သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းရင္းလက္နက္ကိုင္ေတြ ေတြ႔ဆုံေဆြးေႏြးဖို႔ RCSS ဖိတ္ေခၚမႈ ေဒသခံေတြႀကိဳဆို


SSA-RCSS တပ္ဖြဲ႔ဝင္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စစ္ပြဲေတြေၾကာင့္ ျပည္သူေတြေတြ႕ႀကဳံေနရတဲ့ အခက္အခဲေတြ ေလွ်ာ့ခ်ဖို႔နဲ႔ အခ်င္းခ်င္း အျပန္အလွန္နားလည္မႈ ပိုမိုရရွိေစဖို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ အခ်င္းခ်င္းေတြ႔ဆုံ ေဆြးေႏြးၾကဖို႔ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS က ဖိတ္ေခၚလိုက္ပါတယ္။ ဒီဖိတ္ေခၚထားတဲ့ကာလမွာ ထိုးစစ္ဆင္ တိုက္ခိုက္တာေတြ မလုပ္ဖို႔လည္း ၫႊန္ၾကားထားပါတယ္။ ဒီကမ္းလွမ္းခ်က္အေပၚ အျခားလက္နက္ကိုင္အဖြဲ႔ေတြက လတ္တေလာ တုံ႔ျပန္တာမရွိေသးေပမယ့္ ေဒသခံျပည္ သူေတြကေတာ့ ႀကိဳဆိုၾကပါတယ္။ ရွမ္းျပည္နယ္အေျခအေန ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပထားပါတယ္။

ထိုင္းျမန္မာနယ္စပ္အေျခစိုက္တဲ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA ေတာင္ပိုင္းဟာ ၿပီးခဲ့တဲ့ကာလေတြအတြင္း ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျမာက္ပိုင္း၊ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA အဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့သလို လက္ရွိမွာလည္း ဒီအဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာမႈေတြ ရွိေနတာပါ။

ဒီအေျခအေနမွာ အျခားတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းဖို႔ RCSS ဘက္က ကမ္းလွမ္းလိုက္ပါတယ္။

စစ္ပြဲအတြင္း ေတြ႕ႀကဳံရတဲ့ ျပည္သူေတြရဲ႕ အခက္အခဲကို ေလ်ာ့က်ေစဖို႔ ရည္႐ြယ္တာလို႔ RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခမ္းစံက VOA ကို ေျပာပါတယ္။

“ အဓိကကေတာ့ ျပည္သူလူထု ဒုကၡေရာက္ရတယ္။ အထူးသျဖင့္ ရွမ္းျပည္ေတာင္ပိုင္း စစ္ေရးတင္းမာေနတဲ့ေဒသေတြမွာဆိုရင္ လူထုက ေနရပ္စြန႔္ခြာတာေတြ မ်ားလာတယ္။ ေနာက္ နယ္စပ္ျဖတ္ေက်ာ္ၿပီးမွ တျခား ႏိုင္ငံေတြမွာ သြားၿပီးေတာ့ အလုပ္လုပ္တာေပါ့ေနာ။ က်ေနာ္တို႔ ရရွိထားတဲ့အခ်က္အလက္ေတြအရ တေန႔ တေန႔ဆို ရာခ်ီရွိတယ္။ တခ်ိဳ႕႐ြာေတြဆို ႐ြာပ်က္သေလာက္ျဖစ္သြားၿပီ။ ဒါ ျပည္သူေတြအတြက္ ပထမအခ်က္ေပါ့ေနာ။ ”

ေနာက္တခ်က္အေနနဲ႔ကေတာ့ လက္နက္ကိုင္အဖြဲ႔ေတြၾကား အျပန္အလွန္ သတင္းဖလွယ္မႈ ေကာင္းမြန္ေစဖို႔နဲ႔ အထင္အျမင္လြဲမွားတာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ အတြက္ ရည္႐ြယ္ေၾကာင္း ဆက္ေျပာပါတယ္။

ေတြ႔ဆုံေဆြးေႏြးေရးကာလကိုေတာ့ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ကေန ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔အထိ သတ္မွတ္ထားေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။

ဒီလို သတ္မွတ္ထားတဲ့ကာလအတြင္း ထိုးစစ္ဆင္ တိုက္ခိုက္တာေတြမလုပ္ဖို႔ လည္း ေအာက္ေျခတပ္ေတြကို ၫႊန္ၾကားထားေၾကာင္း ဗိုလ္မႉးခမ္းစံက ေျပာပါတယ္။

“ ထုတ္ျပန္ေၾကညာခ်က္ မထုတ္ျပန္ခင္ကတည္းက ေရွ႕တန္းေတြကို ၫႊန္ၾကားထားတာ ရွိတယ္ခင္ဗ်။ အဓိကက်ေတာ့ ခုခံစစ္အေနနဲ႔ပဲ တုံ႔ျပန္ဖို႔၊ ထိုးစစ္ဆင္ တာေတြ မလုပ္ဖို႔၊ ျဖစ္ႏိုင္လို႔ ရွိရင္ေတာ့ ထိေတြ႔မႈမျဖစ္ေအာင္ စစ္ေၾကာင္းေတြ ရွိလာရင္ေတာင္ ေရွာင္လႊဲၿပီးမွ သတိေပးဖို႔ေပါ့ေနာ။ ”

RCSS တပ္ဖြဲ႔ဟာ ရွမ္းျပည္နယ္ မိုင္းပန္နယ္မွာ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္ PNLO ၊ မိုင္းတုံ၊ မိုင္းဆတ္နယ္ဘက္မွာ ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္မေတာ္ UWSA ေတာင္ပိုင္း တပ္ဖြဲ႔ေတြနဲ႔လည္း စစ္ေရးပဋိပကၡျဖစ္ပြားခဲ့ဖူးပါတယ္။

ဒီကမ္းလွမ္းခ်က္နဲ႔ပတ္သက္ၿပီး ရွမ္းျပည္နယ္အေျခစိုက္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႔ေတြရဲ႕ သေဘာထားကို သိႏိုင္ဖို႔ ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္က ေဒသခံတဦးကေတာ့ ဒီကမ္းလွမ္းခ်က္အေပၚ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ သူတို႔ေတြ လက္နက္ကိုင္အခ်င္းခ်င္း သင့္ျမတ္သြားမယ္ဆိုရင္ေတာ့ ျပည္သူအတြက္ အက်ိဳးပိုရွိတာေပါ့။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးနဲ႔ ေကာင္းေကာင္းလုပ္ကိုင္စားေသာက္ရမွာေပါ့။ အခုက ကိုဗစ္ေရာဂါက တပိုင္း၊ ဒီလိုမ်ိဳး နယ္ေျမပဋိပကၡေတြက တပိုင္းဆိုေတာ့ ျပည္သူအေနနဲ႔ ေတာ္ေတာ္ ဒုကၡေရာက္တယ္။ ျဖစ္ခ်င္တာကေတာ့ သူတို႔ ေျပာသလိုေပါ့။ ႏိုင္ငံေရးနည္းလမ္းနဲ႔ သြားတာကေတာ့ ပိုေကာင္းတာေပါ့။ က်ေနာ္တို႔ ျပည္နယ္မွာကေတာ့ လက္နက္ကိုင္ေပါင္းစုံဆိုေတာ့ ျပည္သူေတြအတြက္က ေတာ္ေတာ္ကို ဒုကၡေရာက္တဲ့အလုပ္ျဖစ္ေနတာေပါ့။”

RCSS ဟာ NCA ေခၚ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ ေရးထိုးထားသလို ျမန္မာစစ္တပ္က ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုလည္း တက္ေရာက္ေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ မွာ က်ေရာက္တဲ့ စိန္ရတု ရွမ္းျပည္အမ်ိဳးသားေန႔ကလည္း RCSS က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြၾကား ျဖစ္ေနတဲ့ စစ္ေရးပဋိပကၡေတြကို ေတြ႕ဆုံေဆြးေႏြးေရး ေျဖရွင္းဖို႔အတြက္ ကမ္းလွမ္းတာေတြ ရွိခဲ့ပါတယ္။

ဒီလို ကမ္းလွမ္းခဲ့ေပမယ့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျမာက္ပိုင္း၊ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA အဖြဲ႕ေတြနဲ႔ RCSS ၾကား တိုက္ပြဲေတြကေတာ့ ၿပီးခဲ့တဲ့ လပိုင္းေတြအထိ ျပင္းထန္ေနခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ RCSS ရဲ႕ ကမ္းလွမ္းခ်က္နဲ႔ ပတ္သက္လို႔ SSA ေျမာက္ပိုင္းနဲ႕ ပေလာင္ အဖြဲ႔ေတြရဲ႕တုံ႔ျပန္ခ်က္ တစုံတရာ ထြက္လာျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

တိုင်းရင်းလက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေးဖို့ RCSS ဖိတ်ခေါ်မှု ဒေသခံတွေကြိုဆို

စစ်ပွဲတွေကြောင့် ပြည်သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲတွေ လျှော့ချဖို့နဲ့ အချင်းချင်း အပြန်အလှန်နားလည်မှု ပိုမိုရရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတွေ့ဆုံ ဆွေးနွေးကြဖို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ဖိတ်ခေါ်လိုက်ပါတယ်။ ဒီဖိတ်ခေါ်ထားတဲ့ကာလမှာ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ မလုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။ ဒီကမ်းလှမ်းချက်အပေါ် အခြားလက်နက်ကိုင်အဖွဲ့တွေက လတ်တလော တုံ့ပြန်တာမရှိသေးပေမယ့် ဒေသခံပြည် သူတွေကတော့ ကြိုဆိုကြပါတယ်။ ရှမ်းပြည်နယ်အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းဟာ ပြီးခဲ့တဲ့ကာလတွေအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့သလို လက်ရှိမှာလည်း ဒီအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။

