သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရူနိုင်းစော်ဘွားကို လူ့အခွင့်အရေးသမားတွေ သပိတ်မှောက်မည်


ဘရူနိုင်းစော်ဘွားပိုင်ဟိုတယ် သပိတ်မှောက်ဆန့်ကျင်။ (မေ ၅၊ ၂၀၁၄)
ဘရူနိုင်းစော်ဘွားပိုင်ဟိုတယ် သပိတ်မှောက်ဆန့်ကျင်။ (မေ ၅၊ ၂၀၁၄)
လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က နာမည်ကျော် Beverly Hill ဟိုတယ်ကို ပိုင်ရှင်ဖြစ်တဲ့ ဘရူနိုင်းစော်ဘွား အနေနဲ့ ပြန်လည်ရောင်းချပစ်ဖို့ Beverly Hills တာဝန်ရှိသူတွေ ဒီသီတင်းပတ်ထဲမှာပဲ တောင်းဆိုလိုက်ကြပါတယ်။

လူ့အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည်ဖို့၊ နှုတ်ဆိတ်နေမှာ မဟုတ်တဲ့ အကြောင်းနဲ့ လူ့အခွင့်အရေးကို အကာအကွယ် မပေးတဲ့သူတွေကိုလည်း ရှုတ်ချတဲ့အကြောင်း Beverly Hills မြို့တာဝန်ရှိသူ တဦးဖြစ်တဲ့ Lili Bosse ကပြောပါတယ်။ ဟောလိဝုဒ်က အကျော်အမော်တွေ၊ သူဋ္ဌေးတွေ ကျင်လည်ကျတ်စားရာ Beverly Hill ဟိုတယ်ကိုတော့ ဟောလိဝုဒ် ရုပ်ရှင်မြို့တော် မပေါ်မီ ၁၉၁၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။

အခုအခါမှာတော့ ဟိုတယ်ကို ဘရူနိုင်းစော်ဘွား Haji Hassanal Bolkiah ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ပိုင်ဆိုင်တားပါတယ်။ ဘရူနိုင်း စော်ဘွားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လိင်တူဆက်ဆံမှုတွေအတွက် သေဒဏ်ပြစ်ဒဏ်တွေ အပါအဝင် တင်းကျပ်တဲ့ အစ္စလာမ်ဥပဒေတွေ ကျင့်သုံးဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ ပြဌာန်းခဲ့ရာက ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။

ဟောလိဝုဒ်က နာမည်ကျော် ပုဂ္ဂိုလ်တွေကိုယ်တိုင် ဟိုတယ်ကို သပိတ်မှောက်ဖို့ ဆော်သြလာကြသလို၊ စီးပွားရေးလုပ်ငန်း အတော်များများဟာလည်း ဟိုတယ်မှာလုပ်မယ့် အခမ်းအနား အစီအစဉ်တွေကို ပြန်ဖျက်ပစ်နေကြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဘရူနိုင်းက အခြေအနေအပေါ် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြောခဲ့ပေမဲ့ ဘရူနိုင်းစော်ဘွားကတော့ အခုအချိန်အထိ တစုံတရာ တုန့်ပြန်မှု မရှိသေးပါဘူး။
XS
SM
MD
LG