သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူကိုၿခိမ္းေျခာက္ေျပာဆိုဟု စစ္ေကာင္စီကို AA စြပ္စြဲ


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနား (ဓါတ္ပံု- AA Info Desk) ယခင္မွတ္တမ္းဓာတ္ပံု

[[Zawgyi/Unicode]]


စစ္ေကာင္စီနဲ႔ AA ရခိုင္အဖြဲ႔တို႔ၾကား တင္းမာမႈေတြအၾကား အျပန္အလွန္ၿခိမ္းေျခာက္ေျပာဆိုမႈေတြရွိေနပါတယ္။ ေဒသတြင္းအုပ္ခ်ဳပ္ေရးကို AA ဘက္က ေႏွာင့္ယွက္ေနတဲ့သေဘာ စစ္ေကာင္စီက စြပ္စြဲေျပာသလို AA ဘက္ကေတာ့ သူတို႔ထိန္းခ်ဳပ္တဲ့နယ္ေျမမွာ သူတို႔ရဲ႕လုပ္ပိုင္ခြင့္ကို ေဆာင္႐ြက္တာလို႔ အခိုင္အမာေျပာေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ ေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္ကစၿပီး စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ တို႔ၾ ကား ႏွစ္ဘက္နားလည္မႈနဲ႔ အပစ္ရပ္ထားၾကေပမယ့္ လက္ရွိမွာေတာ့ ႏွစ္ဖက္အၾကားတင္းမာမႈေတြ တိုးလာေနပါတယ္။ စစ္ေကာင္စီကေတာ့ ရခိုင္ျပည္နယ္အတြင္းအုပ္ခ်ဳပ္ေရးပိုင္းေႏွာင့္ယွက္မႈေတြကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ေဆာင္႐ြက္ေနတယ္လို႔ ေျပာေနပါတယ္။ ဒါဟာ ရခိုင္ျပည္သူေတြ ထိခိုက္မွာ စိုးရိမ္လို႔ျဖစ္ၿပီး ဒါကိုမွ ျပႆနာတရပ္ျဖစ္လာရင္ေတာ့ အဆိုးမဆိုဖို႔ဆိုၿပီး စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မေန႔က သတင္းစာရွင္းလင္းပြဲမွာ သတိေပးခဲ့ပါတယ္။

“ဒီအခ်ိန္မွာ က်ေနာ္တို႔ လုပ္ေနတာက ထိန္းသိမ္းေနတာက ရခိုင္ျပည္သူလူထု ဒုကၡမေရာက္ေစခ်င္လို႔ ထိန္းသိမ္းေနတာမ်ိဳးျဖစ္ပါတယ္။ ထပ္ေျပာမယ္၊ ရခိုင္ျပည္သူလူထု ဒုကၡမေရာက္ေစခ်င္လို႔ ထိန္းသိမ္းေနတာျဖစ္ပါတယ္။ စိတ္ရွည္သည္းခံၿပီးေတာ့ ျပည္ေထာင္စုနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ က်ေနာ္တို႔ လုပ္ေနတာျဖစ္ပါတယ္။ အဲအတြက္ အခုျဖစ္ေနတာနဲ႔ ပတ္သက္ၿပီး ျပႆနာျဖစ္လာရင္ တပ္မေတာ္ကို အဆိုးမဆိုပါနဲ႔လို႔ပဲ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ စစ္ေကာင္စီဘက္က အခုလို ေျပာဆိုမႈဟာ ၿခိမ္းေျခာက္ တာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။

“မေန႔က သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ေျပာၾကားခ်က္ေတြကို ၿခဳံၿပီးေတာ့ သုံးသပ္ရမယ္ဆိုရင္ က်ေနာ္တို႔ရဲ႕ ျပည္သူေတြကို တိုက္႐ိုက္ၿခိမ္းေျခာက္တာျဖစ္တယ္ဗ်ာ၊ ဘာေၾကာင့္လဲဆိုေတာ့ တခုခုျဖစ္လာလို႔ရွိရင္ ဗမာစစ္တပ္ကို အဆိုးမဆိုနဲ႔ ဆိုတဲ့ စကားကို က်ေနာ္တို႔ေတြ႕တယ္။ ဒါကေတာ့ ျပည္သူေတြကို တိုက္႐ိုက္ၿခိမ္းေျခာက္တာ ျဖစ္သလို တခုခုျဖစ္လာလို႔ရွိရင္ ျပည္သူေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ပစ္မယ္ဆိုတဲ့ သူတို႔ျမန္မာစစ္တပ္ရဲ႕ အစီအစဥ္ကို တိုက္႐ိုက္ ရည္ၫြန္းေနတာျဖစ္တယ္လို႔ က်ေနာ္ကေတာ့ အဲလိုပဲ သုံးသပ္တယ္ဗ်ာ။”

၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ျမန္မာႏိုင္ငံတဝွမ္းျဖစ္ခဲ့ေပမယ့္ ရခိုင္ဘက္မွာေတာ့ ႀကီးႀကီးမားမားဆႏၵျပကန႔္ကြက္မႈေတြမရွိခဲ့ပါဘူး။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိပ္ကြပ္ခံရတဲ့ေနာက္ ဆႏၵျပသူေတြက စစ္ေကာင္စီကို လက္နက္ကိုင္ခုခံမႈေတြ ႏိုင္ငံေန ရာအေတာ္မ်ားမ်ားမွာ ႀကဳံခဲ့ေပမယ့္ ရခိုင္ေဒသမွာ စစ္ပြဲေတြကၿငိမ္သက္ေနတုန္းပါ။ ဒါေပမယ့္လည္း AA အဖြဲ႔ဟာ သူတို႔ထိန္းခ်ဳပ္ရာနယ္ေျမ အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးပိုင္း ေဆာင္႐ြက္လာပါတယ္။

ဒီလို ေဆာင္႐ြက္မႈ​ေတြဟာ သူတို႔အုပ္ခ်ဳပ္မႈကို ဝင္ေရာက္ေႏွာင့္ယွက္တာဆိုၿပီး စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“ေနာက္ပိုင္းမွာ AA အေနနဲ႔ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားေတြကို ဝင္ေရာက္လုပ္ေဆာင္တာ ေႏွာင့္ယွက္တာေတြေတာ့ေတြ႕ရပါတယ္။ ေတာ္ေတာ္ေတာ့ သည္းည္းခံရပါတယ္။ တရားစီရင္ေရးက အစ သူတို႔ဆီမွာ တရားစီရင္ရမယ္ဆိုတာမ်ိဳး ေတြ႕ရပါတယ္။ ေနာက္တခုကေတာ့ AA အေနနဲ႔ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ အရင္ကလည္း လုပ္ပါတယ္။ ၂၀၂၂ ဇန္နဝါရီလေလာက္ကစၿပီးေတာ့ နည္းနည္းေလး ပိုၿပီးေတာ့ စိပ္လာတယ္။ စိပ္လာတယ္ဆိုတာ ဘဂၤလီေတြ လိုက္လံစည္း႐ုံးတာ၊ က်ေနာ္တို႔ သိရတဲ့ မွတ္တမ္းအရဆိုရင္ အနည္းဆုံး ၁၀ ႀကိမ္ ေလာက္ရွိၿပီး သူတို႔ဘာေတြ စည္း႐ုံးခဲ့လဲဆိုတာကို က်ေနာ္သိၿပီးျဖစ္တယ္။ ေနာက္ပိုင္းမွာ AA အေနနဲ႔ သူတို႔ ေျပာတဲ့ စကားေတြထဲမွာ ဘာေတြ ျဖစ္လာလဲဆိုေတာ့ တိုက္ပြဲကို ေခၚေနတဲ့ ပုံစံမ်ိဳး၊ လက္နက္ကိုင္ပဋိပကၡကို ေခၚေနတဲ့ ပုံစံမ်ိဳး က်ေနာ္တို႔ ေတြ႕လာရတယ္။ တိုင္းစစ္ဌာနာခ်ဳပ္ကို ၿခိမ္းေျခာက္လာတာေတြ႕ရတယ္။”

ရခိုင္ျပည္နယ္ဟာ ျမန္မာႏိုင္ငံထဲ အျခားတိုင္းနဲ႔ျပည္နယ္ေတြနဲ႔ယွဥ္ရင္ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္ အက်ဆုံးျဖစ္သလို စားဝတ္ေနေရးအဆင္မေျပတာေတြ အလုပ္အကိုင္အခြင့္အလမ္း ရွားပါးတာေတြနဲ႔ စီးပြားေရး ၾကပ္တည္းတာေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ စစ္ေကာင္စီအေနနဲ႔ အဲဒီ့ျပႆနာေတြကို ေျဖရွင္းဖို႔ မႀကိဳးစားဘဲ ရခိုင္ေဒသဘက္မွာ စစ္အင္အားတိုးခ်ဲ႕ေနတယ္လို႔ လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဗြီအိုေအကိုေျပာပါတယ္။

“စစ္ပြဲျဖစ္ရင္ ျပည္သူေတြ နစ္နာမယ္ဆိုတာကေတာ့ ဒါ ထမင္းစားတဲ့ သူတိုင္းသိတဲ့ ကိစၥျဖစ္တယ္။ အခုက စစ္မျဖစ္ဘဲနဲ႔ က်ေနာ္တို႔ရခိုင္ျပည္သူေတြကို ငတ္ျပတ္ေအာင္ လုပ္ေနတာကေတာ့ ပိုၿပီးေတာ့မွ ခံရခက္တယ္၊ အခုက က်ေနာ္တို႔ ရခိုင္ျပည္နယ္ထဲမွာ စစ္ျဖစ္ေနတာထက္ ပိုၿပီးေတာ့ ဆိုး႐ြားတဲ့ ငတ္ျပတ္မႈေတြ ဒီ စီးပြားေရး အက်ပ္အတည္းေတြ ရခိုင္ျပည္ကလူေတြ အလုပ္အကိုင္မရွိတာရယ္၊ ေနာက္ကုန္ပစၥည္းေတြ အဆမတန္ ေဈးတက္တာေတြေၾကာင့္ အမ်ိဳးမ်ိဳးဒုကၡခံေနရတာေတြဟာ အမ်ားႀကီး အခက္အခဲေတြ ျဖစ္လာေနၾကတယ္။ ဒီဟာေတြ ကို ေျပလည္ေအာင္ ေျဖရွင္းဖို႔မႀကိဳးစားဘဲနဲ႔ ပိုၿပီးေတာ့ လုံၿခဳံေရးေတြ တင္းၾကပ္လာတာကေတာ့ ျမန္မာစစ္တပ္ဟာ ဘယ္ဘက္ကို ဦးတည္ၿပီးေတာ့ သြားေနသလဲဆို အားလုံးသိတဲ့ ကိစၥျဖစ္တယ္။”

လက္ရွိမွာေတာ့ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား ႏွစ္တင္းမာမႈေတြျမင့္တက္လာေနတာေၾကာင့္ တိုက္ပြဲ ျဖစ္ပြားမွာကို စိုးရိမ္ေနၾကပါတယ္။ ကုန္ေဈးႏႈန္းေတြတက္ၿပီး ကုန္သြယ္သြားလာမႈခက္ခဲခ်ိန္မွာ တိုက္ပြဲျဖစ္လာရင္ ပိုၿပီး ဒုကၡေရာက္မွာ ျပည္သူေတြက စိုးရိမ္ၾကတာပါ။ ဒါ့အျပင္ ရခိုင္ျပည္နယ္တြင္း ရခိုင္လက္နက္ကိုင္AA အဖြဲ႕ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြကို ျမန္မာစစ္တပ္ဖက္က ဝင္ေရာက္ဟန႔္တားတာ၊ ေဒသခံတခ်ိဳ႕ကို AA နဲ႔ ဆက္စပ္တယ္ ဆိုၿပီး ဖမ္းဆီးေနတာေတြပါ ရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ တခ်ိန္တည္းမွာ အခုလို အျပန္အလွန္ထိပ္တိုက္ျဖစ္ေနတာမို႔ စစ္ေရးတင္းမာၿပီး အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တဲ့အတြက္ ျပည္သူေတြ သတိထားသြားလာၾကဖို႔ AA ဘက္က ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း သတိေပးထားပါတယ္။

ျမန္မာစစ္ေကာင္စီအေနနဲ႔ အခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္ၿပီး ၿငိမ္းခ်မ္းေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြကို သူကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမယ္လို႔ စစ္ေကာင္စီအႀကီးအကဲကလည္း ကမ္းလွမ္းထားပါတယ္။ ဒီ ကမ္းလွမ္းခ်က္အေပၚမွာေတာ့ AA ဘက္က ယတိျပတ္တုံ႔ျပန္တာမ်ိဳးမရွိဘဲ ေစာင့္ၾကည့္သြားမယ္လို႔သာ သေဘာထားေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပြည်သူကိုခြိမ်းခြောက်ပြောဆိုဟု စစ်ကောင်စီကို AA စွပ်စွဲ


စစ်ကောင်စီနဲ့ AA ရခိုင်အဖွဲ့တို့ကြား တင်းမာမှုတွေအကြား အပြန်အလှန်ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပါတယ်။ ဒေသတွင်းအုပ်ချုပ်ရေးကို AA ဘက်က နှောင့်ယှက်နေတဲ့သဘော စစ်ကောင်စီက စွပ်စွဲပြောသလို AA ဘက်ကတော့ သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဆောင်ရွက်တာလို့ အခိုင်အမာပြောနေပါတယ်။ ဒီအကြောင်း ရန်ကုန် ပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကစပြီး စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ြ ကား နှစ်ဘက်နားလည်မှုနဲ့ အပစ်ရပ်ထားကြပေမယ့် လက်ရှိမှာတော့ နှစ်ဖက်အကြားတင်းမာမှုတွေ တိုးလာနေပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးပိုင်းနှောင့်ယှက်မှုတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်နေတယ်လို့ ပြောနေပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးရိမ်လို့ဖြစ်ပြီး ဒါကိုမှ ပြဿနာတရပ်ဖြစ်လာရင်တော့ အဆိုးမဆိုဖို့ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

“ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးဖြစ်ပါတယ်။ ထပ်ပြောမယ်၊ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ အဲအတွက် အခုဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

AA ပြောခွင့်ရသူ ခိုင်သုခကတော့ စစ်ကောင်စီဘက်က အခုလို ပြောဆိုမှုဟာ ခြိမ်းခြောက် တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်တွေကို ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ တခုခုဖြစ်လာလို့ရှိရင် ဗမာစစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုတဲ့ စကားကို ကျနော်တို့တွေ့တယ်။ ဒါကတော့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို တခုခုဖြစ်လာလို့ရှိရင် ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက် ရည်ညွန်းနေတာဖြစ်တယ်လို့ ကျနော်ကတော့ အဲလိုပဲ သုံးသပ်တယ်ဗျာ။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံတဝှမ်းဖြစ်ခဲ့ပေမယ့် ရခိုင်ဘက်မှာတော့ ကြီးကြီးမားမားဆန္ဒပြကန့်ကွက်မှုတွေမရှိခဲ့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြမှုတွေ အကြမ်းဖက်နှိပ်ကွပ်ခံရတဲ့နောက် ဆန္ဒပြသူတွေက စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံနေ ရာအတော်များများမှာ ကြုံခဲ့ပေမယ့် ရခိုင်ဒေသမှာ စစ်ပွဲတွေကငြိမ်သက်နေတုန်းပါ။ ဒါပေမယ့်လည်း AA အဖွဲ့ဟာ သူတို့ထိန်းချုပ်ရာနယ်မြေ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်း ဆောင်ရွက်လာပါတယ်။

ဒီလို ဆောင်ရွက်မှုတွေဟာ သူတို့အုပ်ချုပ်မှုကို ဝင်ရောက်နှောင့်ယှက်တာဆိုပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“နောက်ပိုင်းမှာ AA အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်တာ နှောင့်ယှက်တာတွေတော့တွေ့ရပါတယ်။ တော်တော်တော့ သည်းည်းခံရပါတယ်။ တရားစီရင်ရေးက အစ သူတို့ဆီမှာ တရားစီရင်ရမယ်ဆိုတာမျိုး တွေ့ရပါတယ်။ နောက်တခုကတော့ AA အနေနဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အရင်ကလည်း လုပ်ပါတယ်။ ၂၀၂၂ ဇန်နဝါရီလလောက်ကစပြီးတော့ နည်းနည်းလေး ပိုပြီးတော့ စိပ်လာတယ်။ စိပ်လာတယ်ဆိုတာ ဘင်္ဂလီတွေ လိုက်လံစည်းရုံးတာ၊ ကျနော်တို့ သိရတဲ့ မှတ်တမ်းအရဆိုရင် အနည်းဆုံး ၁၀ ကြိမ် လောက်ရှိပြီး သူတို့ဘာတွေ စည်းရုံးခဲ့လဲဆိုတာကို ကျနော်သိပြီးဖြစ်တယ်။ နောက်ပိုင်းမှာ AA အနေနဲ့ သူတို့ ပြောတဲ့ စကားတွေထဲမှာ ဘာတွေ ဖြစ်လာလဲဆိုတော့ တိုက်ပွဲကို ခေါ်နေတဲ့ ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့လာရတယ်။ တိုင်းစစ်ဌာနာချုပ်ကို ခြိမ်းခြောက်လာတာတွေ့ရတယ်။”

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နောက် အကျဆုံးဖြစ်သလို စားဝတ်နေရေးအဆင်မပြေတာတွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာတွေနဲ့ စီးပွားရေး ကြပ်တည်းတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်ကောင်စီအနေနဲ့ အဲဒီ့ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားဘဲ ရခိုင်ဒေသဘက်မှာ စစ်အင်အားတိုးချဲ့နေတယ်လို့ လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“စစ်ပွဲဖြစ်ရင် ပြည်သူတွေ နစ်နာမယ်ဆိုတာကတော့ ဒါ ထမင်းစားတဲ့ သူတိုင်းသိတဲ့ ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာကတော့ ပိုပြီးတော့မှ ခံရခက်တယ်၊ အခုက ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ ဆိုးရွားတဲ့ ငတ်ပြတ်မှုတွေ ဒီ စီးပွားရေး အကျပ်အတည်းတွေ ရခိုင်ပြည်ကလူတွေ အလုပ်အကိုင်မရှိတာရယ်၊ နောက်ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက်တာတွေကြောင့် အမျိုးမျိုးဒုက္ခခံနေရတာတွေဟာ အများကြီး အခက်အခဲတွေ ဖြစ်လာနေကြတယ်။ ဒီဟာတွေ ကို ပြေလည်အောင် ဖြေရှင်းဖို့မကြိုးစားဘဲနဲ့ ပိုပြီးတော့ လုံခြုံရေးတွေ တင်းကြပ်လာတာကတော့ မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးတော့ သွားနေသလဲဆို အားလုံးသိတဲ့ ကိစ္စဖြစ်တယ်။”

လက်ရှိမှာတော့ AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နှစ်တင်းမာမှုတွေမြင့်တက်လာနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ကုန်သွယ်သွားလာမှုခက်ခဲချိန်မှာ တိုက်ပွဲဖြစ်လာရင် ပိုပြီး ဒုက္ခရောက်မှာ ပြည်သူတွေက စိုးရိမ်ကြတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်AA အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို မြန်မာစစ်တပ်ဖက်က ဝင်ရောက်ဟန့်တားတာ၊ ဒေသခံတချို့ကို AA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးနေတာတွေပါ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချိန်တည်းမှာ အခုလို အပြန်အလှန်ထိပ်တိုက်ဖြစ်နေတာမို့ စစ်ရေးတင်းမာပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာကြဖို့ AA ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သတိပေးထားပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ကောင်စီအကြီးအကဲကလည်း ကမ်းလှမ်းထားပါတယ်။ ဒီ ကမ်းလှမ်းချက်အပေါ်မှာတော့ AA ဘက်က ယတိပြတ်တုံ့ပြန်တာမျိုးမရှိဘဲ စောင့်ကြည့်သွားမယ်လို့သာ သဘောထားပေးထားပါတယ်။
============

XS
SM
MD
LG