သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramadi မြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်ကို ကန်ကူညီမည်


အီရတ်နိုင်ငံက Ramadi မြို့ကို IS စစ်သွေးကြွတွေ လက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ပြည်သူ့စစ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အကူညီပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိလိမ့်မယ်လို့လည်း ဝန်ခံပြောဆိုပါတယ်။

တနင်္ဂနွေနေ့ IS စစ်သွေးကြွတွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အီရတ်တပ်ဖွဲ့ဝင်တွေဟာ Ramadi ကနေ ထွက်ပြေးကြတဲ့အခါ အဲဒီမှာ တပ်ဆင်ထားတဲ့ အမေရိကန်ရဲ့ လက်နက်တွေ အမြောက်အများကို စွန့်ပစ်ထားခဲ့ကြတာကြောင့် Anbar ခရိုင်ရဲ့ မြို့တော်ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ဖို့ရာမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပန်တာဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး Steve Warren က ပြောပါတယ်။

အီရတ်တပ်ဖွဲ့ဝင်တွေဟာ ဒါဇင်နဲ့ချီတဲ့ အမေရိကန် မော်တော်ယာဉ်တွေကို ထားပစ်ခဲ့ကြကြောင်း အဲဒီထဲမှာ တင့်ကားတွေ၊ လူလိုက်ပါလို့ရပြီး လက်နက်တပ်ဆင်ထားတဲ့ ကားတွေ၊ အမြောက်တွေ ပါဝင်ကြောင်း Warren က ပြောပါတယ်။ တချို့ယာဉ်တွေဟာ အသုံးပြုလို့ရပြီး တချို့ကတော့ အသုံးပြုလို့ မရတော့ဘူးလို့ ပြောပါတယ်။

IS စစ်သွေးကြွတွေက Ramadi ကို သိမ်းပိုက်လိုက်တဲ့အတွက် အီရတ်နိုင်ငံရဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး သမ္မတဘရက်ခ် အိုဘားမား ထားရှိတဲ့ မူဝါဒအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရပါတယ်။ ဒီအထဲမှာ လေကြောင်းကနေ တိုက်ခိုက်နေမှုလည်း ပါဝင်ပါတယ်။

XS
SM
MD
LG