သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမာဒီမြို့ အီရတ်တပ်တွေပြန်သိမ်း


IS စစ်သွေးကြွတွေလက်ထဲကနေ Ramadi မြို့ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီး နိုင်ငံတော်အလံကို ကိုင် လွှင့်နေ။
IS စစ်သွေးကြွတွေလက်ထဲကနေ Ramadi မြို့ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီး နိုင်ငံတော်အလံကို ကိုင် လွှင့်နေ။

IS စစ်သွေးကြွတွေလက်ထဲကနေ Ramadi မြို့ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီး နိုင်ငံတော်အလံကို အစိုးရုံးဝင်းထဲမှာ လွှင့်ထူနိုင်လိုက်ပြီလို့ အီရတ်စစ်ဖက်အရာရှိတွေကပြောပါတယ်။

အီရတ်တပ်ဖွဲ့ဝင်တွေဟာ Ramadi မြို့က လမ်းတွေကို လိုက်လံရှင်းလင်းနေပြီး IS အကြမ်းဖက်စစ်သွေးကြွတွေ ဒီမြို့က မထွက်ခွါခင်မှာ ထောင်ချောက်ဆင်ထားခဲ့တဲ့ ဗုံးတွေကို လိုက်လံရှာဖွေနေပါတယ်။

တနင်္ဂနွေနေ့က ဒေသကို ပြန်လည်ထိန်းချုပ်ပြီးနောက် အီရတ်တပ်ဖွဲ့ဝင်တွေဟာ အစိုးရအဆောက်အဦးဝင်းဘက်ကို သွားရောက် ရှင်းလင်းနေခဲ့တာပါ။

Anbar ဒေသရဲ့ မြို့တော်ကို မေလတုန်းက IS အဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။ Jihadistas အကြမ်းဖက်သမားတချိုု့ မြို့ထဲမှာ ရှိနေနိုင်သေးပေမယ့် မနေ့တုန်းက အကြမ်းဖက်သမားတွေ ပြန်လည်ဆုတ်ခွါ သွားပြီးနောက် ခုခံမှုမျိုးမတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလိုအခြေအနေအောက်မှာ လူ ဘယ်လောက် သေဆုံးတယ်ဆိုတာမျိုးကိုလည်း အတည်မပြုနိုင်သေးပါဘူး။

ဘက်ဂဒက်မြို့အနောက်ဖက် ကီလိုမီတာ ၁၀၀ လောက်မှာရှိတဲ့ ဒီ Ramadi မြို့လယ်မှာ အရပ်သားတွေ ဘယ်လောက်များများ ရှိနေသေးလည်းဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ဒါပေမယ့်လည်း မြို့ခံ တော်တော်များများကို အနီးအနားက ဆေးရုံမှာ နေရာ ချထားပေးတယ်လို့အီရတ် အာဏာပိုင်တဦးက ပြောပါတယ်။ လပေါင်းများစွာ စီစဉ်ညှိနှိုင်းခဲ့ကြပြီးနောက် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အီရတ် တပ်ဖွဲ့ဝင်တွေဟာ IS စစ်သွေးကြွတွေလက်ထဲကနေ ဒီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ လွန်ခဲ့တဲ့သီတင်းပါတ်အတွင်းကတည်းက ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG