သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုန်း သတ်ဖြတ်မှု နှစ် ၂၀ ပြည့်


Rawanda လူမျိုးတုန်း သတ်ဖြတ်မှု နှစ် (၂၀) ပြည့် အမှတ်တရ မီးတိုင်ကို ရဝမ်ဒါသမ္မတနဲ့ ကုလအတွင်းရေးမှူးချုပ်တို့ ထွန်းညှိစဉ်။ (ဧပြီ ၇၊ ၂၀၁၄)
Rawanda လူမျိုးတုန်း သတ်ဖြတ်မှု နှစ် (၂၀) ပြည့် အမှတ်တရ မီးတိုင်ကို ရဝမ်ဒါသမ္မတနဲ့ ကုလအတွင်းရေးမှူးချုပ်တို့ ထွန်းညှိစဉ်။ (ဧပြီ ၇၊ ၂၀၁၄)
ရဝမ်ဒါနိုင်ငံမှာ လူပေါင်း (၈) သိန်း သေဆုံးခဲ့ရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ နှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဒီကနေ့ တနင်္လာနေ့မှာ ရဝမ်ဒါသမ္မတ Paul Kagame နဲ့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ နိုင်ငံတော် ဝမ်းနည်းခြင်း မီးတိုင်ကို ထွန်းညှိခဲ့ကြပါတယ်။

ဒီမီးတိုင်ကို ရက်ပေါင်း ၁၀၀ ထွန်းညှိထားမှာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်က ရဝမ်ဒါသမ္မတ လေယာဉ်ပျက်ကျ သေဆုံးခဲ့ပြီးတဲ့နောက်မှာ ဟူတုလူမျိုး စစ်သွေးကြွတွေက နိုင်ငံတဝန်းမှာရှိတဲ့ တူဆီလူမျိုးတွေနဲ့ အလယ်အလတ် ဟူတုတွေကို လိုက်လံသတ်ဖြတ်ခဲ့တာ ရက်ပေါင်း (၁၀၀) ကြာခဲ့တာကြောင့် အဲဒီအထိမ်းအမှတ်အဖြစ်နဲ့ ရက် ၁၀၀ မီးတိုင် ထွန်းညှိခဲ့တာ ဖြစ်ပါတယ်။

Kigali မြို့မှာ ကျင်းပတဲ့ ဒီအထိမ်းအမှတ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ အရှေ့အာဖရိက ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရဝမ်ဒါမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု အဖြစ်ဆိုးမျိုး လူ့သမိုင်းမှာ ထပ်ပြီး မဖြစ်ရလေအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ဝိုင်းဝန်းဟန့်တားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္ဂနွေနေ့က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG