[[Zawgyi/Unicode]]
ရခိုင္ျပည္နယ္တြင္း စစ္ေျပးဒုကၡသည္စခန္းတခ်ိဳ႕မွာ ပုံမွန္ေထာက္ပံ့ေနတဲ့ စားနပ္ရိကၡာေတြ အရင္လို မရေတာ့တာေၾကာင့္ ဒုကၡသည္ေတြ စားဝတ္ေနေရးအခက္ႀကဳံေနပါတယ္။ ျပည္နယ္ အတြင္းမွာ စစ္ပြဲေတြမရွိေတာ့တာေၾကာင့္ ေနရပ္ျပန္မယ္ဆိုရင္ ကူညီေထာက္ပံ့မႈေပးမယ္လို႔ ျပည္နယ္ေကာင္စီကေတာ့ ကမ္းလွမ္းထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေရးသားေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းက စက္မႈဇုန္စစ္ေဘးဒုကၡသည္စခန္းမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ဒုတိယအပတ္ေလာက္ကတည္းက စားနပ္ရိကၡေထာက္ပံ့တာေတြမရွိေတာ့တာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စားဝတ္ေနေရးအခက္ႀကဳံေနရပါတယ္။
စစ္ေဘးဒုကၡသည္ေတြကို ပုံမွန္ေထာက္ပံ့ေနတဲ့ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ဆန္ရိကၡာေတြ လာမပို႔ေသးတာေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနၾကတာျဖစ္တယ္လို႔လည္း စစ္မႈဇုန္စစ္ေဘးဒုကၡသည္စခန္းတာဝန္ခံဦးေက်ာ္သန္းက ေျပာပါတယ္။
“ရိကၡာကေတာ့ ဆန္အဓိကေပါ့။ ဆန္ကမေရာက္ဘူး၊ ျပတ္ေနတယ္။ ဆန္က ၂ လပိုင္း ၁၂ ရက္ေန႔က စၿပီးေတာ့ ျပတ္ေနတာ။ ဒီေန႔အထိ မေရာက္ႏိုင္ေသးဘူး။ တျခားအဖြဲ႔အစည္းေတြက ဆန္ေပးတာလည္းမရွိဘူးခင္ဗ်ာ။ ရိကၡာျပတ္ေနတဲ့အတြက္ အခု စားေသာက္ေနရတာေတာ့ ေတာ္ေတာ္အခက္အခဲျဖစ္ေနၿပီ။ ရွိတဲ့သူေတြဆီက ေခ်းငွားၿပီးေတာ့ စားေနရတယ္။ တခ်ိဳ႕မွာလည္း သားသမီးေတြကို အလုပ္အငွားရွာခိုင္းၿပီးေတာ့ လုပ္လို႔ရတာနဲ႔ စားတယ္။ တခ်ိဳ႕မွာဆိုရင္ နားကပ္ေတြကို ေရာင္းၿပီးေတာ့ ေပါင္ၿပီးေတာ့ ေဈးက ဆန္ေတြဝယ္ၿပီးေတာ့ စားရတာရွိတယ္။”
ပုဏၰားကြၽန္းစက္မႈံဇုန္ဒုကၡသည္စခန္းမွာ ၆၀၀ ေက်ာ္ေလာက္ရွိေနၿပီး ရခိုင္ျပည္နယ္အတြင္းက သာစည္၊ ေက်ာက္ဆိပ္၊ ပိႏၷဲေတာ၊ ဒိုးတန္းနဲ႔ (ခ်င္းျပည္နယ္) ပလက္ဝၿမိဳ႕နယ္ ႏွာမဒါ ေက်း႐ြာေတြကလူေတြ ၂၀၁၉ အကုန္ပိုင္းေလာက္ကတည္းက ထြက္ေျပးလာၾကတာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေတာင္မင္းကလား စစ္ေဘးဒုကၡသည္စခန္းမွာလည္း အလႉရွင္ေတြ မလာေတာ့တာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ မေအးခိုင္က ေျပာပါတယ္။
“ဒီလမွာေတာ့ စားဝတ္ေနေရးအဆင္မေျပဘူး။ ဘာအဖြဲ႔မွ မလာေသးဘူ။ အရင္ေပးေနက် လူကယ္ျပန္လည္း မလာေသးဘူး။ WFP လည္းမလာေသးဘူး။ တခ်ိဳ႕က်ေတာ့ ေန႔စား အလုပ္ရွိေတာ့ အဆင္ေျပေနေသးတယ္။ အလုပ္မရွိတဲ့သူေတြကေတာ့ စားစရာမရွိေတာ့ဘူး။”
ဝါးေတာင္ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို စားနပ္ရိကၡာေတြေထာက္ပံ့ေနတဲ့ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ (WFP) က လူတေယာက္ကို တလမွာ က်ပ္ ၁၇,၀၀၀ အထိ ေထာက္ပံ့ေပးထားသလို လူကယ္ျပန္ကလည္း တရက္ကို ဆန္ႏို႔စည္ႏွစ္ဗူးက်စီ ေထာက္ပံ့ေပးေနတာလည္း ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီလအတြင္းမွာေထာက္ပံ့မႈေတြ ရပ္တန႔္ေနသလို လက္ရွိမွာ ကုန္ေဈးႏႈန္းေတြလည္း အဆမတန္ျမင့္တက္ေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စားနပ္ရိကၡာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကတာျဖစ္တယ္လို႔ ေတာင္မင္းကလား စစ္ေဘးဒုကၡသည္ မေအးခိုင္ကေျပာပါတယ္။
“WFP ကေတာ့ တလကို လူတစ္ေယာက္ကို ၁၇,၀၀၀ ေပးတယ္။ ဒီမွာက အခုကုန္ေဈးႏႈန္း ေတြတက္ေနေတာ့ သူတို႔ေပးတာနဲ႔ မေလာက္ေတာ့ဘူး။ အရင္တုန္းကဆိုရင္ ဆီတပု လင္းကို ၂,၅၀၀ေလာက္ပဲရွိတာ။ အခုက ၅,၅၀၀ ေပးရတယ္။ အဲတာေၾကာင့္ မေလာက္ ေတာ့တာ။ လူကယ္ျပန္ကလည္း တရက္ကို လူတေယာက္ကို ဆန္ မနက္ ႏို႔ဆီတဗူး ညတဗူး ေပးတယ္။ ဒီမွာ စားတဲ့သူေတြကေတာ့ ဆန္ႏို႔ဆီတဗူးနဲ႔ မေလာက္ဘူးေလဟုတ္။”
ရခိုင္ျပည္နယ္အတြင္း စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြလည္း ရပ္တန႔္ေနတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ ေနရပ္ျပန္မယ္ဆိုရင္ အိမ္ေထာင္စုတခုကို ေငြက်ပ္ ငါးသိန္းစီေထာက္ပံ့ေပးမယ္လို႔လည္း ျပည္နယ္ ေကာင္စီေျပာခြင့္ရက ၿပီးခဲ့တဲ့ အပတ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆို ကမ္းလွမ္းခဲ့ပါတယ္။
စစ္ေဘးဒုကၡသည္ေတြတခ်ိဳ႕ကလည္း လုံၿခဳံေရးအာမခံခ်က္မရွိတာေၾကာင့္ ေနရပ္မျပန္ၾကသလို တခ်ိဳ႕ကလည္းေနရပ္ျပန္ဖို႔ သက္ဆိုင္ရာတာဝန္ရွိသူေတြဆီမွာ စာရင္းေပးထားၾကတာေတြလည္းရွိပါတယ္။ ေနရပ္ျပန္ဖို႔ စာရင္းေပးထားတဲ့ စစ္ေဘးဒုကၡသည္တဦးျဖစ္တဲ့ ပလက္ဝၿမိဳ႕နယ္က ဦးေက်ာ္သန္းကေတာ့ အခုအခ်ိန္ထိ ေနရပ္ျပန္ဖို႔ အေၾကာင္းၾကားလာတာမရွိေသးဘူးလို႔ ေျပာပါတယ္။
“က်ေနာ္တို႔ကေတာ့ ျပန္မယ္ဆိုတဲ့ စာရင္းေပးထားပါတယ္ခင္ဗ်ာ၊ ဒါေပမယ့္ အခုအခ်ိန္ထိ ဘာမွ ေမးလည္းမေမးဘူး၊ ပိုက္ဆံေပးမယ္ဆိုတဲ့ စကားလည္း အခုအခ်ိန္ထိ ေျပာတာေတာ့ မၾကားဘူးခင္ဗ်ာ။”
လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စစ္ေဘးဒုကၡသည္စခန္း ၁၀၀ ေက်ာ္အထိ ရွိေနၿပီး ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့ စစ္ေဘးဒုကၡသည္ ၇ ေသာင္းေက်ာ္အထိရွိေနပါတယ္။ ရခိုင္ေျမာက္ပိုင္းမွာ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန႔္ခြာခဲ့ရတာပါ။ အခုေနာက္ပိုင္း AA နဲ႔ ျမန္မာစစ္တပ္အၾကား အပစ္အခတ္ရပ္စဲထားေပးမယ့္လည္း အေတာ္မ်ားမ်ားကေတာ့ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။
#RakhineConflict #RakhineIDPs #VOABurmese #ရခိုင္ #စစ္ေျပးဒုကၡသည္ #စားနပ္ရိကၡာ #လူကယ္ျပန္ #WFP #ဗီြအိုေအ
============
[[Unicode]]
ရခိုင် စစ်ပြေးဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့များလျော့နည်းလာ
ရခိုင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်စခန်းတချို့မှာ ပုံမှန်ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာတွေ အရင်လို မရတော့တာကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေးအခက်ကြုံနေပါတယ်။ ပြည်နယ် အတွင်းမှာ စစ်ပွဲတွေမရှိတော့တာကြောင့် နေရပ်ပြန်မယ်ဆိုရင် ကူညီထောက်ပံ့မှုပေးမယ်လို့ ပြည်နယ်ကောင်စီကတော့ ကမ်းလှမ်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စက်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကတည်းက စားနပ်ရိက္ခထောက်ပံ့တာတွေမရှိတော့တာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးအခက်ကြုံနေရပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ပုံမှန်ထောက်ပံ့နေတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာတွေ လာမပို့သေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတာဖြစ်တယ်လို့လည်း စစ်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံဦးကျော်သန်းက ပြောပါတယ်။
“ရိက္ခာကတော့ ဆန်အဓိကပေါ့။ ဆန်ကမရောက်ဘူး၊ ပြတ်နေတယ်။ ဆန်က ၂ လပိုင်း ၁၂ ရက်နေ့က စပြီးတော့ ပြတ်နေတာ။ ဒီနေ့အထိ မရောက်နိုင်သေးဘူး။ တခြားအဖွဲ့အစည်းတွေက ဆန်ပေးတာလည်းမရှိဘူးခင်ဗျာ။ ရိက္ခာပြတ်နေတဲ့အတွက် အခု စားသောက်နေရတာတော့ တော်တော်အခက်အခဲဖြစ်နေပြီ။ ရှိတဲ့သူတွေဆီက ချေးငှားပြီးတော့ စားနေရတယ်။ တချို့မှာလည်း သားသမီးတွေကို အလုပ်အငှားရှာခိုင်းပြီးတော့ လုပ်လို့ရတာနဲ့ စားတယ်။ တချို့မှာဆိုရင် နားကပ်တွေကို ရောင်းပြီးတော့ ပေါင်ပြီးတော့ ဈေးက ဆန်တွေဝယ်ပြီးတော့ စားရတာရှိတယ်။”
ပုဏ္ဏားကျွန်းစက်မှုံဇုန်ဒုက္ခသည်စခန်းမှာ ၆၀၀ ကျော်လောက်ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းက သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ ဒိုးတန်းနဲ့ (ချင်းပြည်နယ်) ပလက်ဝမြို့နယ် နှာမဒါ ကျေးရွာတွေကလူတွေ ၂၀၁၉ အကုန်ပိုင်းလောက်ကတည်းက ထွက်ပြေးလာကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက တောင်မင်းကလား စစ်ဘေးဒုက္ခသည်စခန်းမှာလည်း အလှူရှင်တွေ မလာတော့တာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် မအေးခိုင်က ပြောပါတယ်။
“ဒီလမှာတော့ စားဝတ်နေရေးအဆင်မပြေဘူး။ ဘာအဖွဲ့မှ မလာသေးဘူ။ အရင်ပေးနေကျ လူကယ်ပြန်လည်း မလာသေးဘူး။ WFP လည်းမလာသေးဘူး။ တချို့ကျတော့ နေ့စား အလုပ်ရှိတော့ အဆင်ပြေနေသေးတယ်။ အလုပ်မရှိတဲ့သူတွေကတော့ စားစရာမရှိတော့ဘူး။”
ဝါးတောင် စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေထောက်ပံ့နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လူတယောက်ကို တလမှာ ကျပ် ၁၇,၀၀၀ အထိ ထောက်ပံ့ပေးထားသလို လူကယ်ပြန်ကလည်း တရက်ကို ဆန်နို့စည်နှစ်ဗူးကျစီ ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီလအတွင်းမှာထောက်ပံ့မှုတွေ ရပ်တန့်နေသလို လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြတာဖြစ်တယ်လို့ တောင်မင်းကလား စစ်ဘေးဒုက္ခသည် မအေးခိုင်ကပြောပါတယ်။
“WFP ကတော့ တလကို လူတစ်ယောက်ကို ၁၇,၀၀၀ ပေးတယ်။ ဒီမှာက အခုကုန်ဈေးနှုန်း တွေတက်နေတော့ သူတို့ပေးတာနဲ့ မလောက်တော့ဘူး။ အရင်တုန်းကဆိုရင် ဆီတပု လင်းကို ၂,၅၀၀လောက်ပဲရှိတာ။ အခုက ၅,၅၀၀ ပေးရတယ်။ အဲတာကြောင့် မလောက် တော့တာ။ လူကယ်ပြန်ကလည်း တရက်ကို လူတယောက်ကို ဆန် မနက် နို့ဆီတဗူး ညတဗူး ပေးတယ်။ ဒီမှာ စားတဲ့သူတွေကတော့ ဆန်နို့ဆီတဗူးနဲ့ မလောက်ဘူးလေဟုတ်။”
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေလည်း ရပ်တန့်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင် အိမ်ထောင်စုတခုကို ငွေကျပ် ငါးသိန်းစီထောက်ပံ့ပေးမယ်လို့လည်း ပြည်နယ် ကောင်စီပြောခွင့်ရက ပြီးခဲ့တဲ့ အပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ကမ်းလှမ်းခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်တွေတချို့ကလည်း လုံခြုံရေးအာမခံချက်မရှိတာကြောင့် နေရပ်မပြန်ကြသလို တချို့ကလည်းနေရပ်ပြန်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီမှာ စာရင်းပေးထားကြတာတွေလည်းရှိပါတယ်။ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ စစ်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ ပလက်ဝမြို့နယ်က ဦးကျော်သန်းကတော့ အခုအချိန်ထိ နေရပ်ပြန်ဖို့ အကြောင်းကြားလာတာမရှိသေးဘူးလို့ ပြောပါတယ်။
“ကျနော်တို့ကတော့ ပြန်မယ်ဆိုတဲ့ စာရင်းပေးထားပါတယ်ခင်ဗျာ၊ ဒါပေမယ့် အခုအချိန်ထိ ဘာမှ မေးလည်းမမေးဘူး၊ ပိုက်ဆံပေးမယ်ဆိုတဲ့ စကားလည်း အခုအချိန်ထိ ပြောတာတော့ မကြားဘူးခင်ဗျာ။”
လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ၁၀၀ ကျော်အထိ ရှိနေပြီး နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းကျော်အထိရှိနေပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာခဲ့ရတာပါ။ အခုနောက်ပိုင်း AA နဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲထားပေးမယ့်လည်း အတော်များများကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
============