ဒီအခြေအနေမှာ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ RCSS ဘက်က ကမ်းလှမ်းလိုက်ပါတယ်။

စစ်ပွဲအတွင်း တွေ့ကြုံရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို လျော့ကျစေဖို့ ရည်ရွယ်တာလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက VOA ကို ပြောပါတယ်။

“ အဓိကကတော့ ပြည်သူလူထု ဒုက္ခရောက်ရတယ်။ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း စစ်ရေးတင်းမာနေတဲ့ဒေသတွေမှာဆိုရင် လူထုက နေရပ်စွန့်ခွာတာတွေ များလာတယ်။ နောက် နယ်စပ်ဖြတ်ကျော်ပြီးမှ တခြား နိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်တာပေါ့နော။ ကျနော်တို့ ရရှိထားတဲ့အချက်အလက်တွေအရ တနေ့ တနေ့ဆို ရာချီရှိတယ်။ တချို့ရွာတွေဆို ရွာပျက်သလောက်ဖြစ်သွားပြီ။ ဒါ ပြည်သူတွေအတွက် ပထမအချက်ပေါ့နော။ ”

နောက်တချက်အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် သတင်းဖလှယ်မှု ကောင်းမွန်စေဖို့နဲ့ အထင်အမြင်လွဲမှားတာတွေကို လျှော့ချနိုင်ဖို့ အတွက် ရည်ရွယ်ကြောင်း ဆက်ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးကာလကိုတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒီလို သတ်မှတ်ထားတဲ့ကာလအတွင်း ထိုးစစ်ဆင် တိုက်ခိုက်တာတွေမလုပ်ဖို့ လည်း အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်း ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

“ ထုတ်ပြန်ကြေညာချက် မထုတ်ပြန်ခင်ကတည်းက ရှေ့တန်းတွေကို ညွှန်ကြားထားတာ ရှိတယ်ခင်ဗျ။ အဓိကကျတော့ ခုခံစစ်အနေနဲ့ပဲ တုံ့ပြန်ဖို့၊ ထိုးစစ်ဆင် တာတွေ မလုပ်ဖို့၊ ဖြစ်နိုင်လို့ ရှိရင်တော့ ထိတွေ့မှုမဖြစ်အောင် စစ်ကြောင်းတွေ ရှိလာရင်တောင် ရှောင်လွှဲပြီးမှ သတိပေးဖို့ပေါ့နော။ ”

RCSS တပ်ဖွဲ့ဟာ ရှမ်းပြည်နယ် မိုင်းပန်နယ်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ မိုင်းတုံ၊ မိုင်းဆတ်နယ်ဘက်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တောင်ပိုင်း တပ်ဖွဲ့တွေနဲ့လည်း စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ သဘောထားကို သိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က ဒေသခံတဦးကတော့ ဒီကမ်းလှမ်းချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ သူတို့တွေ လက်နက်ကိုင်အချင်းချင်း သင့်မြတ်သွားမယ်ဆိုရင်တော့ ပြည်သူအတွက် အကျိုးပိုရှိတာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ကောင်းကောင်းလုပ်ကိုင်စားသောက်ရမှာပေါ့။ အခုက ကိုဗစ်ရောဂါက တပိုင်း၊ ဒီလိုမျိုး နယ်မြေပဋိပက္ခတွေက တပိုင်းဆိုတော့ ပြည်သူအနေနဲ့ တော်တော် ဒုက္ခရောက်တယ်။ ဖြစ်ချင်တာကတော့ သူတို့ ပြောသလိုပေါ့။ နိုင်ငံရေးနည်းလမ်းနဲ့ သွားတာကတော့ ပိုကောင်းတာပေါ့။ ကျနော်တို့ ပြည်နယ်မှာကတော့ လက်နက်ကိုင်ပေါင်းစုံဆိုတော့ ပြည်သူတွေအတွက်က တော်တော်ကို ဒုက္ခရောက်တဲ့အလုပ်ဖြစ်နေတာပေါ့။”

RCSS ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားသလို မြန်မာစစ်တပ်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ ကျရောက်တဲ့ စိန်ရတု ရှမ်းပြည်အမျိုးသားနေ့ကလည်း RCSS က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးရေး ဖြေရှင်းဖို့အတွက် ကမ်းလှမ်းတာတွေ ရှိခဲ့ပါတယ်။

ဒီလို ကမ်းလှမ်းခဲ့ပေမယ့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့တွေနဲ့ RCSS ကြား တိုက်ပွဲတွေကတော့ ပြီးခဲ့တဲ့ လပိုင်းတွေအထိ ပြင်းထန်နေခဲ့ပါတယ်။ လောလောဆယ်တော့ RCSS ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ SSA မြောက်ပိုင်းနဲ့ ပလောင် အဖွဲ့တွေရဲ့တုံ့ပြန်ချက် တစုံတရာ ထွက်လာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG