သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ေျမေအာက္ေရ မခမ္းေျခာက္ေစဖုိ႔ (အပိုင္း ၂ )


Underground Water ( U Myint Thein )

ရန္ကုန္လူထု ထက္ဝက္ေလာက္ မွီခိုသံုးစြဲေနရတဲ့ ေျမေအာက္ေရ အရင္းအျမစ္ျဖစ္တဲ့ ေရခ်ိဳစိမ့္ဝင္ႏႈန္း က်လာတာနဲ႔အတူ ေရငံေတြ ဝင္လာလို႔ ပ်က္သြားတဲ့ တြင္းေတြ မ်ားလာေနပါတယ္။ ဒီတြင္းေတြ အေျခေန ျပန္ေကာင္းေအာင္ေရာ လုပ္ႏုိင္ပါသလား။ ေျမေအာက္ေရ အရည္အေသြးေကာင္းေအာင္ ဘယ္လိုထိန္းသိမ္းႏုိင္ပါသလဲ။ ျမန္မာႏုိင္ငံ ေရအရင္းအျမစ္ ေကာ္မတီ NWRC ရဲ့ ေျမေအာက္ေရ ဆိုင္ရာ အႀကံေပး ဦးျမင့္သိန္းကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


ေမး။ ။“ေျမေအာက္ေရ ရန္ကုန္မွာ အေျခေနဆိုးလာတာကို အေျခေနျပန္ေကာင္းေအာင္ လုပ္လုိ႔ ရပါသလားဆရာ။”

ဦးျမင့္သိန္း။ ။“အေျခေန ျပန္ေကာင္းေအာင္က ငံေနတဲ့ ေျမေအာက္ေရကို ခ်ိဳေအာင္လုပ္လို႔ - က်ေနာ္တုိ႔ ျမန္မာျပည္အေနနဲ႔ေတာ့ မရဘူးဗ်။ ေတာ္ေတာ္ႀကီးကို ခက္တယ္ဗ်။ နယ္သလန္လို ႏိုင္ငံမ်ိဳးေတာင္မွ ေရငံကို မတိုးေအာင္ သူဘာလုပ္ရသလဲ ဆိုေတာ့ ၾကားခံတြင္းေတြ တူးတယ္။ နယ္သာလန္လည္း ေျမေအာက္ေရကို သံုးတယ္။ သူတို႔လည္း sea shore က ႏုိင္ငံ တခုပဲ။ သူ႔ေရခ်ိဳတြင္းထဲကို north sea က ေရငံမဝင္ေအာင္၊ ေရခ်ိဳတြင္းနဲ႔ ေျမာက္ပင္လယ္ ၾကားထဲမွာ သူက တြင္းတူးလိုက္တယ္။ တြင္းတူးၿပီး အဲဒီ တြင္းကေရကို ေျမာက္ပင္လယ္ထဲ ျပန္ထုတ္တယ္။ အဲဒီေတာ့ ေရငံက အဲဒီအထဲမွာပဲ cycle လည္ေနတယ္။ အဲဒီေတာ့ ေရငံျပန္႔ႏွံ႔ႏႈန္းက ထိန္းထားတာေပါ့။ အဲဒီလို လုပ္လုိ႔ရတယ္။”

“တကယ္လို႔ ေရငံကို ေရခ်ိဳျဖစ္ေအာင္ ဘယ္လို လုပ္လို႔ ရသလဲ ဆိုေတာ့ ေရခ်ိဳခ်က္တဲ့ စက္ရံုတည္။ ထြက္လာတဲ့ ေရငံကို က်ေနာ္တို႔ membrane (စစ္စရာ အလႊာပါး) ေတြနဲ႔ အခုေခတ္ သံုးေနတဲ့ RO (Reverse Osmosis) - Membrane တို႔ ဘာတို႔ အဲဒါေတြနဲ႔ စစ္ၿပီးေတာ့မွ တႏိုင္တပိုင္ လုပ္လို႔ ရတာေပါ့။ ဒါေပမယ့္လို႔ ဒီ ၾကည့္ျမင္တုိင္ အေနာက္ဖက္ကမ္း ၿမိဳ႕သစ္မွာေတာ့ သူတုိ႔ ုလုပ္ဖုိ႔ အစီစဥ္ေတြ ရွိတယ္။ ေနာက္တခါ က်ေနာ္တို႔ - filtration system ေရစစ္တဲ့စံနစ္နဲ႔ စည္ပင္သာယာ ေရေပး တာေတြ၊ က်ေနာ္တို႔ ေပါက္ေတာဝတို႔ ဘာတို႔ ဆိုတာ။ ဟိုး အေနာက္ဖက္ က်တာ ေပါ့ေလ။ ေရျဖဴတို႔ ဘာတို႔။ ဘာလို႔လည္း ဆုိေတာ့ အဲဒီဘက္က တြင္းေရေတြကို ေရစုပ္တင္ ၿပီးေတာ့ ေရေပးေဝဖို႔ လုပ္ေနတယ္ေပါ့။ အဲဒါေတြကို က်ေတာ့ သူတို႔က က်ေနာ္တို႔ mass treatment (ထုနဲ႔ထည္နဲ႔ ေရသန္႔ေအာင္ လုပ္ေပးတာ) ေခၚတာေပါ့။ ထုထည္လိုက္ေပါ့။ ေရဂါလံ တေန႔ကို သန္းခ်ီၿပီးေတာ့ ေရေတြကို ေမာင္းခ်တယ္။ ေနနဲ႔ ေတြ႔တယ္။ ေလနဲ႔ေတြ႔တယ္။ ၿပီးေတာ့ သဲေတြထဲကို ျဖတ္တယ္။ ေက်ာက္စရစ္ေတြထဲ ကိုျဖတ္တယ္။ အဲဒီကေနမွ ေရၾကည္ေအာင္ သန္႔ေအာင္လုပ္တယ္ ေပါ့ဗ်ာ။ အဲေတာ့ ဘာျဖစ္လာသလဲ ဆိုေတာ့ portable water ေပါ့။ ေသာက္သံုးရန္ သင့္ေတာ္တဲ့ အေနထားမွာ ရွိတဲ့ေရမ်ိဳး ရႏိုင္တယ္ေပါ့။”

“ဒါေပမယ့္ ဒီ လိုအပ္တဲ့ အေနထားကေတာ့ ရန္ကုန္ တၿမိဳ႕လံုးမွာ ရွိတဲ့ လူေတြ အကုန္လံုးကို ေပးႏုိင္ေလာက္ေအာင္ ဆိုတာ က်ေတာ့၊ သူတို႔ ေနရာခြဲခြဲၿပီး လုပ္ၾကရမွာေပါ့။ တေနရာထဲ တစုထဲကေန မလုပ္ႏုိင္ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ စည္ပင္မွာ ကိုပဲ စည္ပင္ေရကို ျဖည့္ေပးဖို႔အတြက္ စက္ေရတြင္းက စည္ပင္ကိုယ္တုိင္က တူးထားတာ ကိုက ၆၄၅ တြင္း ရွိေနတယ္။ အဲဒါကိုက တေန႔ကို ေရဂါလံ သန္း တရာေက်ာ္ ထုတ္ေနတယ္။ အဲဒီထဲမွာ စက္ရံု အလုပ္ရံုေတြေပးတာေတြ မပါေသးဘူး။ ပုဂၢလိကထုတ္တာ ဆိုလို႔ ရွိရင္ တေန႔ကို အဲဒီထက္ အမ်ားႀကီးပဲ။ သပ္သပ္ကို ေရဂါလံ သန္း ၅၀- ၆၀ ေက်ာ္ထုတ္သံုးေနတယ္။ တေန႔တေန႔ကို။ အဲဒီေတာ့ ထုတ္တဲ့ ႏႈန္းကေတာ့ ေန႔တဒူဝ မ်ားတာေပါ့။ ေစာေစာက ေမးတဲ့ ေမးခြန္းကို ေျပာရရင္ ေတာ္ေတာ္ေလးကို ပညာရပ္ဆိုင္ရာနဲ႔ ေျမေအာက္ေရ စီမံခန္႔ခြဲမႈ ဆုိုင္ရာေပါ့ဗ်ာ။ ပညာရပ္ဆိုင္ရာ စီမံခန္႔ခြဲမႈနဲ႔ တြက္ခ်က္မႈေတြကို ေသေသခ်ာခ်ာ စီမံကိန္း ပံုစံနဲ႔ လုပ္မွ သိရမွာေပါ့။”

ေမး။ ။“ေျမေအာက္ေရက ဒီေလာက္အေရးပါတယ္ ဆိုတာကို အမ်ားသိေအာင္ ဘယ္လိုလုပ္ေပးရမလဲဆရာ”

ဦျမင့္သိန္း။ ။“အဲဒီလို လူေတြ သိေအာင္ ေျမေအာက္ေရကို ထိန္းထိန္းသိမ္းသိမ္း ထုတ္ပါ။ အိမ္မွာ ေရတြင္း ရွိတယ္ ဆိုရင္ ကိုယ့္အိမ္က ေရတြင္းကို တႏွစ္တခါ ေရစမ္းပါ။ ေရစမ္းသပ္ စစ္ေဆးပါ။ အၾကမ္းဖ်င္း အနဲဆံုး pH စမ္းပါ။ ကလိုရိုဒ္ စမ္းပါ။ ေရငံ ဘယ္ေလာက္ပါသလဲ TDS solid ဆိုတဲ့ ေရထဲမွာ ေပ်ာ္ဝင္ေနတဲ့ ဓါတ္ဆားပါဝင္မႈႏႈန္း အားလံုးရဲ့ ပမာဏ ဘယ္ေလာက္ ရွိလဲ သိေအာင္ စမ္းသပ္ထားပါ။ ေနာက္တခါ ေရေစးလား၊ ေရသြက္လား၊ hardness ကုိစမ္းပါ။ သံဓါတ္ ဘယ္ေလာက္ ပါတယ္။ မပါဘူးလဲ။ မန္းဂနီးစ္ Mangnese ပါလား မပါဘူးလား။ ဒါေလးေတြကို စမ္းသပ္ပါ။ ေနာက္တခါ အၾကမ္းဖ်င္း ေျမေအာက္ေရရဲ့ ေသာက္သံုးရန္ သင့္ေတာ္တဲ့ အဆင့္ WHO standard ေပါ့။ ကမာၻ႔က်န္းမာေရး အဖြဲ႔က သတ္မွတ္ထားတဲ့ စံသတ္မွတ္ခ်က္ရယ္။ အခုဆိုရင္ ျမန္မာ့က်န္းမာေရးဌာနက သတ္မွတ္ထားတဲ့ အဆင့္အတန္း ထြက္ေနပါၿပီ။ ဒါေပမယ့္ လူထု လက္ထဲကိုေတာ့ သက္ေရာက္မႈ နဲေသးတယ္ေပါ့။ မရွိဘူး။”

ေမး။ ။“အဲဒီလိုေတြ သိေအာင္ ဘယ္လုိလုပ္ရမလဲ ဘယ္သူေတြက ေျပာေပးမလဲ ဆရာ”

ဦးျမင့္သိန္း။ ။”အဲဒီလို ေျပာဖို႔ အတြက္ ဌာနဆို္င္ရာေတြ၊ ဒီလုပ္ငန္းကို လည္ပတ္ေနတဲ့ ပညာရွင္ေတြက ေျပာရမွာ။ တြင္းတူးသမားက သူက တြင္းပဲတူးေပးတာ။ ေရထြက္ရင္ ၿပီးၿပီ။ ေပးပိုက္ဆံဆိုၿပီး သူက ေရတြင္းထားခဲ့တယ္။ ကိုယ့္တြင္းကို ကိုယ္ထိန္းေလ။ အဲဒီေတာ့ တြင္းပိုင္ရွင္ ေျမေအာက္ေရ သံုးတဲ့သူက ခုန က်ေနာ္ ေျပာသလို ကိုယ့္ေရတြင္းကို ကိုယ္ ဂရုစိုက္၊ ေရတြင္းနားမွာ toxic အဆိပ္အေတာက္ ျဖစ္ေစမယ့္ အရည္ေတြ၊ ဆပ္ျပာရည္က အစ စိမ့္မဝင္ေအာင္ သတိထား။ ကိုယ္ ေရ တေန႔ ဘယ္ေလာက္ ထုတ္သံုးသလဲ ဘာလဲ သတိထား။ နဲနဲေလး တဆင့္ျမွင့္ၿပီး နားလည္မယ္ ဆိုရင္။ စတူးကတည္းက တြင္းသမားကုိ တြင္းရဲ့ မွတ္တမ္း ယူခိုင္း။ ေရဘယ္ေလာက္ တူးသလဲ။ တြင္းအက်ယ္ ဘယ္ေလာက္တူးသလဲ။ ၄- လက္မလား၊ ၆- လက္မလား။ အနက္ေပက ဘယ္ႏွစ္ေပ တူးသလဲ။ ေပ ၂၀၀ လား။ သံုးရာလား။ ေရပိုက္။ ေရစစ္ ေရဝင္တဲ့ ဇကာ ခ်ထားတာက ဘယ္ႏွစ္ေပလဲ။ ဇကာ အထူက ဘယ္ႏွစ္လက္မလဲ။ ဒါေတြကို ကုိယ္က သိထားဖုိ႔ အတြက္ကို တြင္းသမားေတြ ဆီမွာ မွတ္တမ္း မွတ္ရာ ေတာင္းရမယ္။ က်ေနာ္ လုပ္တုန္းကေတာ့ အဲလို လုပ္ခဲ့တာပဲ။ အဲ အခုေခတ္ တြင္းသမားေတြက်ေတာ့ အဲေလာက္ကို မလုပ္ၾကဘူး။ မလုပ္ေတာ့ သပြတ္အူ ျဖစ္ေနတာေပါ့။”

“သံုးစြဲတဲ့သူကို ဘယ္လိုပညာေပးမလဲ ဆိုေတာ့ ခုန က်ေနာ္ ေျပာသလိုပဲ၊ နားလည္တဲ့ သူေတြ ပညာရွင္ေတြ၊ ဒီလုပ္ငန္းမွာ လုပ္ႏုိင္မယ့္ ဇလဘူမိ ပညာရွင္ေတြကေန ပါဝင္ ၿပီးေတာ့မွ ပညာေပးေလးေတြ လုပ္ရမယ္။ အစပ်ိဳးရမယ္။ ကေလးေတြ၊ ေက်ာင္းေတြ၊ ရပ္ကြက္ေတြကေန နားလည္ႏိုင္ေအာင္ လုပ္ရမယ္။ အဂၤလိပ္လို ေျပာရရင္ေတာ့ ေျမေအာက္ေရ ဆိုတာက invisible ဗ် (မျမင္ရဘူး) ။ visible (ျမင္ရေအာင္) ျဖစ္လာေအာင္ ခုန က်ေနာ္ေျပာသလို လုပ္ေပးရမယ္။ ဒါမွသူတို႔က သိလာၿပီး။ ဟ ဒါဆို ဒို႔ ေျမေအာက္ေရက အေရးႀကီးတာ ပါလား။ ကိုယ့္အိမ္ရဲ့ ေရတြင္းနားမွာ ေဘးအိမ္က ေနၿပီးေတာ့ သူဘာလုပ္လဲ။ ကိုယ့္အိမ္ကေတာ့ မ်က္ႏွာစာမွာ ေရတြင္းတူးထားတယ္။ ေနာက္တအိမ္ရဲ့ ေနာက္ေဖး ျဖစ္ေနရင္ သူက အိမ္သာက်င္း တူးေနရင္ ကိုယ့္ေရတြင္းမွာ ၾကာလာရင္ ထိခိုက္ႏုိင္တယ္။ အဲဒါဆိုရင္ ကိုယ္က သိထားရမယ္။ နဲနဲေလး ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္သင့္တာ ဆိုရင္ လုပ္ရမယ္။ သူ႔ကို သြားၿပီးေတာ့ေတာ့၊ အျပစ္တင္ေနလို႔ မရဘူး။ ဘာလို႔လည္း ဆိုေတာ့ ဥပေဒမွ မရွိပဲနဲ႔ဥစၥာ။ က်ေနာ္တုိ႔ ျမန္မာျပည္မွာ က ေျမေအာက္ေရ ဥပေဒက အခုမွ လုပ္တုန္း ကိုင္တုန္း ဆိုေတာ့၊ ျမန္မာျပည္မွာက ေရတြင္းတူးခ်င္တုိင္းတူး။ ထုတ္ခ်င္တာထုတ္။ အဲဒီလိုမ်ိဳး အေနထားနဲ႔ ပဲ ရွိေနတာကိုး။ အဲဒီေတာ့ ခုန သံုးတဲ့လူေတြ၊ တြင္းရွိတဲ့ လူေတြ၊ ဒီလိုမ်ိဳးေတြ လုပ္တတ္လာေအာင္ အေလ့အက်င့္ေလး လုပ္ေပးရမယ္။”

ေမး။ ။“ဒါက ရန္ကုန္နဲ႔ ပတ္သက္တာ ေပါ့ေနာ္။”

ဦးျမင့္သိန္း။ ။“ရန္ကုန္ေရာ၊ နယ္ေရာ အတူတူပဲ။ မႏၱေလးဆို ပိုဆိုးေသးတယ္။”

ေမး။ ။“ျမန္မာႏုိင္ငံ တဝွမ္းလံုးမွာ သတိထားရမွာေပါ့ေနာ္။”

ဦးျမင့္သိန္း။ ။“ဒါေပါ့ သတိထားသင့္တယ္။ လူေတြက ဘာလို႔ သတိမထားသလဲဆိုေတာ့။ ေျမေအာက္ေရက ျမင္မွ မျမင္ရတာ။ ျမင္ရတဲ့ ေရေတာင္မွ အမွတ္တမဲ့ တခါတေလ ေနေနတာပဲ။ ဟို ေခ်ာင္းေတြ၊ ေျမာင္းေတြ ထဲမွာ အဆိပ္ toxic ေတြ ဝင္လာတယ္။ ဥပမာ လက္ပံေတာင္းေတာင္ကေနၿပီးေတာ့ အက္ဆစ္ေရဆိုးေတြ ယမားေခ်င္းထဲ က်တယ္။ ခ်င္းတြင္းျမစ္ထဲ ဝင္တယ္။ ဧရာဝတီထဲ ဒါက ဆက္စီးတယ္။ အဲ အဲ့ဒီမွာမွ ေရ အေရာင္ ေျပာင္းလာေတာ့မွ သိတယ္။ ဒါ ေတာင္ ေျမေပၚေရက visible (ျမင္သာတယ္) ေနာ္။ ေျမေအာက္ေရက invisible - မျမင္ႏိုင္တဲ့ ေရ ဆိုေတာ့ ျမင္မွ မျမင္ရတာ ဘယ္လိုလုပ္ ကာကြယ္မလဲ၊ ဘယ္လိုလုပ္ ထိန္းသိမ္းမလဲ ဆိုတာ သံုးတဲ့လူက ဒါ သဘာဝပဲ။ ေျပာမွာပဲ။ က်ေနာ္လည္း ဒီလိုေျပာခဲ့ဘူးတာေတြ ေတြ႔ခဲ့ႀကံဳခဲ့ဘူူးတယ္။”

ဇလဘူမိေဗဒ ပညာရွင္ ဦးျမင့္သိန္းပါ။

(( UNICODE VERSION ))

ရန်ကုန်လူထု ထက်ဝက်လောက် မှီခိုသုံးစွဲနေရတဲ့ မြေအောက်ရေ အရင်းအမြစ်ဖြစ်တဲ့ ရေချိုစိမ့်ဝင်နှုန်း ကျလာတာနဲ့အတူ ရေငံတွေ ဝင်လာလို့ ပျက်သွားတဲ့ တွင်းတွေ များလာနေပါတယ်။ ဒီတွင်းတွေ အခြေနေ ပြန်ကောင်းအောင်ရော လုပ်နိုင်ပါသလား။ မြေအောက်ရေ အရည်အသွေးကောင်းအောင် ဘယ်လိုထိန်းသိမ်းနိုင်ပါသလဲ။ မြန်မာနိုင်ငံ ရေအရင်းအမြစ် ကော်မတီ NWRC ရဲ့ မြေအောက်ရေ ဆိုင်ရာ အကြံပေး ဦးမြင့်သိန်းကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မေး။ ။“မြေအောက်ရေ ရန်ကုန်မှာ အခြေနေဆိုးလာတာကို အခြေနေပြန်ကောင်းအောင် လုပ်လို့ ရပါသလားဆရာ။”

ဦးမြင့်သိန်း။ ။“အခြေနေ ပြန်ကောင်းအောင်က ငံနေတဲ့ မြေအောက်ရေကို ချိုအောင်လုပ်လို့ - ကျနော်တို့ မြန်မာပြည်အနေနဲ့တော့ မရဘူးဗျ။ တော်တော်ကြီးကို ခက်တယ်ဗျ။ နယ်သလန်လို နိုင်ငံမျိုးတောင်မှ ရေငံကို မတိုးအောင် သူဘာလုပ်ရသလဲ ဆိုတော့ ကြားခံတွင်းတွေ တူးတယ်။ နယ်သာလန်လည်း မြေအောက်ရေကို သုံးတယ်။ သူတို့လည်း sea shore က နိုင်ငံ တခုပဲ။ သူ့ရေချိုတွင်းထဲကို north sea က ရေငံမဝင်အောင်၊ ရေချိုတွင်းနဲ့ မြောက်ပင်လယ် ကြားထဲမှာ သူက တွင်းတူးလိုက်တယ်။ တွင်းတူးပြီး အဲဒီ တွင်းကရေကို မြောက်ပင်လယ်ထဲ ပြန်ထုတ်တယ်။ အဲဒီတော့ ရေငံက အဲဒီအထဲမှာပဲ cycle လည်နေတယ်။ အဲဒီတော့ ရေငံပြန့်နှံ့နှုန်းက ထိန်းထားတာပေါ့။ အဲဒီလို လုပ်လို့ရတယ်။”

“တကယ်လို့ ရေငံကို ရေချိုဖြစ်အောင် ဘယ်လို လုပ်လို့ ရသလဲ ဆိုတော့ ရေချိုချက်တဲ့ စက်ရုံတည်။ ထွက်လာတဲ့ ရေငံကို ကျနော်တို့ membrane (စစ်စရာ အလွှာပါး) တွေနဲ့ အခုခေတ် သုံးနေတဲ့ RO (Reverse Osmosis) - Membrane တို့ ဘာတို့ အဲဒါတွေနဲ့ စစ်ပြီးတော့မှ တနိုင်တပိုင် လုပ်လို့ ရတာပေါ့။ ဒါပေမယ့်လို့ ဒီ ကြည့်မြင်တိုင် အနောက်ဖက်ကမ်း မြို့သစ်မှာတော့ သူတို့ ုလုပ်ဖို့ အစီစဉ်တွေ ရှိတယ်။ နောက်တခါ ကျနော်တို့ - filtration system ရေစစ်တဲ့စံနစ်နဲ့ စည်ပင်သာယာ ရေပေး တာတွေ၊ ကျနော်တို့ ပေါက်တောဝတို့ ဘာတို့ ဆိုတာ။ ဟိုး အနောက်ဖက် ကျတာ ပေါ့လေ။ ရေဖြူတို့ ဘာတို့။ ဘာလို့လည်း ဆိုတော့ အဲဒီဘက်က တွင်းရေတွေကို ရေစုပ်တင် ပြီးတော့ ရေပေးဝေဖို့ လုပ်နေတယ်ပေါ့။ အဲဒါတွေကို ကျတော့ သူတို့က ကျနော်တို့ mass treatment (ထုနဲ့ထည်နဲ့ ရေသန့်အောင် လုပ်ပေးတာ) ခေါ်တာပေါ့။ ထုထည်လိုက်ပေါ့။ ရေဂါလံ တနေ့ကို သန်းချီပြီးတော့ ရေတွေကို မောင်းချတယ်။ နေနဲ့ တွေ့တယ်။ လေနဲ့တွေ့တယ်။ ပြီးတော့ သဲတွေထဲကို ဖြတ်တယ်။ ကျောက်စရစ်တွေထဲ ကိုဖြတ်တယ်။ အဲဒီကနေမှ ရေကြည်အောင် သန့်အောင်လုပ်တယ် ပေါ့ဗျာ။ အဲတော့ ဘာဖြစ်လာသလဲ ဆိုတော့ portable water ပေါ့။ သောက်သုံးရန် သင့်တော်တဲ့ အနေထားမှာ ရှိတဲ့ရေမျိုး ရနိုင်တယ်ပေါ့။”

“ဒါပေမယ့် ဒီ လိုအပ်တဲ့ အနေထားကတော့ ရန်ကုန် တမြို့လုံးမှာ ရှိတဲ့ လူတွေ အကုန်လုံးကို ပေးနိုင်လောက်အောင် ဆိုတာ ကျတော့၊ သူတို့ နေရာခွဲခွဲပြီး လုပ်ကြရမှာပေါ့။ တနေရာထဲ တစုထဲကနေ မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ စည်ပင်မှာ ကိုပဲ စည်ပင်ရေကို ဖြည့်ပေးဖို့အတွက် စက်ရေတွင်းက စည်ပင်ကိုယ်တိုင်က တူးထားတာ ကိုက ၆၄၅ တွင်း ရှိနေတယ်။ အဲဒါကိုက တနေ့ကို ရေဂါလံ သန်း တရာကျော် ထုတ်နေတယ်။ အဲဒီထဲမှာ စက်ရုံ အလုပ်ရုံတွေပေးတာတွေ မပါသေးဘူး။ ပုဂ္ဂလိကထုတ်တာ ဆိုလို့ ရှိရင် တနေ့ကို အဲဒီထက် အများကြီးပဲ။ သပ်သပ်ကို ရေဂါလံ သန်း ၅၀- ၆၀ ကျော်ထုတ်သုံးနေတယ်။ တနေ့တနေ့ကို။ အဲဒီတော့ ထုတ်တဲ့ နှုန်းကတော့ နေ့တဒူဝ များတာပေါ့။ စောစောက မေးတဲ့ မေးခွန်းကို ပြောရရင် တော်တော်လေးကို ပညာရပ်ဆိုင်ရာနဲ့ မြေအောက်ရေ စီမံခန့်ခွဲမှု ဆိုင်ရာပေါ့ဗျာ။ ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ တွက်ချက်မှုတွေကို သေသေချာချာ စီမံကိန်း ပုံစံနဲ့ လုပ်မှ သိရမှာပေါ့။”

မေး။ ။“မြေအောက်ရေက ဒီလောက်အရေးပါတယ် ဆိုတာကို အများသိအောင် ဘယ်လိုလုပ်ပေးရမလဲဆရာ”

ဦမြင့်သိန်း။ ။“အဲဒီလို လူတွေ သိအောင် မြေအောက်ရေကို ထိန်းထိန်းသိမ်းသိမ်း ထုတ်ပါ။ အိမ်မှာ ရေတွင်း ရှိတယ် ဆိုရင် ကိုယ့်အိမ်က ရေတွင်းကို တနှစ်တခါ ရေစမ်းပါ။ ရေစမ်းသပ် စစ်ဆေးပါ။ အကြမ်းဖျင်း အနဲဆုံး pH စမ်းပါ။ ကလိုရိုဒ် စမ်းပါ။ ရေငံ ဘယ်လောက်ပါသလဲ TDS solid ဆိုတဲ့ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓါတ်ဆားပါဝင်မှုနှုန်း အားလုံးရဲ့ ပမာဏ ဘယ်လောက် ရှိလဲ သိအောင် စမ်းသပ်ထားပါ။ နောက်တခါ ရေစေးလား၊ ရေသွက်လား၊ hardness ကိုစမ်းပါ။ သံဓါတ် ဘယ်လောက် ပါတယ်။ မပါဘူးလဲ။ မန်းဂနီးစ် Mangnese ပါလား မပါဘူးလား။ ဒါလေးတွေကို စမ်းသပ်ပါ။ နောက်တခါ အကြမ်းဖျင်း မြေအောက်ရေရဲ့ သောက်သုံးရန် သင့်တော်တဲ့ အဆင့် WHO standard ပေါ့။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ရယ်။ အခုဆိုရင် မြန်မာ့ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ အဆင့်အတန်း ထွက်နေပါပြီ။ ဒါပေမယ့် လူထု လက်ထဲကိုတော့ သက်ရောက်မှု နဲသေးတယ်ပေါ့။ မရှိဘူး။”

မေး။ ။“အဲဒီလိုတွေ သိအောင် ဘယ်လိုလုပ်ရမလဲ ဘယ်သူတွေက ပြောပေးမလဲ ဆရာ”

ဦးမြင့်သိန်း။ ။”အဲဒီလို ပြောဖို့ အတွက် ဌာနဆိုင်ရာတွေ၊ ဒီလုပ်ငန်းကို လည်ပတ်နေတဲ့ ပညာရှင်တွေက ပြောရမှာ။ တွင်းတူးသမားက သူက တွင်းပဲတူးပေးတာ။ ရေထွက်ရင် ပြီးပြီ။ ပေးပိုက်ဆံဆိုပြီး သူက ရေတွင်းထားခဲ့တယ်။ ကိုယ့်တွင်းကို ကိုယ်ထိန်းလေ။ အဲဒီတော့ တွင်းပိုင်ရှင် မြေအောက်ရေ သုံးတဲ့သူက ခုန ကျနော် ပြောသလို ကိုယ့်ရေတွင်းကို ကိုယ် ဂရုစိုက်၊ ရေတွင်းနားမှာ toxic အဆိပ်အတောက် ဖြစ်စေမယ့် အရည်တွေ၊ ဆပ်ပြာရည်က အစ စိမ့်မဝင်အောင် သတိထား။ ကိုယ် ရေ တနေ့ ဘယ်လောက် ထုတ်သုံးသလဲ ဘာလဲ သတိထား။ နဲနဲလေး တဆင့်မြှင့်ပြီး နားလည်မယ် ဆိုရင်။ စတူးကတည်းက တွင်းသမားကို တွင်းရဲ့ မှတ်တမ်း ယူခိုင်း။ ရေဘယ်လောက် တူးသလဲ။ တွင်းအကျယ် ဘယ်လောက်တူးသလဲ။ ၄- လက်မလား၊ ၆- လက်မလား။ အနက်ပေက ဘယ်နှစ်ပေ တူးသလဲ။ ပေ ၂၀၀ လား။ သုံးရာလား။ ရေပိုက်။ ရေစစ် ရေဝင်တဲ့ ဇကာ ချထားတာက ဘယ်နှစ်ပေလဲ။ ဇကာ အထူက ဘယ်နှစ်လက်မလဲ။ ဒါတွေကို ကိုယ်က သိထားဖို့ အတွက်ကို တွင်းသမားတွေ ဆီမှာ မှတ်တမ်း မှတ်ရာ တောင်းရမယ်။ ကျနော် လုပ်တုန်းကတော့ အဲလို လုပ်ခဲ့တာပဲ။ အဲ အခုခေတ် တွင်းသမားတွေကျတော့ အဲလောက်ကို မလုပ်ကြဘူး။ မလုပ်တော့ သပွတ်အူ ဖြစ်နေတာပေါ့။”

“သုံးစွဲတဲ့သူကို ဘယ်လိုပညာပေးမလဲ ဆိုတော့ ခုန ကျနော် ပြောသလိုပဲ၊ နားလည်တဲ့ သူတွေ ပညာရှင်တွေ၊ ဒီလုပ်ငန်းမှာ လုပ်နိုင်မယ့် ဇလဘူမိ ပညာရှင်တွေကနေ ပါဝင် ပြီးတော့မှ ပညာပေးလေးတွေ လုပ်ရမယ်။ အစပျိုးရမယ်။ ကလေးတွေ၊ ကျောင်းတွေ၊ ရပ်ကွက်တွေကနေ နားလည်နိုင်အောင် လုပ်ရမယ်။ အင်္ဂလိပ်လို ပြောရရင်တော့ မြေအောက်ရေ ဆိုတာက invisible ဗျ (မမြင်ရဘူး) ။ visible (မြင်ရအောင်) ဖြစ်လာအောင် ခုန ကျနော်ပြောသလို လုပ်ပေးရမယ်။ ဒါမှသူတို့က သိလာပြီး။ ဟ ဒါဆို ဒို့ မြေအောက်ရေက အရေးကြီးတာ ပါလား။ ကိုယ့်အိမ်ရဲ့ ရေတွင်းနားမှာ ဘေးအိမ်က နေပြီးတော့ သူဘာလုပ်လဲ။ ကိုယ့်အိမ်ကတော့ မျက်နှာစာမှာ ရေတွင်းတူးထားတယ်။ နောက်တအိမ်ရဲ့ နောက်ဖေး ဖြစ်နေရင် သူက အိမ်သာကျင်း တူးနေရင် ကိုယ့်ရေတွင်းမှာ ကြာလာရင် ထိခိုက်နိုင်တယ်။ အဲဒါဆိုရင် ကိုယ်က သိထားရမယ်။ နဲနဲလေး ကြိုတင် ပြင်ဆင်မှုတွေ လုပ်သင့်တာ ဆိုရင် လုပ်ရမယ်။ သူ့ကို သွားပြီးတော့တော့၊ အပြစ်တင်နေလို့ မရဘူး။ ဘာလို့လည်း ဆိုတော့ ဥပဒေမှ မရှိပဲနဲ့ဥစ္စာ။ ကျနော်တို့ မြန်မာပြည်မှာ က မြေအောက်ရေ ဥပဒေက အခုမှ လုပ်တုန်း ကိုင်တုန်း ဆိုတော့၊ မြန်မာပြည်မှာက ရေတွင်းတူးချင်တိုင်းတူး။ ထုတ်ချင်တာထုတ်။ အဲဒီလိုမျိုး အနေထားနဲ့ ပဲ ရှိနေတာကိုး။ အဲဒီတော့ ခုန သုံးတဲ့လူတွေ၊ တွင်းရှိတဲ့ လူတွေ၊ ဒီလိုမျိုးတွေ လုပ်တတ်လာအောင် အလေ့အကျင့်လေး လုပ်ပေးရမယ်။”

မေး။ ။“ဒါက ရန်ကုန်နဲ့ ပတ်သက်တာ ပေါ့နော်။”

ဦးမြင့်သိန်း။ ။“ရန်ကုန်ရော၊ နယ်ရော အတူတူပဲ။ မန္တလေးဆို ပိုဆိုးသေးတယ်။”

မေး။ ။“မြန်မာနိုင်ငံ တဝှမ်းလုံးမှာ သတိထားရမှာပေါ့နော်။”

ဦးမြင့်သိန်း။ ။“ဒါပေါ့ သတိထားသင့်တယ်။ လူတွေက ဘာလို့ သတိမထားသလဲဆိုတော့။ မြေအောက်ရေက မြင်မှ မမြင်ရတာ။ မြင်ရတဲ့ ရေတောင်မှ အမှတ်တမဲ့ တခါတလေ နေနေတာပဲ။ ဟို ချောင်းတွေ၊ မြောင်းတွေ ထဲမှာ အဆိပ် toxic တွေ ဝင်လာတယ်။ ဥပမာ လက်ပံတောင်းတောင်ကနေပြီးတော့ အက်ဆစ်ရေဆိုးတွေ ယမားချေင်းထဲ ကျတယ်။ ချင်းတွင်းမြစ်ထဲ ဝင်တယ်။ ဧရာဝတီထဲ ဒါက ဆက်စီးတယ်။ အဲ အဲ့ဒီမှာမှ ရေ အရောင် ပြောင်းလာတော့မှ သိတယ်။ ဒါ တောင် မြေပေါ်ရေက visible (မြင်သာတယ်) နော်။ မြေအောက်ရေက invisible - မမြင်နိုင်တဲ့ ရေ ဆိုတော့ မြင်မှ မမြင်ရတာ ဘယ်လိုလုပ် ကာကွယ်မလဲ၊ ဘယ်လိုလုပ် ထိန်းသိမ်းမလဲ ဆိုတာ သုံးတဲ့လူက ဒါ သဘာဝပဲ။ ပြောမှာပဲ။ ကျနော်လည်း ဒီလိုပြောခဲ့ဘူးတာတွေ တွေ့ခဲ့ကြုံခဲ့ဘူူးတယ်။”

ဇလဘူမိဗေဒ ပညာရှင် ဦးမြင့်သိန်းပါ။

XS
SM
MD
LG