သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျော်သူ ၂၀၁၅ Ramon Magsaysay ဆုရ


၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်ဦးကျော်သူ (ယာအစွန်)။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်ဦးကျော်သူ (ယာအစွန်)။ (Official Gazette of the Republic of the Philippines)

မြန်မာနိုင်ငံမှာ တချိန်က နာမည်အထူးကျော်ကြားတဲ့ သရုပ်ဆောင်တ ဦးဖြစ်ပြီးတော့ အခုအခါမှာတော့ နာရေးကူညီမှုအသင်းကို ဦးဆောင်နေတဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသားကျော်သူကို ၂၀၁၅ ခုနှစ်အတွက်Ramon Magsaysay ဆုကို ဖိလစ်ပိုင်သမ္မတက ချီးမြှင့်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံယဉ်ကျေးမှုစင်တာမှာ ဒီကနေ့ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကိုယ်တိုင် ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။ သေဆုံးသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် အမျိုး၊ ဘာသာမရွေး စေတနာသဒ္ဒါတရား ထက်ထက်သန်သန်နဲ့ ဈာပနအခမ်းအနားတွေ ဆောင်ရွက်ပေးတာအတွက် ဆုရွေးချယ်ရေးအဖွဲ့က

၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)

ဦးကျော်သူကိုအသိအမှတ်ပြုပြီးတော့ ဆုရွေးချယ်ကြောင်း ပြောသွားခဲ့ပါတယ်။

ဆုရရှိတဲ့မင်းသားကျော်သူကတော့ အာရှတိုက်ရဲ့နိုဗဲလ်ဆုလို့တောင် တင်စားခံရတဲ့ ဒီဆုကို ချီးမြှင့်ခံရတဲ့အတွက် လက်ရှိလူမှုကူညီရေးလုပ်ငန်းတွေအတွက် ပိုပြီးတော့ တွန်းအားဖြစ်စေကြောင်း ပြောပါတယ်။ အခုဆိုရင် Ramom Magsaysay ဆုကို ချီးမြှင့်ခံရသူက ဦးကျော်သူအပါအဝင် မြန်မာနိုင်ငံသား (၆) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)

(၅၇) ကြိမ်မြောက် ၂၀၁၅ ခုနှစ် Magsaysay ဆုရှင်တွေထဲမှာတော့ မြန်မာနိုင်ငံက ဦးကျော်သူအပြင် လာအိုနိုင်ငံက ရိုးရာအမွေအနှစ် ပိုးထည်လုပ်ငန်းကိုထိန်းသိမ်းရင်းနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ Kommaly Chanthavong ၊ ဗီယက်နမ်တောင်ပိုင်းမှာ ရိုးရာအနုပညာမပျောက်ပျက်အောင် ကြိုးပမ်းခဲ့တဲ့ Ligaya Fernando ၊ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသားတွေအတွက် ရေရှည်ဖွံ့ဖြိုးရေး ကူညီပေးခဲ့တဲ့ Anshu Gupta နဲ့ အိန္ဒိယနိုင်ငံကပဲ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့တဲ့ Sanjiv Chaturvedi တို့လည်း ပါဝင်ကြပါတယ်ရှင်။

၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)
၂၀၁၅ ခုနှစ် Ramom Magsaysay ဆုရှင်များ။ (Official Gazette of the Republic of the Philippines)

XS
SM
MD
LG