သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ရခိုင္၊ အမ္းၿမိဳ႕ေပၚမွာ လက္နက္ႀကီးပစ္ခတ္သံေတြၾကား


Myanmar Rakhine

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ရဲ႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ ၿမိဳ႕ျဖစ္တဲ့ အမ္းၿမို႕ေပၚမွာ မေန႔က ညေနအပိုင္းက ေသနတ္ပစ္သံေတြ ၾကားရတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ AA ရခိုင္အဖြဲ႔ထိန္းခ်ဳပ္ရာ ရခိုင္ေဒသမွာ စစ္ေကာင္စီတပ္လႈပ္ရွားမႈေတြတိုးလာေၾကာင့္ ျပန္ၿပီး ထိပ္တိုက္ေတြ႔လာစ္ႏိုင္တယ္လို႔ AA ေခါင္းေဆာင္ပိုင္းက သတိေပးေျပာဆိုေနခ်ိိန္မွာပဲ အခုလို ပစ္ခတ္သံေတြ ၾကားလာရတာေၾကာင့္ ေဒသခံေတြ စိုးရိမ္မွုေတြျမင့္ တက္လာေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ ၿမိဳ႕ျဖစ္တဲ့ အမ္းၿမို႕ေပၚမွာ မေန႔က ညေနအပိုင္းေလာက္က လက္နက္ႀကီးလက္နက္ငယ္ေတြ ပစ္သံခတ္သံေတြ ၾကားရတာေၾကာင့္ ၿမိဳ႕ခံေတြ ထိတ္လန္႔ေနၾကတယ္လို႔ အမ္းၿမိဳ႕ ေဒသခံေတြကေျပာဆိုၾကပါတယ္။

ပစ္ခတ္သံေတြဟာ ျမန္မာစစ္တပ္အေျခခ်ေနထိုင္တဲ့ စခန္းအနီးတဝိုက္က ၾကားရတာျဖစ္ၿပီး အျပန္အလွန္ပစ္ခတ္တာမ်ိဳးမဟုတ္ဘဲ တဘက္တည္း ပစ္ခတ္သံေတြသာၾကားရတယ္လို႔ အမ္းၿမို႕ေပၚေနထိုင္သူတဦးကေျပာပါတယ္။

“တၿမိဳ႕လံုးၾကားတယ္။ ၿမိဳ႕အနားမွာ ျဖစ္တာကို။ အခ်ိန္ကေတာ့ သိပ္မၾကာပါဘူး။ ပစ္တာကတာ့ ၂ ေနရာ ၃ ေနရာ ပစ္တာ။ တေနရာကို ေလးငါးေျခာက္ခ်က္ေလာက္ေပါ့။ သူက တပ္ အတြင္းထဲကေတာ့ မဟုတ္ဘူး။ တပ္ဧရိယာနားကေပါ့၊ ေလယာဥ္ကြင္းရပ္ကြက္မွာ ေတာင္ ကုန္းေတြရွိတယ္။ အဲဒါကို အျမဲတမ္းပဲ တပ္က လံုၿခံုေရးယူထားတယ္ေလ။ အဲမွာ ေန႔ေရာ ညေရာ သူတုိ႔လူေတြရွိတာကို။ ေအာက္ရြာနဲ႔ ေလယာဥ္ကြင္းနား အဲဒီက ပစ္တယ္။ ေနာက္တခါ အမ္းေတာင္ကုတ္လမ္းဘက္မွာ စစ္ေဆးေရးဂိတ္ေတြ ရွိတယ္။ အဲဒီဘက္က ပစ္တယ္။ ေနာက္တခုက ရန္ကုန္-စစ္ေတြလမ္းမွာ ၃၇၃ တပ္ဆိုတာရွိတယ္၊ အဲဒီဘက္ကပစ္တယ္၊ တဘက္တည္းပစ္တာပါ။ အျပန္အလွန္ပစ္တာမ်ိဳးမဟုတ္ပါ တဘက္တည္းပါ။”

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား စစ္ေရးတင္းမာေနတဲ့အခ်ိန္မွာ အခုလို ပစ္ခတ္သံေတြ ၾကားရတဲ့ အတြက္ စိုးရိမ္ရသလို ျမန္မာစစ္တပ္ဘက္ကလည္း အမ္းၿမိဳ႕ေပၚေနအိမ္ေတြကိ မၾကာခဏစစ္ေဆးေနတာေတြရွိတာေၾကာင့္ စိုးရိမ္မွုေတြ တိုးလာေနတယ္လို႔ အမ္းေဒသခံ အမ်ိဳးသမီး တဦးကလည္း အခုလို ေျပာပါတယ္။

“အခ်ိန္မေတာ္ႀကီးေပါ့ေနာ္ ေသနတ္သံေတြ ၾကားရတယ္ဆိုေတာ့ ေတာ္ေတာ္စုိးရိမ္ သြား တယ္။ အစကေတာ့ ဘာျဖစ္တာလဲပါ့။ ေနာက္ထပ္လည္း အသံေတြ ၾကားရေတာ့ ပိုၿပီးေတာ့ စုိးရိမ္လာၾကာတယ္ စစ္ျဖစ္မလားေပါ့။ တိုက္ပြဲျဖစ္ေနတာလည္း ဒီထက္ပိုၿပီးဆုိး လာမလား၊ အဲလို မ်ိဳးေတြ တေယာက္နဲ႔ တေယာက္ စိုးရိမ္မွုေတြ ရွိလာၾကတယ္။ အရင္ကဆိုရင္ လမ္းေပၚမွာ သြားလာေနၾကတာလည္းရွိတယ္။ ဒီလိုအသံေတြ ၾကားလာရေတာ့ နည္းနည္းတိတ္ဆိတ္သြားတာေပါ့ေနာ္၊ တခ်ိဳ႕ဆိုလို႔ရွိရင္ ရပ္ကြက္ထဲမွာေပါ့ေနာ္ သံုးရက္ တခါေလာက္ ျဖစ္ျဖစ္ တရက္တခါေလာက္ျဖစ္ျဖစ္ ဧည့္စာရင္းစစ္တာေတြရွိတယ္။ ေသနတ္အျပည့္၊ လက္နက္အျပည့္နဲ႔ အဲလိုမ်ိဳးေတြလည္း ရွိေနတဲ့အခါက်ေတာ့ ညအိပ္ရတာ ေတာင္ အဆင္မေျပဘူး။ ထိတ္လန္႔ေနရတယ္။”

စစ္ေကာင္စီနဲ႔ AA ရခိုင္အဖြဲ႔တို႔ၾကား ဆက္ဆံေရးတင္းမာၿပီး အျပန္အလွန္ၿခိမ္း ေျခာက္ေျပာဆိုမႈေတြရွိေနပါတယ္။ ေဒသတြင္းအုပ္ခ်ဳပ္ေရးကို AA ဘက္က ေႏွာင့္ယွက္ေနတဲ့သေဘာ စစ္ေကာင္စီက စြပ္စြဲေျပာသလို AA ဘက္ကေတာ့ သူတို႔ထိန္းခ်ဳပ္တဲ့နယ္ေျမမွာ သူတို႔ရဲ႕လုပ္ပိုင္ခြင့္ကို ေဆာင္႐ြက္တာလို႔ အခိုင္အမာေျပာ ေနပါတယ္။

AA အဖြဲ႔ရဲ႕စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ုပ္ထြန္းျမတ္ႏိုင္ကလည္း AA ရဲ႕ ရခိုင္ျပည္တြင္း လုပ္ေဆာင္ ခ်က္ေတြကို ေနွာင့္ယွက္ေနတာေၾကာင့္ အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္ တိုင္းမွူးကို သတိေပးေျပာဆိုထားတာလည္းရွိပါတယ္။ အဲဒီေနာက္ပိုင္း ေသနတ္သံေတြ ၾကားရတာေၾကာင့္ ၿမိဳ႕ေပၚအထိ တိုက္ပြဲျဖစ္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကတာျဖစ္တယ္လို႔ အမ္းေဒသခံတဦးကေျပာပါတယ္။

“အခုက က်ေနာ္တို႔ ၿမိဳ႕ေပၚေတြမွာလည္း မျဖစ္ဘူးလို႔ ေျပာလို႔မရေတာ့ စိုးရိမ္စိတ္ကေတာ့ ပိုမ်ားတာေပါ့၊ ဒီအသံကေတာ့ အရင္တုန္းကလည္း ၾကားေတာ့ ၾကားဖုူးေနၾကၿပီ၊ ျဖစ္လည္း ျဖစ္ၿပီးၿပီ။ ျဖစ္ဖူးတယ္ဆိုတာက ျပည္သူလူထုနဲ႔ ထိပ္တုိက္ေတြ႔တာေတာ့မဟုတ္ပါဘူး။ သူတုိ႔မၾကာခဏ ပစ္လည္းပစ္ေနၾကတယ္။ ဒါေပမယ့္ အဲေလာက္ထိ မစိုးရိမ္ၾကဘူး။ အခုက ဟိုဘက္ကလည္း ျပည္သူေတြ သတိရွိရွိေနၾကဖို႔ ေျပာထားတာ တခုရယ္၊ ေနာက္ၿပီးေတာ့ နပခအထိ တက္ႀကိတ္မယ္ဆိုတဲ့ဟာက်ေတာ့ ၿမိဳ႕ခံေတြကေတာ့ ပိုၿပီး စိုးရိမ္တာ ေပါ့ေနာ္၊ တကယ္ျပင္းျပင္းထန္ ထန္ျဖစ္ၾကေတာ့ မလားဆိုၿပီးစိုးရိမ္စိတ္က ေတာ့ ပိုမ်ားတာ ပါ့။”

လက္ရွိမွာလည္း အမ္းၿမိဳ႕႔နယ္အတြင္းမွာ စစ္ေဆးမွုေတြ တင္းၾကပ္ထားတယ္လို႔လည္း အမ္းေဒသခံတဦးကေျပာပါတယ္။

“သူတို႔စစ္ေရး တင္းမာေနတဲ့အခါက်ေတာ့ ျပည္သူေတြအေနနဲ႔ ေနရခက္တယ္၊ အေနအစားမေရွာင္ဘူး၊ အခုဆိုလို႔ရွိရင္အဲလို ျဖစ္ၿပီးတဲ့ေနာက္ အမ္းၿမိဳ႕နယ္ေတြထဲမွာ ဆိုလို႔ရွိရင္ ဆန္ဆိုင္တို႔ ဘိလပ္ေျမဆိုင္တို႔ ပိတ္တာေတြရွိတယ္၊ သြားလာေရးခက္ခဲတာေတြျဖစ္လာတယ္၊ တေနရာကို သြားေတာ့မယ္ဆိုလို႔ရွိရင္ အစစ္အေဆးအရမ္းမ်ားတယ္။ ဆိုင္ကယ္နဲ႔ သြားရင္ ဆိုက္ကယ္ ေဘာက္ေတြကို လွန္ျပရတာမ်ိုးေတြအထိရွိတယ္”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္ကစၿပီး စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ တို႔ၾကား ႏွစ္ဖက္နားလည္မႈနဲ႔ အပစ္ရပ္ထားၾကေပမယ့္ လက္ရွိမွာေတာ့ ႏွစ္ဖက္ၾကားတင္းမာမႈေတြ တိုးလာေနပါတယ္။

စစ္ေကာင္စီကေတာ့ ရခိုင္ျပည္နယ္အတြင္းအုပ္ခ်ဳပ္ေရးပိုင္းေႏွာင့္ယွက္မႈေတြကို ထိမ္းထိမ္းသိမ္းသိမ္းနဲ႔ေဆာင္႐ြက္ေနတယ္လို႔ ေျပာေနပါတယ္။ ဒါဟာ ရခိုင္ျပည္သူေတြ ထိခိုက္မွာ စိုးရိမ္ လို႔ျဖစ္ၿပီး ဒါကိုမွ ျပႆနာတရပ္ျဖစ္လာရင္ေတာ့ အဆိုးမဆိုဖို႔ဆိုၿပီး စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတိေပး ေျပာၾကားခဲ့ပါတယ္။

ရခိုင္လက္နက္္ကိုင္ AA အဖြဲ႔ဘက္လည္း စစ္ေကာင္စီအေနနဲ႔ ျပည္သူေတြကို လူမ်ိဳးတုန္း သတ္ျဖတ္ဖို႔ အစီစဥ္ရွိတယ္လို႔ စြပ္စြဲေျပာဆိုထားေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရခိုင်၊ အမ်းမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြား

ရခိုင်ပြည်နယ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်တဲ့ အမ်းမြို့ပေါ်မှာ မနေ့က ညနေအပိုင်းက သေနတ်ပစ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ AA ရခိုင်အဖွဲ့ထိန်းချုပ်ရာ ရခိုင်ဒေသမှာ စစ်ကောင်စီတပ်လှုပ်ရှားမှုတွေတိုးလာကြောင့် ပြန်ပြီး ထိပ်တိုက်တွေ့လာစ်နိုင်တယ်လို့ AA ခေါင်းဆောင်ပိုင်းက သတိပေးပြောဆိုနေချိန်မှာပဲ အခုလို ပစ်ခတ်သံတွေ ကြားလာရတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေမြင့် တက်လာနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်တဲ့ အမ်းမြို့ပေါ်မှာ မနေ့က ညနေအပိုင်းလောက်က လက်နက်ကြီးလက်နက်ငယ်တွေ ပစ်သံခတ်သံတွေ ကြားရတာကြောင့် မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့ အမ်းမြို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ပစ်ခတ်သံတွေဟာ မြန်မာစစ်တပ်အခြေချနေထိုင်တဲ့ စခန်းအနီးတဝိုက်က ကြားရတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တာမျိုးမဟုတ်ဘဲ တဘက်တည်း ပစ်ခတ်သံတွေသာကြားရတယ်လို့ အမ်းမြို့ပေါ်နေထိုင်သူတဦးကပြောပါတယ်။

“တမြို့လုံးကြားတယ်။ မြို့အနားမှာ ဖြစ်တာကို။ အချိန်ကတော့ သိပ်မကြာပါဘူး။ ပစ်တာကတာ့ ၂ နေရာ ၃ နေရာ ပစ်တာ။ တနေရာကို လေးငါးခြောက်ချက်လောက်ပေါ့။ သူက တပ် အတွင်းထဲကတော့ မဟုတ်ဘူး။ တပ်ဧရိယာနားကပေါ့၊ လေယာဉ်ကွင်းရပ်ကွက်မှာ တောင် ကုန်းတွေရှိတယ်။ အဲဒါကို အမြဲတမ်းပဲ တပ်က လုံခြုံရေးယူထားတယ်လေ။ အဲမှာ နေ့ရော ညရော သူတို့လူတွေရှိတာကို။ အောက်ရွာနဲ့ လေယာဉ်ကွင်းနား အဲဒီက ပစ်တယ်။ နောက်တခါ အမ်းတောင်ကုတ်လမ်းဘက်မှာ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ အဲဒီဘက်က ပစ်တယ်။ နောက်တခုက ရန်ကုန်-စစ်တွေလမ်းမှာ ၃၇၃ တပ်ဆိုတာရှိတယ်၊ အဲဒီဘက်ကပစ်တယ်၊ တဘက်တည်းပစ်တာပါ။ အပြန်အလှန်ပစ်တာမျိုးမဟုတ်ပါ တဘက်တည်းပါ။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာနေတဲ့အချိန်မှာ အခုလို ပစ်ခတ်သံတွေ ကြားရတဲ့ အတွက် စိုးရိမ်ရသလို မြန်မာစစ်တပ်ဘက်ကလည်း အမ်းမြို့ပေါ်နေအိမ်တွေကိ မကြာခဏစစ်ဆေးနေတာတွေရှိတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ အမ်းဒေသခံ အမျိုးသမီး တဦးကလည်း အခုလို ပြောပါတယ်။

“အချိန်မတော်ကြီးပေါ့နော် သေနတ်သံတွေ ကြားရတယ်ဆိုတော့ တော်တော်စိုးရိမ် သွား တယ်။ အစကတော့ ဘာဖြစ်တာလဲပါ့။ နောက်ထပ်လည်း အသံတွေ ကြားရတော့ ပိုပြီးတော့ စိုးရိမ်လာကြာတယ် စစ်ဖြစ်မလားပေါ့။ တိုက်ပွဲဖြစ်နေတာလည်း ဒီထက်ပိုပြီးဆိုး လာမလား၊ အဲလို မျိုးတွေ တယောက်နဲ့ တယောက် စိုးရိမ်မှုတွေ ရှိလာကြတယ်။ အရင်ကဆိုရင် လမ်းပေါ်မှာ သွားလာနေကြတာလည်းရှိတယ်။ ဒီလိုအသံတွေ ကြားလာရတော့ နည်းနည်းတိတ်ဆိတ်သွားတာပေါ့နော်၊ တချို့ဆိုလို့ရှိရင် ရပ်ကွက်ထဲမှာပေါ့နော် သုံးရက် တခါလောက် ဖြစ်ဖြစ် တရက်တခါလောက်ဖြစ်ဖြစ် ဧည့်စာရင်းစစ်တာတွေရှိတယ်။ သေနတ်အပြည့်၊ လက်နက်အပြည့်နဲ့ အဲလိုမျိုးတွေလည်း ရှိနေတဲ့အခါကျတော့ ညအိပ်ရတာ တောင် အဆင်မပြေဘူး။ ထိတ်လန့်နေရတယ်။”

စစ်ကောင်စီနဲ့ AA ရခိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာပြီး အပြန်အလှန်ခြိမ်း ခြောက်ပြောဆိုမှုတွေရှိနေပါတယ်။ ဒေသတွင်းအုပ်ချုပ်ရေးကို AA ဘက်က နှောင့်ယှက်နေတဲ့သဘော စစ်ကောင်စီက စွပ်စွဲပြောသလို AA ဘက်ကတော့ သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဆောင်ရွက်တာလို့ အခိုင်အမာပြော နေပါတယ်။

AA အဖွဲ့ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း AA ရဲ့ ရခိုင်ပြည်တွင်း လုပ်ဆောင် ချက်တွေကို နှောင့်ယှက်နေတာကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးကို သတိပေးပြောဆိုထားတာလည်းရှိပါတယ်။ အဲဒီနောက်ပိုင်း သေနတ်သံတွေ ကြားရတာကြောင့် မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်တယ်လို့ အမ်းဒေသခံတဦးကပြောပါတယ်။

“အခုက ကျနော်တို့ မြို့ပေါ်တွေမှာလည်း မဖြစ်ဘူးလို့ ပြောလို့မရတော့ စိုးရိမ်စိတ်ကတော့ ပိုများတာပေါ့၊ ဒီအသံကတော့ အရင်တုန်းကလည်း ကြားတော့ ကြားဖုူးနေကြပြီ၊ ဖြစ်လည်း ဖြစ်ပြီးပြီ။ ဖြစ်ဖူးတယ်ဆိုတာက ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တာတော့မဟုတ်ပါဘူး။ သူတို့မကြာခဏ ပစ်လည်းပစ်နေကြတယ်။ ဒါပေမယ့် အဲလောက်ထိ မစိုးရိမ်ကြဘူး။ အခုက ဟိုဘက်ကလည်း ပြည်သူတွေ သတိရှိရှိနေကြဖို့ ပြောထားတာ တခုရယ်၊ နောက်ပြီးတော့ နပခအထိ တက်ကြိတ်မယ်ဆိုတဲ့ဟာကျတော့ မြို့ခံတွေကတော့ ပိုပြီး စိုးရိမ်တာ ပေါ့နော်၊ တကယ်ပြင်းပြင်းထန် ထန်ဖြစ်ကြတော့ မလားဆိုပြီးစိုးရိမ်စိတ်က တော့ ပိုများတာ ပါ့။”

လက်ရှိမှာလည်း အမ်းမြို့နယ်အတွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်ထားတယ်လို့လည်း အမ်းဒေသခံတဦးကပြောပါတယ်။

“သူတို့စစ်ရေး တင်းမာနေတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ နေရခက်တယ်၊ အနေအစားမရှောင်ဘူး၊ အခုဆိုလို့ရှိရင်အဲလို ဖြစ်ပြီးတဲ့နောက် အမ်းမြို့နယ်တွေထဲမှာ ဆိုလို့ရှိရင် ဆန်ဆိုင်တို့ ဘိလပ်မြေဆိုင်တို့ ပိတ်တာတွေရှိတယ်၊ သွားလာရေးခက်ခဲတာတွေဖြစ်လာတယ်၊ တနေရာကို သွားတော့မယ်ဆိုလို့ရှိရင် အစစ်အဆေးအရမ်းများတယ်။ ဆိုင်ကယ်နဲ့ သွားရင် ဆိုက်ကယ် ဘောက်တွေကို လှန်ပြရတာမျိုးတွေအထိရှိတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ထားကြပေမယ့် လက်ရှိမှာတော့ နှစ်ဖက်ကြားတင်းမာမှုတွေ တိုးလာနေပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးပိုင်းနှောင့်ယှက်မှုတွေကို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ဆောင်ရွက်နေတယ်လို့ ပြောနေပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးရိမ် လို့ဖြစ်ပြီး ဒါကိုမှ ပြဿနာတရပ်ဖြစ်လာရင်တော့ အဆိုးမဆိုဖို့ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်လည်း စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ဖို့ အစီစဉ်ရှိတယ်လို့ စွပ်စွဲပြောဆိုထားတွေလည်း ရှိပါတယ်။
============

XS
SM
MD
LG