သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႔ၾကားတိုက္ပြဲ အရပ္သားေတြ ထိခိုက္ဒဏ္ရာရ


TNLA

{Zawgyi/Unicode}

ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္ မိုင္းကိုင္ၿမိဳ႕နယ္အတြင္း ရွမ္းတပ္ဖြဲ႔ႏွစ္ဖြဲ႔ ၾကား ျဖစ္တဲ့တိုက္ပြဲမွာ အရပ္သားေလးေယာက္ လက္နက္ႀကီးထိမွန္ခဲ့ၿပီး တဦး ေသဆုံးခဲ့ပါတယ္။ ေလာေလာဆယ္ မိုင္းကိုင္ၿမိဳ႕နယ္ထဲမွာ စစ္ေဘးဒုကၡသည္ ၄,၀၀၀ ေလာက္ ေရာက္ရွိေနတာေၾကာင့္ စားနပ္ရိကၡာနဲ႔ မိုးကာတဲေတြလိုအပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ မိုင္းကိုင္ၿမိဳ႕နယ္က စစ္ေျပးဒုကၡသည္ေတြရဲ႕ အေျခအေနကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရွမ္းေတာင္ပိုင္းက RCSS ေခၚ ရွမ္းျပည္ျပန္လည္ထူေတာင္ေရးေကာင္စီနဲ႔ရွမ္းေျမာက္ပုိင္းက SSPP ေခၚ ရွမ္းျပည္တိုးတက္ေရးပါတီတို႔ရဲ႕ လက္နက္ကိုင္တပ္ေတြၾကားမွာ လြိဳင္လင္ခရိုင္ မိုင္းကိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြဟာ စက္တင္ဘာလလယ္ေလာက္ကတည္းက စတင္ခဲ့တာ ခုထိ ဆက္ျဖစ္ေနပါတယ္။

တနလၤာေန႔ကတင္ ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ ပန္ေကတုေက်းရြာအုပ္စုက ကုန္းေပါင္းရြာအနီး တိုက္ပဲြျဖစ္ခဲ့ေၾကာင္းနဲ႔ ရြာအတြင္းလက္နက္ႀကီးက်ည္က်တာေၾကာင့္ အရပ္သားေတြ ထိခိုက္ေသဆံုးတာရိွေၾကာင္း မိုင္းကိုင္ၿမိဳ႕ခံ တဦးက ေျပာပါတယ္။

“ၿပီးခဲ့တဲ့လကတည္းက ျဖစ္တာဗ်။ မေန႔ကေတာင္မွ ရိွေသးတယ္။ ပန္ေကတု ေက်းရြာအုပ္စု။ ကုန္းေပါင္းေက်းရြာထဲမွာ က်တယ္လို႔ ေျပာတယ္။ မေန႔က ရြာသား ၄ ေယာက္ ထိတယ္။ ၄ ေယာက္ဗ်။ ဒီေန႔ ေယာက္်ား ဆံုးသြားတယ္ဗ်။ မေန႔ညက ဒဏ္ရာ ၄ ေယာက္ရတဲ့အထဲက တေယာက္ ဆံုးတာ။”

မိုင္းကိုင္ၿမိဳ႕က စစ္ေဘးဒုကၡသည္ေတြကို ကူညီေနသူတဦးကလည္း အရပ္သားေတြ ထိခိုက္ေသဆုံးတာနဲ႔ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ပန္ေကတု ေက်းရြာအုပ္စုထဲက ကုန္းေပါင္းရြာမွာေပါ့-လက္နက္ႀကီးက်တာ။ ျပည္သူ ၄ ေယာက္ေလာက္ထိတယ္။ မိုင္းကိုင္ေဆးရံုမွာ။ တေယာက္ေတာ့ ဆုံးသြားၿပီ။ သူတို႔က မိသားစု ၄ ေယာက္ေပါ့ေလ။ ေတာင္ယာကေန ျပန္လာတာဗ်။ ေတာင္ယာကေန ျပန္လာေတာ့ လက္နက္ႀကီးက သူတို႔ ေဘးနားေလးကို က်တာ။ ဝမ္းဗိုက္ထိတဲ့သူ႔အေဖက ဒီေန႔ ဆံုးသြားၿပီဗ်။ က်န္တဲ့သူ႔ကေလးႏွစ္ေယာက္က လက္မွာ ဒဏ္ရာထိတယ္။ သူ႔ဇနီးကေပါင္မွာေပါ့။ ေပါင္မွာ ထိမိတယ္ဗ်။ သူတို႔ ေတာင္ယာက ျပန္လာတဲ့အခ်ိန္ လမ္းေပၚမွာ က်တယ္လုိ႔ ေျပာတယ္ လက္နက္ႀကီးက။”

SSA ေတာင္ပိုင္းနဲ႔ SSA ေျမာက္ပိုင္းလို႔လည္း လူသိမ်ားတဲ့ ရွမ္းတပ္ဖဲြ႔ ႏွစ္ဖဲြ႔ဟာ စက္တင္ဘာလ ၁၄ ရက္ေန႔က စတင္ၿပီး မိုင္းကိုင္ၿမိဳ႕နယ္ ဟိုခဲေက်းရြာအုပ္စုဘက္မွာ တုိက္ပဲြျဖစ္ခဲ့တာပါ။

ဒီတုိက္ပဲြေၾကာင့္ ဟိုခဲေက်းရြာအုပ္စုက ေဒသခံ ၂,၀၀၀ ေလာက္ဟာ ေနာင္ေလွ်ာ္နဲ႔ ဟမ္းငိုင္းစတဲ့ ေက်းရြာေတြမွာ တိမ္းေရွာင္ခဲ့ရပါတယ္။

လက္ရိွမွာ ဟိုခဲေက်းရြာအုပ္စုက ေဒသခံေတြလည္း ပန္ေကတုေက်းရြာကို ေဘးလြတ္ရာ တိမ္းေရွာင္လာေၾကာင္းနဲ႔ ေလာေလာဆယ္ မိုိင္းကိုင္ၿမိဳ႕နယ္မွာ စစ္ေဘးဒုကၡသည္ ၄,၀၀၀ ေလာက္ရိွေနေၾကာင္း ဆက္ေျပာပါတယ္။

“အခုသူတုိ႔ ကုန္းေပါင္းရြာနဲ႔ ကုန္းလိႈင္းရြာဆို အကုန္လံုး ဒီပန္ေကတုမွာ ေရွာင္လာၾကၿပီခင္ဗ်။ ကုန္းေပါင္းနဲ႔ ကုန္းလိႈင္းက်ေတာ့ လူဦးေရ ၈၀၀ ေလာက္ရိွတယ္ခင္ဗ်။ နဂိုက ဟုိခဲ၊ ေနာင္ေလွ်ာ္က စစ္ေဘးေရွာင္ေတြဆို ၂,၂၀၀ ေလာက္ရိွတယ္။ အခုေလာေလာဆယ္ စစ္ေဘးေရွာင္က အေယာက္ ၃,၀၀၀ ေလာက္ရိွသြားၿပီ။ ၃,၀၀၀ ေက်ာ္သြားၿပီ ဒီ ပန္ေကတုမွာ။ ဟိုဘက္ ဟမ္းငမ္းေက်းရြာအုပ္စုထဲက စစ္ေဘးေရွာင္ေတြ ေပါင္းလုိက္ၿပီဆို လူက ၄,၀၀၀ နီးနီး ျဖစ္ေနၿပီခင္ဗ်။”

လက္ရိွအခ်ိန္မွာ နီးစပ္ရာ အလႈရွင္ေတြက ကူညီေထာက္ပ့ံထားေပမဲ့ စစ္ေဘးဒုကၡသည္ လူဦးေရမ်ားျပား ေနတာေၾကာင့္ ျပင္ပအကူအညီေတြ လုိအပ္ေနေၾကာင္း စစ္ေဘးဒုကၡသည္ေတြကို ကူညီေနသူက ေျပာပါတယ္။

“သူတို႔ မိုးကာတဲေတြ လိုအပ္တယ္ဆုိလို႔။ ဘုန္းၾကီးေက်ာင္းမွာလည္း ျပည့္ေနၿပီမို႔၊ က်ေနာ္တုိ႔ မိုးကာတဲေတြ စီစဥ္ေပးဖို႔ လုပ္ေနပါတယ္။ ဆန္ေတြေတာ့ လံုလံုေလာက္ေလာက္ရိွပါတယ္။ ၁၅ ရက္စာေလာက္ေပါ့။ အခုလိုအပ္တာေတာ့ ဟင္းေျခာက္ေပါ့။ ဟင္းေျခာက္တို႔၊ ဆီတို႔၊ ဆားတို႔၊ ဟင္းခ်ိဳမႈန္႔တို႔ေပါ့ေနာ္။ ၾကက္သြန္နီတို႔ ဘာတို႔ လိုအပ္တာေပါ့။ ၿပီးက်ေတာ့ မိုးကာတဲေပါ့။ စစ္ေဘးေရွာင္ လူဦးေရေတြက တအားမ်ားေနၿပီေပါ့။ ၄,၀၀၀ ေလာက္ ရိွေနၿပီဆုိေတာ့ေလစားဝတ္ေနေရးက အစေပါ့ လိုအပ္တာေပါ့ေနာ္။ ရပ္နီးရပ္ေဝးက အလႉရွင္မ်ားေပါ့- နည္းနည္းေလး ကူညီၾကပါအံုးလို႔ တိုက္တြန္းခ်င္ပါတယ္ခင္ဗ်။”

ရွမ္းျပည္နယ္အတြင္းမွာ ၂၀၁၅ ခုႏွစ္ေလာက္က စတင္ၿပီး RCSS ကတဘက္၊ SSPP နဲ႔ TNLA တအန္း(ပေလာင္) တပ္ေပါင္းစုက တဘက္ တိုက္ပဲြေတြဟာ ျပင္းထန္လာခဲ့တာပါ။

ရွမ္းျပည္နယ္ အေျခစိုက္ ေတာ္လွန္ေရးတပ္ဖဲြ႔အၾကား တိုက္ပဲြျဖစ္ပြားေနတာနဲ႔ ပတ္သက္ၿပီး သံဃာေတာ္ေတြ၊ ေဒသခံ ႏိုင္ငံေရးပါတီေတြနဲ႔ ျပည္သူေတြက ေစ့စပ္ ေဆြးေႏြးေျဖရွင္းဖို႔ တိုက္တြန္းေတာင္းဆိုတာေတြ ရိွေပမဲ့ လည္း လက္ရိွအေျခအေနအထိေတာ့ ေအာင္ျမင္မႈ မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


======

{Unicode}

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားတိုက်ပွဲ အရပ်သားထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ကြား ဖြစ်တဲ့တိုက်ပွဲမှာ အရပ်သားလေးယောက် လက်နက်ကြီးထိမှန်ခဲ့ပြီး တဦး သေဆုံးခဲ့ပါတယ်။ လောလောဆယ် မိုင်းကိုင်မြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်၄,၀၀၀ လောက် ရောက်ရှိနေတာကြောင့် စားနပ်ရိက္ခာနဲ့ မိုးကာတဲတွေလိုအပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ မိုင်းကိုင်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရှမ်းတောင်ပိုင်းက RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီနဲ့ရှမ်းမြောက်ပိုင်းက SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီတို့ရဲ့ လက်နက်ကိုင်တပ်တွေကြားမှာ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ စက်တင်ဘာလလယ်လောက်ကတည်းက စတင်ခဲ့တာ ခုထိ ဆက်ဖြစ်နေပါတယ်။

တနင်္လာနေ့ကတင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုက ကုန်းပေါင်းရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ ရွာအတွင်းလက်နက်ကြီးကျည်ကျတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာရှိကြောင်း မိုင်းကိုင်မြို့ခံ တဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လကတည်းက ဖြစ်တာဗျ။ မနေ့ကတောင်မှ ရှိသေးတယ်။ ပန်ကေတု ကျေးရွာအုပ်စု။ ကုန်းပေါင်းကျေးရွာထဲမှာ ကျတယ်လို့ ပြောတယ်။ မနေ့က ရွာသား ၄ ယောက် ထိတယ်။ ၄ ယောက်ဗျ။ ဒီနေ့ ယောက်ျား ဆုံးသွားတယ်ဗျ။ မနေ့ညက ဒဏ်ရာ ၄ ယောက်ရတဲ့အထဲက တယောက် ဆုံးတာ။”

မိုင်းကိုင်မြို့က စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတဦးကလည်း အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ပန်ကေတု ကျေးရွာအုပ်စုထဲက ကုန်းပေါင်းရွာမှာပေါ့-လက်နက်ကြီးကျတာ။ ပြည်သူ ၄ ယောက်လောက်ထိတယ်။ မိုင်းကိုင်ဆေးရုံမှာ။ တယောက်တော့ ဆုံးသွားပြီ။ သူတို့က မိသားစု ၄ ယောက်ပေါ့လေ။ တောင်ယာကနေ ပြန်လာတာဗျ။ တောင်ယာကနေ ပြန်လာတော့ လက်နက်ကြီးက သူတို့ ဘေးနားလေးကို ကျတာ။ ဝမ်းဗိုက်ထိတဲ့သူ့အဖေက ဒီနေ့ ဆုံးသွားပြီဗျ။ ကျန်တဲ့သူ့ကလေးနှစ်ယောက်က လက်မှာ ဒဏ်ရာထိတယ်။ သူ့ဇနီးကပေါင်မှာပေါ့။ ပေါင်မှာ ထိမိတယ်ဗျ။ သူတို့ တောင်ယာက ပြန်လာတဲ့အချိန် လမ်းပေါ်မှာ ကျတယ်လို့ ပြောတယ် လက်နက်ကြီးက။”

SSA တောင်ပိုင်းနဲ့ SSA မြောက်ပိုင်းလို့လည်း လူသိများတဲ့ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ဟာ စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုက ဒေသခံ ၂,၀၀၀ လောက်ဟာ နောင်လျှော်နဲ့ ဟမ်းငိုင်းစတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိမှာ ဟိုခဲကျေးရွာအုပ်စုက ဒေသခံတွေလည်း ပန်ကေတုကျေးရွာကို ဘေးလွတ်ရာ တိမ်းရှောင်လာကြောင်းနဲ့ လောလောဆယ် မိုင်းကိုင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၄,၀၀၀ လောက်ရှိနေကြောင်း ဆက်ပြောပါတယ်။

“အခုသူတို့ ကုန်းပေါင်းရွာနဲ့ ကုန်းလှိုင်းရွာဆို အကုန်လုံး ဒီပန်ကေတုမှာ ရှောင်လာကြပြီခင်ဗျ။ ကုန်းပေါင်းနဲ့ ကုန်းလှိုင်းကျတော့ လူဦးရေ ၈၀၀ လောက်ရှိတယ်ခင်ဗျ။ နဂိုက ဟိုခဲ၊ နောင်လျှော်က စစ်ဘေးရှောင်တွေဆို ၂,၂၀၀ လောက်ရှိတယ်။ အခုလောလောဆယ် စစ်ဘေးရှောင်က အယောက် ၃,၀၀၀ လောက်ရှိသွားပြီ။ ၃,၀၀၀ ကျော်သွားပြီ ဒီ ပန်ကေတုမှာ။ ဟိုဘက် ဟမ်းငမ်းကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်တွေ ပေါင်းလိုက်ပြီဆို လူက ၄,၀၀၀ နီးနီး ဖြစ်နေပြီခင်ဗျ။”

လက်ရှိအချိန်မှာ နီးစပ်ရာ အလှုရှင်တွေက ကူညီထောက်ပံ့ထားပေမဲ့ စစ်ဘေးဒုက္ခသည် လူဦးရေများပြား နေတာကြောင့် ပြင်ပအကူအညီတွေ လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူက ပြောပါတယ်။

“သူတို့ မိုးကာတဲတွေ လိုအပ်တယ်ဆိုလို့။ ဘုန်းကြီးကျောင်းမှာလည်း ပြည့်နေပြီမို့၊ ကျနော်တို့ မိုးကာတဲတွေ စီစဉ်ပေးဖို့ လုပ်နေပါတယ်။ ဆန်တွေတော့ လုံလုံလောက်လောက်ရှိပါတယ်။ ၁၅ ရက်စာလောက်ပေါ့။ အခုလိုအပ်တာတော့ ဟင်းခြောက်ပေါ့။ ဟင်းခြောက်တို့၊ ဆီတို့၊ ဆားတို့၊ ဟင်းချိုမှုန့်တို့ပေါ့နော်။ ကြက်သွန်နီတို့ ဘာတို့ လိုအပ်တာပေါ့။ ပြီးကျတော့ မိုးကာတဲပေါ့။ စစ်ဘေးရှောင် လူဦးရေတွေက တအားများနေပြီပေါ့။ ၄,၀၀၀ လောက် ရှိနေပြီဆိုတော့လေစားဝတ်နေရေးက အစပေါ့ လိုအပ်တာပေါ့နော်။ ရပ်နီးရပ်ဝေးက အလှူရှင်များပေါ့- နည်းနည်းလေး ကူညီကြပါအုံးလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။”

ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၅ ခုနှစ်လောက်က စတင်ပြီး RCSS ကတဘက်၊ SSPP နဲ့ TNLA တအန်း(ပလောင်) တပ်ပေါင်းစုက တဘက် တိုက်ပွဲတွေဟာ ပြင်းထန်လာခဲ့တာပါ။

ရှမ်းပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး သံဃာတော်တွေ၊ ဒေသခံ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက စေ့စပ် ဆွေးနွေးဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုတာတွေ ရှိပေမဲ့ လည်း လက်ရှိအခြေအနေအထိတော့ အောင်မြင်မှု မရသေးပါဘူး။

#ShanFighting #MyanmarViolence #VOABurmese

#ပန်ကေတု#SSPP နဲ့ TNLA တအန်း(ပလောင်) #ကုန်းပေါင်း#ကုန်းလှိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG