကို ပိုၿပီး ေရြးခ်ယ္လာၾကတာျဖစ္ပါတယ္။အထူးသျဖင့္ ေက်းရြာတခ်ဳိ႕မွာ အသက္ ၃၅ႏွစ္ေအာက္ လူငယ္ ၁၀ ေယာက္ရွိရင္ ၉ ေယာက္ေလာက္ ျပည္ပကို ထြက္ၿပီး အလုပ္လုပ္ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တခ်ိဳ႕ေက်း႐ြာေတြမွာ ဆိုရင္ သက္ႀကီး႐ြယ္အို ကေလးေတြနဲ႔ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြေလာက္သာ က်န္ခဲ့ၿပီး လူငယ္ေတြ မရွိသေလာက္ပဲလို႔ ေဒသခံေတြဆိုၾကပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ေခ်ာင္းဝ ေက်း႐ြာက မခိုင္သဇင္ က ရြာမွာလည္း ေအာက္ေျခ အုလပ္ၾကမ္းေတာင္ လုပ္ဖို႔ မရွိတဲ့အတြက္ မေလးရွားႏိုင္ငံကို သြားၿပီးေတာ့ အလုပ္လုပ္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာပါတယ္။

“ သူမ်ားႏိုင္ငံကိုအလုပ္ထြက္ၿပီးလုပ္ရတာက ကိုယ္မသိမကြၽမ္းတဲ့ေနရာဆိုေတာ့ အရဲစြန႔္ၿပီး ေတာ့ သြားရတာေပါ့။အိမ္ကလည္း ဘယ္စိတ္ခ်မလဲ။ သမီးမိန္းကေလးတေယာက္ကို အေဝး တေနရာသို႔ သြားခိုင္ရတာ ဘယ္စိတ္ခ်မလဲ။ဒါေပမယ့္လည္း ကိုယ့္ေဒသမွာ က အလုပ္အကိုင္ရွားပါးေတာ့ လုပ္စားစရာမရွိဘူး။"

ရခိုင္ျပည္နယ္က ေဒသခံအမ်ားစုဟာ မေလးရွား၊ ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံေတြကို အဓိကသြားၿပီး အလုပ္လုပ္ၾကပါတယ္။ တရားမဝင္လမ္းေၾကာင္းကေနတဆင့္ သြားရာကေန ဖမ္းဆီးခံရၿပီး ေနရပ္ျပန္ပို႔ခံရသူ တခ်ဳိ႕လည္း ရွိပါတယ္။ လမ္းခရီးမွာတင္ အခက္အခဲ အမ်ဳိးမ်ဳိးၾကား က်န္းမာေရး ထိခိုက္ ေသဆုံးသူေတြလည္း ရွိတဲ့အေၾကာင္း ျပည္ပထြက္ခြာ အလုပ္ရွာတဲ့ ရခိုင္တိုင္းရင္းသားတခ်ဳိ႕က ျပန္ေျပာျပပါတယ္။

အခုလိုျပည္တြင္း လုပ္သားအရင္းအျမစ္ေတြဆုံးရႈံးေနတာေတြကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ ေဒသခံ ေတြရဲ႕ ဘဝလုံၿခံဳမႈရွိတဲ့လုပ္ငန္းေတြ အာမခံခ်က္ရွိတဲ့ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံ မႈေတြနဲ႔ အလုပ္ အကိုင္အခြင့္အလမ္းေတြကို အစိုးရအေနနဲ႔ လုပ္ေဆာင္ေပးဖို႔ လိုအပ္တယ္ လို႔လည္း ရခိုင္အမ်ိဳးသားကြန္ယွက္ဥကၠဌ လည္းျဖစ္ ေ႐ြ႕ေျပာင္းလုပ္သားအေရးေဆာင္႐ြက္ ေနတဲ့ ကိုတင္ထူးေအာင္က ေျပာပါတယ္။

“ လုပ္သားအရင္းအျမစ္ဆုံးရႈံးမႈနဲ႔ လူသားအရင္းအျမစ္ဆုံးရွံုးမႈျပႆနာကို အဓိက ေျပလည္ေစဖို႔ ဆိုရင္ ရခိုင္မွာအဓိက အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီေပးႏိုင္ရမယ္၊ အလုပ္အကိုင္ အခြင့္အလမ္းေတြဟာ ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ အာမခံခ်က္ရွိေအာင္ လုပ္ကိုင္ ေဆာင္႐ြက္သြားႏိုင္ဖို႔ အဓိက လိုအပ္တယ္၊ ေနာက္ၿပီးေတာ့ ဘဝအာမခံခ်က္ရွိဖို႔ စီးပြားေရး အာမခံခ်က္ရွိဖို႔ ႏိုင္ငံေရး အာမခံခ်က္ရွိဖို႔ လူငယ္ေတြအတြက္ အာမခံခ်က္ရွိတဲ့ ဘဝေတြ ရဖို႔ အစိုးရအေနနဲ႔ျဖစ္ျဖစ္ စြမ္းေဆာင္ႏိုင္တဲ့ လူပုဂၢိဳလ္ေတြပဲျဖစ္ျဖစ္ အခြင့္အလမ္းေတြ ဖန္တီးေပး ဖို႔ လိုအပ္တယ္”

ဒါေပမယ့္လည္း အခုအခ်ိန္ထိေတာ့ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ အလုပ္႐ုံစက္ ႐ုံေတြတည္ေဆာက္ေပးတာေတြ ေဒသခံေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္းတီးေပးတာေတြမေတြ႕ရေသးသလို ေဒသခံေတြတပိုင္တႏိုင္လုပ္စားေနတဲ့ လုပ္ငန္း ေတြပါမၿငိမ္မသက္မႈေတြေၾကာင့္ ရပ္ဆိုင္းထားရတဲ့ အေျခအေနမွာ ရွိေနတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု တွေအပါအဝင် ခရီးသွားလာရေး စားဝတ်နေရေးစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အတွက် လူငယ်တော်တော်များများဟာ ပြည်ပထွက်ခွာပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလာကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုရဲမွန်က တင်ပြပေးပါမယ်။

ဒီလပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွားနေသလို မတည်ငြိမ်တဲ့အခြေအနေကြား ရခိုင်ပြည်သူတွေအတွက် စားဝတ်နေရေး အခက်အခဲနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီး ရှားပါးလာပါတယ်။

တနေ့ထက်တနေ့ ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြား အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေရဲ့ ပြည်ပထွက် အလုပ်ရှာတဲ့ အရေအတွက်ဟာ ဒီနှစ်ပိုင်းတွေမှာ သိသိသာသာ ပိုများလာတယ်လို့ ရခိုင်အမျိုးသားကွန်ယက်ဥက္ကဌ လည်းဖြစ် ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေတဲ့ ကိုတင်ထူးအောင်က ပြောပါတယ်။

“ ဒီနှစ်ထဲမှာတော့ ရခိုင်က နိုင်ငံခြားထွက်မှုက အရင်ကထက် ပိုပြီးတော့ များလာတယ် ပေါ့နော်၊ ရန်ကုန်က အဝေးပြေး ကားဝန်းထဲမှာ ဆိုရင်လည်း တနေ့တနေ့ကို လူရာပေါင်း များစွာရှိတယ်။ ရခိုင်က လာတဲ့ ကားတွေမှာလည်း အပြည့်ပေါ့နော်၊ နောက်ပြီးတော့ ပင်လုံခန်းမတို့ တခြားနယ်ရာတွေမှာလည်း တရားမဝင်သွားတာတွေရော တရားဝင်သွား တာတွေရော အများကြီးရှိတယ်၊အဲဒီကနေပြည်ပထွက်တာ တွေကိုကြည့်ပြီးတော့ ဒီနှစ်ထဲမှာ ပြည်ပထွက် ထွက်ခွာသူ များလာတယ်လို့ ခန့်မှန်းရတာပေါ့။ ”

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြား လူငယ်တွေ အများအပြား စစ်ကောင်စီရဲ့ ဖမ်းဆီး စီစစ်တာ ခံရတာ၊ မိသားစု စားဝတ်နေရေး ခက်ခဲတာတွေကြောင့် ပြည်ပကို ထွက်ဖို့ကို ပိုပြီး ရွေးချယ်လာကြတာဖြစ်ပါတယ်။
အထူးသဖြင့် ကျေးရွာတချို့မှာ အသက် ၃၅နှစ်အောက် လူငယ် ၁၀ ယောက်ရှိရင် ၉ ယောက်လောက် ပြည်ပကို ထွက်ပြီး အလုပ်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့ကျေးရွာတွေမှာ ဆိုရင် သက်ကြီးရွယ်အို ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလောက်သာ ကျန်ခဲ့ပြီး လူငယ်တွေ မရှိသလောက်ပဲလို့ ဒေသခံတွေဆိုကြပါတယ်။

ကျောက်ဖြူမြို့နယ် ချောင်းဝ ကျေးရွာက မခိုင်သဇင် က ရွာမှာလည်း အောက်ခြေ အုလပ်ကြမ်းတောင် လုပ်ဖို့ မရှိတဲ့အတွက် မလေးရှားနိုင်ငံကို သွားပြီးတော့ အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပါတယ်။

“ သူများနိုင်ငံကိုအလုပ်ထွက်ပြီးလုပ်ရတာက ကိုယ်မသိမကျွမ်းတဲ့နေရာဆိုတော့ အရဲစွန့်ပြီး တော့ သွားရတာပေါ့။အိမ်ကလည်း ဘယ်စိတ်ချမလဲ။ သမီးမိန်းကလေးတယောက်ကို အဝေး တနေရာသို့ သွားခိုင်ရတာ ဘယ်စိတ်ချမလဲ။ဒါပေမယ့်လည်း ကိုယ့်ဒေသမှာ က အလုပ်အကိုင်ရှားပါးတော့ လုပ်စားစရာမရှိဘူး။"

ရခိုင်ပြည်နယ်က ဒေသခံအများစုဟာ မလေးရှား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို အဓိကသွားပြီး အလုပ်လုပ်ကြပါတယ်။ တရားမဝင်လမ်းကြောင်းကနေတဆင့် သွားရာကနေ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူ တချို့လည်း ရှိပါတယ်။ လမ်းခရီးမှာတင် အခက်အခဲ အမျိုးမျိုးကြား ကျန်းမာရေး ထိခိုက် သေဆုံးသူတွေလည်း ရှိတဲ့အကြောင်း ပြည်ပထွက်ခွာ အလုပ်ရှာတဲ့ ရခိုင်တိုင်းရင်းသားတချို့က ပြန်ပြောပြပါတယ်။

အခုလိုပြည်တွင်း လုပ်သားအရင်းအမြစ်တွေဆုံးရှုံးနေတာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဒေသခံ တွေရဲ့ ဘဝလုံခြုံမှုရှိတဲ့လုပ်ငန်းတွေ အာမခံချက်ရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုတွေနဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေကို အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် လို့လည်း ရခိုင်အမျိုးသားကွန်ယှက်ဥက္ကဌ လည်းဖြစ် ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက် နေတဲ့ ကိုတင်ထူးအောင်က ပြောပါတယ်။

“ လုပ်သားအရင်းအမြစ်ဆုံးရှုံးမှုနဲ့ လူသားအရင်းအမြစ်ဆုံးရှုံးမှုပြဿနာကို အဓိက ပြေလည်စေဖို့ ဆိုရင် ရခိုင်မှာအဓိက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီပေးနိုင်ရမယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ အာမခံချက်ရှိအောင် လုပ်ကိုင် ဆောင်ရွက်သွားနိုင်ဖို့ အဓိက လိုအပ်တယ်၊ နောက်ပြီးတော့ ဘဝအာမခံချက်ရှိဖို့ စီးပွားရေး အာမခံချက်ရှိဖို့ နိုင်ငံရေး အာမခံချက်ရှိဖို့ လူငယ်တွေအတွက် အာမခံချက်ရှိတဲ့ ဘဝတွေ ရဖို့ အစိုးရအနေနဲ့ဖြစ်ဖြစ် စွမ်းဆောင်နိုင်တဲ့ လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် အခွင့်အလမ်းတွေ ဖန်တီးပေး ဖို့ လိုအပ်တယ်”

ဒါပေမယ့်လည်း အခုအချိန်ထိတော့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်ရုံစက် ရုံတွေတည်ဆောက်ပေးတာတွေ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်းတီးပေးတာတွေမတွေ့ရသေးသလို ဒေသခံတွေတပိုင်တနိုင်လုပ်စားနေတဲ့ လုပ်ငန်း တွေပါမငြိမ်မသက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ အခြေအနေမှာ ရှိနေတာလည်းဖြစ် ပါတယ်။

XS
SM
MD
LG