သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rammasun မုန်တိုင်းကြောင့် တရုတ်နဲ့ ဖိလစ်ပိုင်တို့မှာ စုစုပေါင်း ၁၀၀ ကျော်သေ


Rammasun တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မြောက်ပိုင်းက လျှပ်စစ်မီးပြတ်တောက်သွားချိန် လမ်းသွားလမ်းလာများ။
Rammasun တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မြောက်ပိုင်းက လျှပ်စစ်မီးပြတ်တောက်သွားချိန် လမ်းသွားလမ်းလာများ။

ဖိလစ်ပိုင်ဖက်ကနေ တရုတ်နိုင်ငံအတွင်းကို ဝင်ရောက်တိုက်ခတ်နေတဲ့ Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ပြင်းထန်တဲ့ လေတိုက်အားနဲ့ သည်းထန်တဲ့ မိုးတွေကို သယ်ဆောင်လာဆဲဖြစ်တာကြောင့် တရုတ်နိုင်ငံအတွင်းမှာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မုန်တိုင်းဟာ တရုတ်ပြည်မကြီးကို ဝင်ရောက် မတိုက်ခတ်ခင် ဟိုင်နန်ကျွန်းကို ဖြတ်လာတဲ့အချိန်မှာ လူ ၈ ယောက်သေဆုံးခဲ့ပြီး ပြည်မကြီးက Guangxi ဒေသမှာတော့ မုန်တိုင်းကြောင့် နောက်ထပ် ၉ ဦး သေဆုံးသွားတဲ့အကြောင်း အစိုးရပိုင် သတင်းတွေ ဖော်ပြထားပါတယ်။

တိုင်ဖုန်းမုန်တိုင်း Rammasun ကြောင့် ပျက်စီးသွားသော အိမ်များ။
တိုင်ဖုန်းမုန်တိုင်း Rammasun ကြောင့် ပျက်စီးသွားသော အိမ်များ။

Rammasun တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူ ၁၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အနည်းဆုံး လူ ၉၄ ဦးသေဆုံးပြီး နောက်ထပ် ၆ ယောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အပြင် မြို့တော် မနီလာမှာ သန်းနဲ့ချီတဲ့သူတွေလည်း လျှပ်စစ်မီး ဖြတ်တောက်ခံလိုက်ရပါတယ်။

မုန်တိုင်းဟာ ဖိလစ်ပိုင်က ထွက်လာပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ အားပြန်ကောင်းလာပြီး သောကြာနေ့က တရုတ်ပြည်ကို စတင် ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ လေတိုက်နှုန်းဟာ တနာရီကို ၁၂၅ မိုင်နှုန်းလောက်ရှိတဲ့အတွက် ဒါဟာ ၄၁ နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖုန်း မုန်တိုင်းဖြစ်ပါတယ်။

တရုတ်ပြည်မြောက်ပိုင်းမှာလည်း အခုသီတင်းပတ်အစောပိုင်းမှာ မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Rammasun တိုင်ဖုန်း မုန်တိုင်း ဖြတ်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း နောက်ထပ် မုန်တိုင်းတခုဖြစ်တဲ့ Matmo ဟာလည်း မကြာခင်မှာ ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG