သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလာဒစ်ရှ်ကို သောကြာနေ့ The Hague မှာ ရုံးထုတ်မည်


မလာဒစ်ရှ်ကို သောကြာနေ့ The Hague မှာ ရုံးထုတ်မည်

စစ်အတွင်း ပြစ်မှုကျူးလွန်သူလို့ သံသယရှိနေတဲ့ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အရေးယူထားတဲ့ အမှုကို တရားခွင်မှာ ရင်ဆိုင်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့က အကျဉ်းထောင်ရဲ့ အကျဉ်းခန်းထဲမှာ သူ့ရဲ့ ပထမညအဖြစ် စောင့်ဆိုင်း ဖြတ်သန်းခဲ့ရပါပြီ။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မလာဒစ်ရှ်ကို မနေ့က အကျဉ်းထောင်ဆီ မော်တော်ယာဉ်တန်းနဲ့ ခေါ်သွားတဲ့လမ်းမှာ ရဟတ်ယာဉ်တွေကလည်း ကောင်းကင်ကနေ လိုက်ပါ စောင့်ကြပ်ခဲ့တာပါ။

၁၆ နှစ်ကြာ ၀ရမ်းပြေးအနေနဲ့ ထွက်ပြေးနေခဲ့တဲ့ မလာဒစ်ရှ်ကို ပြီးခဲ့တဲ့အပတ်က ဆားဘီးယားမှာ ဖမ်းဆီးမိခဲ့တာပါ။ အခုတော့ သူဟာ သူနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် တဦးဖြစ်ပြီး စစ်အတွင်း ပြစ်မှုကျူးလွန်မှုနဲ့ တရားရင်ဆိုင်နေရသူ ရာဒိုဗန် ကာရားဒစ်ခ်ျ (Radovan Karadzic) နဲ့အတူ အကျဉ်းထောင် တခုထဲမှာ ရောက်နေပါတယ်။

မလာဒစ်ရှ်ကတော့ သူ့ကို ခုံရုံးတင် စစ်ဆေးတာကို အသိအမှတ် မပြုဘူးလို့ ဆိုပါတယ်။ သူဟာ မွတ်ဆလင် အမျိုးသား ၈,၀၀၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ အရေးယူ ခံထားရတာပါ။ လာမယ့် သောကြာနေ့မှာ သူ့ကို ပထမဆုံးအကြိမ် နိုင်ငံတကာ တရားရုံးမှာ ရုံးထုတ်ပါလိမ့်မယ်။

XS
SM
MD
LG