သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာမရွင္းႏိုင္တာ စစ္ေကာင္စီေၾကာင့္လို႔ အင္ဒိုနီးရွားျပစ္တင္ 


 အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ သေဘာတူထားတဲ့ အာဆီယံဘုံသေဘာတူညီခ်က္ေတြ တိုးတက္မႈမရွိတာဟာ စစ္ေကာင္စီရဲ႕ ပ်က္ကြက္မႈေၾကာင့္ျဖစ္တယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ကေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံကပဋိပကၡေတြ အဆုံးသတ္ေရးအတြက္ အာဆီယံဘက္က အစြမ္းကုန္ လုပ္ေဆာင္ေပးခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနနဲ႔ ဒီကေန႔ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ သီးသန႔္ေမးျမန္းခန္းမွာ ဝန္ႀကီး Marsudi ကေျပာၾကားခဲ့တာပါ။ ျမန္မာႏိုင္ငံအေျခအေန တိုးတက္လာျခင္းမရွိတာနဲ႔ပတ္သက္လို႔ အာဆီယံကို အျပစ္မဖို႔သင့္ေၾကာင္းနဲ႔ ျမန္မာစစ္တပ္ကိုသာ အျပစ္တင္သင့္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ ေရွ႕ႏွစ္က်ရင္ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ကို ယူရမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္လို႔ အခုလအတြင္း က်င္းပဖို႔ရွိတဲ့ အာဆီယံ ထိပ္သီးစည္းေဝးပြဲမတိုင္ခင္ အာဆီယံဘက္က အဆိုျပဳခ်က္အသစ္ တင္ျပထားတယ္လို႔ ဝန္ႀကီး Marsudi က ေျပာပါတယ္။ ျမန္မာႏိုင္ငံ လက္ရွိအၾကပ္အတည္းက ႐ုန္းထြက္ႏိုင္ေရးနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရးျဖစ္လာဖို႔ အာဆီယံက ၾကားဝင္ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း၊ ျမန္မာ့ျပႆနာဟာ ျမန္မာႏိုင္ငံသားေတြသာ ေျဖရွင္းရမွာျဖစ္ၿပီး အျပင္လူေတြ ေဆာင္႐ြက္ေပးႏိုင္စြမ္းမရွိေၾကာင္းလည္း ဝန္ႀကီး Marsudi က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ အရွိန္ျမင့္လာေနတာေတြ အဆုံးသတ္ေရး အာဆီယံနဲ႔ ျမန္မာစစ္တပ္အၾကား ဘုံသေဘာတူညီ (၅) ခ်က္ကို လြန္ခဲ့တဲ့ ၁၈ လကတည္းက သေဘာတူခဲ့ေပမယ့္ သိသာတဲ့တိုးတက္မႈ ခုခ်ိန္ထိ မရွိေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ သေဘာထားသိႏိုင္ဖို႔ ႐ိုက္တာသတင္းဌာနက ဆက္သြယ္တာကို စစ္ေကာင္စီဘက္က တစုံတရာ တုံ႔ျပန္ခဲ့ျခင္းမရွိဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ျမန္မာပဋိပကၡ တိုးတက္မႈမရွိတာဟာ တိုင္းျပည္အတြင္းက မတည္ၿငိမ္မႈေတြနဲ႔ ကိုဗစ္ကပ္ေရာဂါတို႔ေၾကာင့္ျဖစ္တယ္လို႔ စစ္ေကာင္စီက အေစာပိုင္းမွာ တုံ႔ျပန္ခဲ့ဖူးပါတယ္။

ဖားကန႔္ၿမိဳ႕က ဂီတေဖ်ာ္ေျဖပြဲကို ေလေၾကာင္းက တိုက္ခိုက္ခဲ့တာနဲ႔ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြကို ကြပ္မ်က္မႈေတြ ရွိေနေပမယ့္ အာဆီယံအေနနဲ႔ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကို ဆက္လက္ အေကာင္အထည္ေဖာ္သြားဖို႔ သႏၷိဌာန္ခ်ထားေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ က်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚစည္းေဝးပြဲမွာ သေဘာတူခဲ့ၾကပါတယ္။ ျမန္မာမပါတဲ့ အာဆီယံသေဘာတူညီခ်က္ကို လက္မခံသလို လိုက္နာမွာ မဟုတ္ဘူးလို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြန်မာ့ပြဿနာမရှင်းနိုင်တာ စစ်ကောင်စီကြောင့်လို့ အင်ဒိုနီးရှားပြစ်တင်

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတာဟာ စစ်ကောင်စီရဲ့ ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အာဆီယံဘက်က အစွမ်းကုန် လုပ်ဆောင်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနနဲ့ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ သီးသန့်မေးမြန်းခန်းမှာ ဝန်ကြီး Marsudi ကပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံအခြေအနေ တိုးတက်လာခြင်းမရှိတာနဲ့ပတ်သက်လို့ အာဆီယံကို အပြစ်မဖို့သင့်ကြောင်းနဲ့ မြန်မာစစ်တပ်ကိုသာ အပြစ်တင်သင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ရှေ့နှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အခုလအတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် အာဆီယံဘက်က အဆိုပြုချက်အသစ် တင်ပြထားတယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ မြန်မာနိုင်ငံ လက်ရှိအကြပ်အတည်းက ရုန်းထွက်နိုင်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်လာဖို့ အာဆီယံက ကြားဝင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မြန်မာ့ပြဿနာဟာ မြန်မာနိုင်ငံသားတွေသာ ဖြေရှင်းရမှာဖြစ်ပြီး အပြင်လူတွေ ဆောင်ရွက်ပေးနိုင်စွမ်းမရှိကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေတာတွေ အဆုံးသတ်ရေး အာဆီယံနဲ့ မြန်မာစစ်တပ်အကြား ဘုံသဘောတူညီ (၅) ချက်ကို လွန်ခဲ့တဲ့ ၁၈ လကတည်းက သဘောတူခဲ့ပေမယ့် သိသာတဲ့တိုးတက်မှု ခုချိန်ထိ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်တာကို စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာပဋိပက္ခ တိုးတက်မှုမရှိတာဟာ တိုင်းပြည်အတွင်းက မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါတို့ကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက အစောပိုင်းမှာ တုံ့ပြန်ခဲ့ဖူးပါတယ်။

ဖားကန့်မြို့က ဂီတဖျော်ဖြေပွဲကို လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မှုတွေ ရှိနေပေမယ့် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ သန္နိဌာန်ချထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်စည်းဝေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ မြန်မာမပါတဲ့ အာဆီယံသဘောတူညီချက်ကို လက်မခံသလို လိုက်နာမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG