သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှည်းတန်းဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှု အနည်းဆုံး ၂ ဦး သေနတ်ဒဏ်ရာရ

{{Unicode/Zawgyi}}





......................................
{{Zawgyi}}
ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းနေတာမှာ လှည်းတန်းမှာ အနည်းဆုံး လူ ၂ ဦး သေနတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။

ကမာရွတ်မြို့နယ် (၃) ရပ်ကွက်၊ လှည်းတန်း ၇ လမ်းထိပ်က အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးလို့ ထွက်ပြေးနေကြတဲ့ လူအုပ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်စဉ် အနားက လူငယ်တဦး လည်ပင်းမှာ ဒဏ်ရာရသွားတာကို အခင်းဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်ကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရတာပါ။

လှည်းတန်း တနေရာထဲထင် သေနတ်ကျည်ဆံအစစ်နဲ့ ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေ မနက်စောစောကတည်းက ရှိနေတာမှာ ဆေးတက္ကသိုလ်က ဆန္ဒပြစစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးတာမှာ အများအပြား အဖမ်းခံလိုက်ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကို ဗွီအိုအေကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ဆန္ဒပြပွဲတွေကို နေ့စဉ်ဆိုသလို ပြုလုပ်နေတာမှာ တနင်္ဂနွေနေ့ကလည်း ရန်ကုန်မြို့ နေရာအနှံမှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG