သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကရက္အထက္လႊတ္ေတာ္အမတ္ ေဂ်ာ္ဂ်ီယာမွာအႏိုင္ရ  


ေဂ်ာ္ဂ်ီယာျပည္နယ္ အထက္လႊတ္ေတာ္အမတ္ေနရာ ဒုတိယအေက်ာ့ေရြးေကာက္ပြဲမွာ အႏုိင္ရလိုက္တဲ့ အထက္လႊတ္ေတာ္အမတ္ Raphael Warnock

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စု၊ အထက္လႊတ္ေတာ္အမတ္ေနရာအတြက္ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ဒုတိယအေက်ာ့ေရြးေကာက္ပြဲမွာ လက္ရွိ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Raphael Warnock က ၿပိဳင္ဘက္ ရီပတ္ဘလီကန္ကိုယ္စားလွယ္ေလာင္း Hershel Walker ကို အႏိုင္ရလိုက္ပါတယ္။ မေန႔ ဒီဇင္ဘာ ၆ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ ဒီမိုကရက္အမတ္အႏိုင္ရလိုက္တဲ့အတြက္ အထက္လႊတ္ေတာ္မွာ သမၼတ Biden ရဲ႕ အာဏာရပါတီက အမတ္ေနရာ အမ်ားစုအျဖစ္ ပိုခိုင္မာသြးပါတယ္။

“ျပည္သူေတြက သူတို႔ရဲ႕သေဘာဆႏၵကို ထုတ္ေဖာ္ျပသလိုက္ၾကပါၿပီ - ဆိုတဲ့ ဒီမိုကေရစီစနစ္မွာ တန္ဖိုးအရွိဆုံးစကားလုံးကို က်ေနာ္ ဒီေနရာကေန ဂုဏ္ယူစြာ ေျပာၾကားလိုပါတယ္” - လို႔ Warnock က အဂၤါေန႔ညမွာ ေထာက္ခံသူေတြကို ေျပာၾကားခဲ့ပါတယ္။

မဲအားလံုးနီးပါးေရတြက္ၿပီးခ်ိန္မွာ Warnock က ၅၀.၈%၊ သမၼတေဟာင္း Trump ေထာက္ခံေနတဲ့ Walker က ၄၉.၂% နဲ႔ Warnock ကကပ္ၿပီးအႏိုင္ရခဲ့တာပါ။ အမတ္ေနရာ စုစုေပါင္း ၁၀၀ ရွိတဲ့ အထက္လႊတ္ေတာ္မွာ အခုေတာ့ Democratic ပါတီက အမတ္ေနရာ ၅၁ ေနရာ Republican ပါတီက ၄၉ ေနရာ ျဖစ္သြားတာမို႔ ဒီမိုကရက္ပါတီအတြက္ ပိုၿပီး အားေကာင္းသြားေစပါတယ္။ ဒါေၾကာင့္ မဲအသာရဖို႔ ဒုသမၼတ Kamala Harris ရဲ႕မဲကို အားကိုးစရာ မလိုေတာ့ပါဘူး။

အရင္က ရီပတ္ဘလီကန္ပါတီကို အစဥ္အလာအားျဖင့္ ေထာက္ခံအားေပးလာခဲ့တဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ၂၀၂၀ သမၼတ ေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီကို ေထာက္ခံခဲ့သလိုပဲ အခု တေက်ာ့ျပန္ ေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီကပဲ အႏိုင္ရလိုက္တာေၾကာင့္ လာမယ့္ ၂၀၂၄ သမၼတ ေရြးေကာက္ပြဲမွာ Battleground လို႔ေခၚတဲ့ ပါတီႀကီး ၂ ခုစလုံးက အႏိုင္ရႏိုင္ေျခရွိတဲ့ ျပည္အျဖစ္ ေျပာင္းလဲလာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒီမိုကရက်အထက်လွှတ်တော်အမတ် ဂျော်ဂျီယာမှာအနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော်အမတ်နေရာအတွက် ဂျော်ဂျီယာပြည်နယ်မှာ ဒုတိယအကျော့ရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက် အထက်လွှတ်တော်အမတ် Raphael Warnock က ပြိုင်ဘက် ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်း Hershel Walker ကို အနိုင်ရလိုက်ပါတယ်။ မနေ့ ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်အမတ်အနိုင်ရလိုက်တဲ့အတွက် အထက်လွှတ်တော်မှာ သမ္မတ Biden ရဲ့ အာဏာရပါတီက အမတ်နေရာ အများစုအဖြစ် ပိုခိုင်မာသွးပါတယ်။

“ပြည်သူတွေက သူတို့ရဲ့သဘောဆန္ဒကို ထုတ်ဖော်ပြသလိုက်ကြပါပြီ - ဆိုတဲ့ ဒီမိုကရေစီစနစ်မှာ တန်ဖိုးအရှိဆုံးစကားလုံးကို ကျနော် ဒီနေရာကနေ ဂုဏ်ယူစွာ ပြောကြားလိုပါတယ်” - လို့ Warnock က အင်္ဂါနေ့ညမှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

မဲအားလုံးနီးပါးရေတွက်ပြီးချိန်မှာ Warnock က ၅၀.၈%၊ သမ္မတဟောင်း Trump ထောက်ခံနေတဲ့ Walker က ၄၉.၂% နဲ့ Warnock ကကပ်ပြီးအနိုင်ရခဲ့တာပါ။ အမတ်နေရာ စုစုပေါင်း ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ အခုတော့ Democratic ပါတီက အမတ်နေရာ ၅၁ နေရာ Republican ပါတီက ၄၉ နေရာ ဖြစ်သွားတာမို့ ဒီမိုကရက်ပါတီအတွက် ပိုပြီး အားကောင်းသွားစေပါတယ်။ ဒါကြောင့် မဲအသာရဖို့ ဒုသမ္မတ Kamala Harris ရဲ့မဲကို အားကိုးစရာ မလိုတော့ပါဘူး။

အရင်က ရီပတ်ဘလီကန်ပါတီကို အစဉ်အလာအားဖြင့် ထောက်ခံအားပေးလာခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကို ထောက်ခံခဲ့သလိုပဲ အခု တကျော့ပြန် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကပဲ အနိုင်ရလိုက်တာကြောင့် လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ Battleground လို့ခေါ်တဲ့ ပါတီကြီး ၂ ခုစလုံးက အနိုင်ရနိုင်ခြေရှိတဲ့ ပြည်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

XS
SM
MD
LG