သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြဿနာမရှင်းနိုင်တာ စစ်ကောင်စီကြောင့်လို့ အင်ဒိုနီးရှားပြစ်တင် 


 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi 
 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi 

[[Zawgyi/Unicode]]

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတာဟာ စစ်ကောင်စီရဲ့ ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အာဆီယံဘက်က အစွမ်းကုန် လုပ်ဆောင်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနနဲ့ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ သီးသန့်မေးမြန်းခန်းမှာ ဝန်ကြီး Marsudi ကပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံအခြေအနေ တိုးတက်လာခြင်းမရှိတာနဲ့ပတ်သက်လို့ အာဆီယံကို အပြစ်မဖို့သင့်ကြောင်းနဲ့ မြန်မာစစ်တပ်ကိုသာ အပြစ်တင်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ရှေ့နှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အခုလအတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် အာဆီယံဘက်က အဆိုပြုချက်အသစ် တင်ပြထားတယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ မြန်မာနိုင်ငံ လက်ရှိအကြပ်အတည်းက ရုန်းထွက်နိုင်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်လာဖို့ အာဆီယံက ကြားဝင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မြန်မာ့ပြဿနာဟာ မြန်မာနိုင်ငံသားတွေသာ ဖြေရှင်းရမှာဖြစ်ပြီး အပြင်လူတွေ ဆောင်ရွက်ပေးနိုင်စွမ်းမရှိကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေတာတွေ အဆုံးသတ်ရေး အာဆီယံနဲ့ မြန်မာစစ်တပ်အကြား ဘုံသဘောတူညီ (၅) ချက်ကို လွန်ခဲ့တဲ့ ၁၈ လကတည်းက သဘောတူခဲ့ပေမယ့် သိသာတဲ့တိုးတက်မှု ခုချိန်ထိ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်တာကို စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာပဋိပက္ခ တိုးတက်မှုမရှိတာဟာ တိုင်းပြည်အတွင်းက မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါတို့ကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက အစောပိုင်းမှာ တုံ့ပြန်ခဲ့ဖူးပါတယ်။

ဖားကန့်မြို့က ဂီတဖျော်ဖြေပွဲကို လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှုတွေ ရှိနေပေမယ့် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ သန္နိဌာန်ချထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်စည်းဝေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ မြန်မာမပါတဲ့ အာဆီယံသဘောတူညီချက်ကို လက်မခံသလို လိုက်နာမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG