သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမရွားသတၱဳတူးေဖၚမႈ ျမန္မာ့ လူ႔အခြင့္အေရးနဲ႔ သဘာဝဝန္းက်င္ ထိခိုက္


ျမန္မာႏုိင္ငံေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း တ႐ုတ္နယ္စပ္မွာ တရားမဝင္ ေျမရွားသတၱဳ တူးေဖာ္ထုတ္ယူေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေထာက္အထားသစ္ေတြအရ စစ္ေကာင္စီလက္ေအာက္မွာ တရားမဝင္ ေျမရွားသတၱဳတူးေဖာ္မႈလုပ္ငန္းေတြကို အတားအဆီးမရွိ အႀကီးအက်ယ္ အရွိန္အဟုန္ျမႇင့္ တိုးခ်ဲ႕လုပ္ေဆာင္ေနဆဲျဖစ္ၿပီး ဒီအေျခအေနဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပ်က္စီးမႈေတြကို မီးေလာင္ရာေလပင့္ျဖစ္ေစတဲ့အျပင္ စစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ လက္နက္ကိုင္ျပည္သူ႔စစ္အဖြဲ႕ေတြအတြက္လည္း ဝင္ေငြျဖစ္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ Global Witness အဖြဲ႔ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ အစီရင္ခံစာသစ္မွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ေဒသခံတိုင္းရင္းသားေတြအတြက္ ေသာက္သံုးေရနဲ႔ စိုက္ပ်ဳိးပင္ေတြမွာ အဆိပ္သင့္တဲ့ အေျခအေနဆိုးကို ရင္ဆိုင္ေနရပါတယ္။ ေအပီသတင္းေဆာင္းပါးကို အေျခခံၿပီး မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ျမန္မာႏိ္ုင္ငံက အဆိပ္သင့္ေတာင္တန္းမ်ား အမည္နဲ႔ ထုတ္ျပန္တဲ့ Global Witness ရဲ႕ အစီရင္ခံစာမွာ ေကာင္းကင္ၿဂိဳဟ္တုက႐ိုက္ယူတဲ့ မွတ္တမ္းဓါတ္ပုံေတြရဲ႕ထုတ္ေဖၚခ်က္အရ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ ၂၀၂၂ ခုႏွစ္ မတ္လက စကၤာပူႏိုင္ငံေလာက္ အက်ယ္အဝန္းရွိတဲ့ နယ္ေျမတခုမွာ ေျမရွားသတၱဳ တူးေဖၚေရးလုပ္ကြက္ေပါင္း ၂,၇၀၀ ေက်ာ္တို႔ကို ေတြ႕ျမင္ခဲ့ရပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံဟာ ေလးလံတဲ့ ေျမရွားသတၱဳျဒပ္စင္ေတြ အမ်ားဆုံးထုတ္လုပ္ရာေနရာျဖစ္လာတယ္လို႔လည္းဆိုပါတယ္။ ဒီျဒပ္စင္ကို လွ်ပ္စစ္ ေမာ္ေတာ္ကားေတြ၊ ေလအားလွ်ပ္စစ္ထုတ္ေပးတဲ့ ေလရဟတ္ေတြအပါအဝင္ စမတ္ဖုန္းေတြနဲ႔ အိမ္သုံးပစၥည္းေတြမွာ အသုံးျပဳတာျဖစ္ပါတယ္။

ဒါေၾကာင့္ Global Witness ရဲ႕ CEO အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္တဲ့ Mike Davis က ေတာ့ ျမန္မာႏိုင္ငံမွာ အတားအဆီးမရွိ တရားမဝင္ေျမရွားသတၱဳတူးေဖၚတဲ့လုပ္ငန္းေတြကို ပိတ္သိမ္းဖို႔ လိုအပ္ေနေၾကာင္း ဗီြအိုေအကို အခုလိုေျပာပါတယ္။

"သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈအျပင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ဆက္စပ္ေနတဲ့ ကမာၻလုံးဆိုင္ရာ ထုတ္ကုန္ ကြင္းဆက္ေတြ ျဖစ္မလာေစေရး ေသခ်ာေစဖို႔ ျမန္မာႏိုင္ငံမွာလုပ္ေနတဲ့ ဒီလုပ္ငန္းေတြကို ပိတ္သိမ္းဖို႔ လိုအပ္ေနပါတယ္။"

ေအပီ သတင္းဌာနရဲ႕စုံစမ္းေတြ႕ရွိခ်က္ေတြအရဆိုရင္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အဲဒီ ေျမာက္ပိုင္းေဒ သမွာ ေျမရွားသတၱဳတြင္းေတြဟာ လက္တဆုတ္စာေအာက္ပဲရွိခဲ့တာပါ။ အခုေတာ့ Global Witness အစီရင္ ခံစာ အရ ငါးႏွစ္အတြင္း စကၤာပူႏိုင္ငံ အက်ယ္အဝန္းေလာက္ျဖစ္လာခဲ့တာ ဘာေၾကာင့္ပါလဲ။ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံမွာ သတၱဳတြင္းတူးေဖၚတဲ့လုပ္ငန္းေတြကို ပိတ္ပင္တားျမစ္လိုက္တဲ့ အက်ိဴးဆက္အျဖစ္ ကမာၻမွာ ေျမရွားသတၱဳအႂကြယ္အဝဆုံးျဖစ္တဲ့ ျမန္မာႏိုင္ငံကို ဦးလွည့္လာတာျဖစ္တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း Jiangxi ေဒသက ေထာင္နဲ႔ခ်ီတဲ့ သတၱဳတြင္းလုပ္သားေတြဟာ တ႐ုတ္-ျမန္မာနယ္စပ္ကိုျဖတ္ၿပီး ကခ်င္ျပည္နယ္ထဲကို အလုံးအရင္းနဲ႔ ဝင္ေရာက္လာၾကတယ္လို႔ ေအပီက ဆက္သြယ္ေမးျမန္းခဲ့တဲ့ ျမန္မာ့သဘာဝပတ္ဝန္းက်င္ကို ေလ့လာ ေစာင့္ၾကည့္ေနသူ အေမရိကန္ျပည္ေထာင္စု မိန္းတကၠသိုလ္က Kristin Vekasi က အခုလိုေျပာပါတယ္။

"စည္းမ်ဥ္းသစ္ေတြေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ သတၱဳတူးေဖာ္ဖို႔ ဒါမွမဟုတ္ အဲဒီလုပ္ငန္းကေန အက်ိဳးအျမတ္ရဖို႔ ခက္ခဲလာတာပါ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံက်ေတာ့ နယ္စပ္ကို ျဖတ္လိုက္႐ုံပဲေလ။ ေနာက္ၿပီး ေျမရွားသတၱဳရိုင္းေတြကလည္း အလြန္ေပါပါတယ္။"

ဒါေပမယ့္ အဲဒီေျမရွားသတၱဳတြင္းကရတဲ့ ျဒပ္စင္ေတြကိုေတာ့ တ႐ုတ္ႏိုင္ငံကိုပဲ တင္ပို႔တာျဖစ္တယ္လို႔ Kristin Vekasi က ေျပာပါတယ္။

"ဒီလို ဥပေဒမဲ့လုပ္ကိုင္ေနတဲ့ စက္မႈလုပ္ငန္းေတြကို ျမန္မာႏိုင္ငံဘက္ ေ႐ႊ႕ေျပာင္းခဲ့ေပမယ့္ ထြက္လာတဲ့ ကုန္ေခ်ာပစၥည္းေတြကိုေတာ့ တ႐ုတ္ႏိုင္ငံဘက္ ျပန္ၿပီး တင္ပို႔တာပါ။"

Global Witness ရဲ႕ စုံစမ္းေလ့လာခ်က္ေတြအရ ကခ်င္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္တုန္းက ေျမရွားသတၱဳတူးေဖၚေရးလုပ္ကြက္အနည္းငယ္ပဲရွိခဲ့ေပမယ့္ ဒီႏွစ္မတ္လအတြင္း ၿဂိဳဟ္တုကေန ႐ိုက္ကူးတဲ့ မွတ္တမ္းဓါတ္ပုံေတြအရ စကၤာပူႏိုင္ငံ အ႐ြယ္အစားေလာက္ရွိေနတဲ့ နယ္ေျမအတြင္း သီးျခား ေနရာေပါင္း ၃၀၀ ေလာက္မွာ သတၱဳေပ်ာ္ရည္ စုေဆာင္းတဲ့ ကန္ေပါင္း ၂,၇၀၀ ေက်ာ္ေတြ႕ျမင္ခဲ့ရပါတယ္။ တရားမဝင္ ေျမရွားသတၱဳတူးေဖာ္ေရး လုပ္ကြက္ေတြေၾကာင့္ ပတ္ဝန္းက်င္မွာရွိေနတဲ့ ေျမထုနဲ႔ ေရအရင္းအျမစ္ေတြကို အဆိပ္သင့္ေစခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ေဒသခံ လီဆူးအမ်ိဳးသမီးတဦးေျပာျပခ်က္အရဆိုရင္ သူတို႔ ကေလးေတြကို ေကြၽးေမြးဖို႔ စားစရာေတာင္မရွိေတာ့ဘူးလို႔ ဆိုပါတယ္။

“ေနရာတိုင္းမွာ ေျမရွားသတၱဳကို တူးေဖာ္ၾကတာေၾကာင့္ က်မတို႔ ကေလးေတြအတြက္ အစားအစာေတြေကြၽးေမြး ဖို႔ ဘာမွေတာင္ မရွိေတာ့ပါဘူး။ ေခ်ာင္းေရေတြက အရင္လိုေသာက္လို႔ေတာင္ မရေတာ့ပါဘူး။ အဆိပ္သင့္အႏၲရာယ္ရွိေနပါတယ္။”

ဒါ့အျပင္ ဒီတူးေဖာ္ေရးလုပ္ကြက္ေတြကို ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္ေနတဲ့ ဆခုံတင္ယင္းဦးေဆာင္တဲ့ ကခ်င္လက္နက္ကိုင္ ျပည္သူ႔စစ္အဖြဲ႕က ထိန္းခ်ဳပ္ထားတာျဖစ္ၿပီး သူတို႔ေတြဟာ တ႐ုတ္လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းလုပ္ကိုင္ၿပီး ေဒသခံတိုင္းရင္းသားေတြရဲ႕ ေျမယာေတြကို သိမ္းပိုက္ေနတယ္လို႔ Global Witness ရဲ႕ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ေအပီသတင္းဌာနက ရရွိတဲ့ အသံဖိုင္တခုမွာဆိုရင္ ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္ လီဆူအမ်ိဳးသားတဦးကေန ေဒသခံေတြကို ၿခိမ္းေျခာက္ေနတာ ၾကားခဲ့ရပါတယ္။

ျမန္မာႏိုင္ငံမွာ သန႔္စင္တဲ့ ေျမရွားသတၱဳေတြရွိမရွိ သိဖို႔အတြက္ ကြင္းဆက္ေတြကို ေျခရာခံဖို႔ အေထာက္အကူေပးတဲ့ နည္းပညာလုပ္ငန္းယႏၲရား မရွိေၾကာင္းလည္း သဘာဝပတ္ဝန္းက်င္ေလ့လာထိန္းသိမ္းေရး ေလ့လာေနသူေတြက ေထာက္ျပခဲ့ၾကပါတယ္။ ဒီကေန႔ ထုတ္ျပန္တဲ့ Global Witness ရဲ႕ အစီရင္ခံစာမွာေတာ့ ကခ်င္ျပည္နယ္မွာ အရွိန္အဟုန္နဲ႔ တရားမဝင္တူးေဖၚေနတဲ့ သတၱဳလုပ္ငန္းကေန ထြက္လာတဲ့ ေျမရွားသတၱဳျဒပ္စင္ေတြကို Tesla, Volkswagen နဲ႔ Siemens တို႔အပါအဝင္ နာမည္ႀကီး ႏိုင္ငံတကာကုမၸဏီေတြအေနနဲ႔ မသုံးၾကဖို႔၊ ကမာၻ႔ေဈးကြက္ထဲမေရာက္ေအာင္ လုပ္ဖို႔၊ ႏိုင္ငံတကာအစိုးရေတြ အေနနဲ႔ ျမန္မာ့ေျမရွားသတၱဳနဲ႔ ပတ္သက္လို႔ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ အဂတိလိုက္စားမႈေတြ ကင္းတဲ့ ထုတ္လုပ္မႈျဖစ္ေအာင္ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

#rareearth #အဆိပ္သင့္ေတာင္တန္းမ်ား #သဘာဝဝန္းက်င္ညစ္ညမ္းမႈ #ကခ်င္ျပည္နယ္ #ေျမရွားသတၱဳ

=============

[[Unicode]]

အထောက်အထားသစ်တွေအရ စစ်ကောင်စီလက်အောက်မှာ တရားမဝင် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းတွေကို အတားအဆီးမရှိ အကြီးအကျယ် အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်နေဆဲဖြစ်ပြီး ဒီအခြေအနေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မီးလောင်ရာလေပင့်ဖြစ်စေတဲ့အပြင် စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေအတွက်လည်း ဝင်ငွေဖြစ်နေကြောင်း ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေအတွက် သောက်သုံးရေနဲ့ စိုက်ပျိုးပင်တွေမှာ အဆိပ်သင့်တဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အဆိပ်သင့်တောင်တန်းများ အမည်နဲ့ ထုတ်ပြန်တဲ့ Global Witness ရဲ့ အစီရင်ခံစာမှာ ကောင်းကင်ဂြိုဟ်တုကရိုက်ယူတဲ့ မှတ်တမ်းဓါတ်ပုံတွေရဲ့ထုတ်ဖေါ်ချက်အရ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ၂၀၂၂ ခုနှစ် မတ်လက စင်္ကာပူနိုင်ငံလောက် အကျယ်အဝန်းရှိတဲ့ နယ်မြေတခုမှာ မြေရှားသတ္တု တူးဖေါ်ရေးလုပ်ကွက်ပေါင်း ၂,၇၀၀ ကျော်တို့ကို တွေ့မြင်ခဲ့ရပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ လေးလံတဲ့ မြေရှားသတ္တုဒြပ်စင်တွေ အများဆုံးထုတ်လုပ်ရာနေရာဖြစ်လာတယ်လို့လည်းဆိုပါတယ်။ ဒီဒြပ်စင်ကို လျှပ်စစ် မော်တော်ကားတွေ၊ လေအားလျှပ်စစ်ထုတ်ပေးတဲ့ လေရဟတ်တွေအပါအဝင် စမတ်ဖုန်းတွေနဲ့ အိမ်သုံးပစ္စည်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်။

ဒါကြောင့် Global Witness ရဲ့ CEO အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Mike Davis က တော့ မြန်မာနိုင်ငံမှာ အတားအဆီးမရှိ တရားမဝင်မြေရှားသတ္တုတူးဖေါ်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ လိုအပ်နေကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

"သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ဆက်စပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန် ကွင်းဆက်တွေ ဖြစ်မလာစေရေး သေချာစေဖို့ မြန်မာနိုင်ငံမှာလုပ်နေတဲ့ ဒီလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ လိုအပ်နေပါတယ်။"

အေပီ သတင်းဌာနရဲ့စုံစမ်းတွေ့ရှိချက်တွေအရဆိုရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အဲဒီ မြောက်ပိုင်းဒေ သမှာ မြေရှားသတ္တုတွင်းတွေဟာ လက်တဆုတ်စာအောက်ပဲရှိခဲ့တာပါ။ အခုတော့ Global Witness အစီရင် ခံစာ အရ ငါးနှစ်အတွင်း စင်္ကာပူနိုင်ငံ အကျယ်အဝန်းလောက်ဖြစ်လာခဲ့တာ ဘာကြောင့်ပါလဲ။ အိမ်နီးချင်း တရုတ်နိုင်ငံမှာ သတ္တုတွင်းတူးဖေါ်တဲ့လုပ်ငန်းတွေကို ပိတ်ပင်တားမြစ်လိုက်တဲ့ အကျိူးဆက်အဖြစ် ကမ္ဘာမှာ မြေရှားသတ္တုအကြွယ်အဝဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကို ဦးလှည့်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Jiangxi ဒေသက ထောင်နဲ့ချီတဲ့ သတ္တုတွင်းလုပ်သားတွေဟာ တရုတ်-မြန်မာနယ်စပ်ကိုဖြတ်ပြီး ကချင်ပြည်နယ်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြတယ်လို့ အေပီက ဆက်သွယ်မေးမြန်းခဲ့တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်ကို လေ့လာ စောင့်ကြည့်နေသူ အမေရိကန်ပြည်ထောင်စု မိန်းတက္ကသိုလ်က Kristin Vekasi က အခုလိုပြောပါတယ်။

"စည်းမျဉ်းသစ်တွေကြောင့် တရုတ်နိုင်ငံမှာ သတ္တုတူးဖော်ဖို့ ဒါမှမဟုတ် အဲဒီလုပ်ငန်းကနေ အကျိုးအမြတ်ရဖို့ ခက်ခဲလာတာပါ။ ဒါကြောင့် မြန်မာနိုင်ငံကျတော့ နယ်စပ်ကို ဖြတ်လိုက်ရုံပဲလေ။ နောက်ပြီး မြေရှားသတ္တုရိုင်းတွေကလည်း အလွန်ပေါပါတယ်။"

ဒါပေမယ့် အဲဒီမြေရှားသတ္တုတွင်းကရတဲ့ ဒြပ်စင်တွေကိုတော့ တရုတ်နိုင်ငံကိုပဲ တင်ပို့တာဖြစ်တယ်လို့ Kristin Vekasi က ပြောပါတယ်။

"ဒီလို ဥပဒေမဲ့လုပ်ကိုင်နေတဲ့ စက်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံဘက် ရွှေ့ပြောင်းခဲ့ပေမယ့် ထွက်လာတဲ့ ကုန်ချောပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံဘက် ပြန်ပြီး တင်ပို့တာပါ။"

Global Witness ရဲ့ စုံစမ်းလေ့လာချက်တွေအရ ကချင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်တုန်းက မြေရှားသတ္တုတူးဖေါ်ရေးလုပ်ကွက်အနည်းငယ်ပဲရှိခဲ့ပေမယ့် ဒီနှစ်မတ်လအတွင်း ဂြိုဟ်တုကနေ ရိုက်ကူးတဲ့ မှတ်တမ်းဓါတ်ပုံတွေအရ စင်္ကာပူနိုင်ငံ အရွယ်အစားလောက်ရှိနေတဲ့ နယ်မြေအတွင်း သီးခြား နေရာပေါင်း ၃၀၀ လောက်မှာ သတ္တုပျော်ရည် စုဆောင်းတဲ့ ကန်ပေါင်း ၂,၇၀၀ ကျော်တွေ့မြင်ခဲ့ရပါတယ်။ တရားမဝင် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တွေကြောင့် ပတ်ဝန်းကျင်မှာရှိနေတဲ့ မြေထုနဲ့ ရေအရင်းအမြစ်တွေကို အဆိပ်သင့်စေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒေသခံ လီဆူးအမျိုးသမီးတဦးပြောပြချက်အရဆိုရင် သူတို့ ကလေးတွေကို ကျွေးမွေးဖို့ စားစရာတောင်မရှိတော့ဘူးလို့ ဆိုပါတယ်။

“နေရာတိုင်းမှာ မြေရှားသတ္တုကို တူးဖော်ကြတာကြောင့် ကျမတို့ ကလေးတွေအတွက် အစားအစာတွေကျွေးမွေး ဖို့ ဘာမှတောင် မရှိတော့ပါဘူး။ ချောင်းရေတွေက အရင်လိုသောက်လို့တောင် မရတော့ပါဘူး။ အဆိပ်သင့်အန္တရာယ်ရှိနေပါတယ်။”

ဒါ့အပြင် ဒီတူးဖော်ရေးလုပ်ကွက်တွေကို မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဆခုံတင်ယင်းဦးဆောင်တဲ့ ကချင်လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပြီး သူတို့တွေဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ မြေယာတွေကို သိမ်းပိုက်နေတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အေပီသတင်းဌာနက ရရှိတဲ့ အသံဖိုင်တခုမှာဆိုရင် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် လီဆူအမျိုးသားတဦးကနေ ဒေသခံတွေကို ခြိမ်းခြောက်နေတာ ကြားခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ သန့်စင်တဲ့ မြေရှားသတ္တုတွေရှိမရှိ သိဖို့အတွက် ကွင်းဆက်တွေကို ခြေရာခံဖို့ အထောက်အကူပေးတဲ့ နည်းပညာလုပ်ငန်းယန္တရား မရှိကြောင်းလည်း သဘာဝပတ်ဝန်းကျင်လေ့လာထိန်းသိမ်းရေး လေ့လာနေသူတွေက ထောက်ပြခဲ့ကြပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ Global Witness ရဲ့ အစီရင်ခံစာမှာတော့ ကချင်ပြည်နယ်မှာ အရှိန်အဟုန်နဲ့ တရားမဝင်တူးဖေါ်နေတဲ့ သတ္တုလုပ်ငန်းကနေ ထွက်လာတဲ့ မြေရှားသတ္တုဒြပ်စင်တွေကို Tesla, Volkswagen နဲ့ Siemens တို့အပါအဝင် နာမည်ကြီး နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ မသုံးကြဖို့၊ ကမ္ဘာ့ဈေးကွက်ထဲမရောက်အောင် လုပ်ဖို့၊ နိုင်ငံတကာအစိုးရတွေ အနေနဲ့ မြန်မာ့မြေရှားသတ္တုနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အဂတိလိုက်စားမှုတွေ ကင်းတဲ့ ထုတ်လုပ်မှုဖြစ်အောင် တင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

#rareearth #အဆိပ်သင့်တောင်တန်းများ #သဘာဝဝန်းကျင်ညစ်ညမ်းမှု #ကချင်ပြည်နယ် #မြေရှားသတ္တု
=============

XS
SM
MD
LG