သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSAနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ သီးခြားတွေ့ဆုံ


The statue of Martin Luther King, Jr. is seen through blooming cherry blossoms at the Tidal Basin in Washington, D.C., April 8, 2015.
The statue of Martin Luther King, Jr. is seen through blooming cherry blossoms at the Tidal Basin in Washington, D.C., April 8, 2015.
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို NCCT တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီတို့ ဇန်နဝါရီလ ၂၉ ရက်နေ့ကတွေ့ဆုံစဉ် မပါဝင်ခဲ့တဲ့အတွက် မကြာခင် ရန်ကုန်မှာပြုလုပ်မယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကြိုတင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က သူတို့ကို ဖိတ်ခေါ်ခဲ့တဲ့အကြောင်း RCSS အဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့ ဇန်နဝါရီလ ၃၀ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံစဉ် အဲ့ဒီလို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက်မအေးမာက တင်ပြပေးပါမယ်။

မြန်မာအစိုးရနဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလထဲမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးထားတဲ့ ရှမ်းပြည်ပြန်လည် ထူူထောင်ရေးကောင်စီ RCSS ဟာ မကြာသေးခင်က လောခီးလာ တိုင်းရင်းသား ညီလာခံကြီးမှာ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ်ရေးထိုး ထားတဲ့အထဲမှာ ပါဝင်ခြင်းမရှိသေးပါဘူး။

ဒီ့အတွက် မကြာခင်ရန်ကုန်မှာ ပြုလုပ်မယ့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နဲ့ မြန်မာအစိုးရတို့ ေဆွေးနွေးပွဲမှာ ပါဝင်ဖို့အတွက် RCSS ကို မြန်မာအစိုးရဘက်က ဖိတ်ကြားခဲ့တာဖြစ်ပါတယ် ။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူး စိုင်းလောင်စိုင်းက မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေ နဲ့ တွေဆုံခဲ့ပုံကို အခုလိုပြောပါတယ်။

"ကျနော်တို့ RCSS က NCCT ထဲမှာ မပါတဲ့အတွက် ဒီအကြောင်းအရာတွေကို လာရှင်းပြတယ်။ နောက်ပြီးတော့ ရန်ကုန်မှာ နောက်တစ်ကြိမ် ထပ်လုပ်မယ့် NCCT Team နဲ့ တဖန်ပြန်ညှိနှိုင်းမယ့်ပွဲမှာလည်း ကျနော်တို့ RCSS ကို တက်ရောက်စေလိုတဲ့အကြောင်း လာအကြောင်းကြားပါတယ်။ အစိုးရက သီးသန့်ဖိတ်ထားတယ်ဆိုတော့ သွားဖို့ အလားအလာများပါတယ်။ ဒီကိစ္စဟာ NCCT ကိစ္စသာ မဟုတ်ပဲ အများအားလုံးနဲ့ ဆိုင်တဲ့ ဒီဆွေးနွေးပွဲပေါ့နော်၊ NCCT က ရထားတဲ့ သဘောတူညီချက်၊ ကျန်တဲ့ အစိုးရက ပြန်လည်ဖြည့်စွက်ရေးဆွဲ ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာသဘောတူညီချက်ကို ညှိနှိုင်းမှာဖြစ်တဲ့အတွက်ကြောင့် အားလုံးနဲ့ သက်ဆိုင်တဲ့ အတွက် ကျနော်တို့ သွားဖို့ အလားအလာများပါတယ်။ "

၂၀၁၂ခုနှစ်ထဲမှာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပေမဲ့ မြန်မာ အစိုးရတပ်တွေနဲ့ RCSS တပ်တွေဟာ တိုက်ပွဲပေါင်း တစ်ရာကျော် တိုက်ခိုက်မူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ် ။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နောက်ပိုင်း နယ်မြေ အပိုင်းအခြား မရှိသေးတဲ့ အပေါ်မှာတိုက်ပွဲတွေဖြစ်လာရကြောင်း ဗိုလ်မူးစိုင်းလောင်ဆိုင်းကဆိုပါတယ်။

" တိုက်ပွဲတွေက လက်မှတ်စပြီးရေးထိုးကတည်းကဆိုရင် တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်သွားပြီခင်ဗျ။ တပ်မတော်ကနေ စစ်ကြောင်းတွေ ထပ်တဲ့အချိန်မှာ သူတို့က ကျနော်တို့ကို ကြိုအကြောင်းမကြားတာ၊ အသိမပေးတာပဲဖြစ်ဖြစ်၊ ကျနော်တို့ကို တမင်သပ်သပ် စိုးမိုးရေး၊ နယ်မြေ ရှင်းလင်းရေးဆိုတဲ့ပုံသဏ္ဍာန်နဲ့ စစ်ကြောင်း နေရာချထားရေးဆိုတဲ့ပုံစံနဲ့ပိုပြီး သက်ဆိုင်ပါတယ်။ တပ်နယ်မြေသတ်မှတ်ရေးနဲ့လည်း သက်ဆိုင်ပါတယ်။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးတွေသာ လုပ်ထားပြီးတော့ ဒီတပ်နေရာ နယ် မြေသတ်မှတ်ရေးတို့ တိတိကျကျ သတ်မှတ်ထားတာ မရှိသေးပါဘူး။

တပ်မတော်ဘက်ကလည်း စစ်ကြောင်းတွေ လှုပ်ရှားတဲ့ အချိန်အခါမျိုးမှာ ကျနော်တို့ကလည်း ကျနော်တို့ ရောက်ရှိတဲ့ဒေသမှာ တောထဲမှာ သွား တွေ့ကြဆုံကြတဲ့အခါ သူဦး ကိုယ်ဦးပုံစံမျိုးနဲ့ပစ်ကြခတ်ကြနေတုန်းပါပဲ "

ရှမ်းပြည်ထဲမှာမြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့ ၈၉ ခုနှစ်လောက်ကတည်းက တကြိမ်မြန်မာအစိုးရသစ် လက်ထက်မှာတကြိမ် အပစ်အခတ် ရပ်စဲရေး
လုပ်ထားတဲ့ ရှမ်းပြည်တပ်မတော်SSA နဲ့ RCSS တို့က မဟာမိတ်အဖြစ်ရှိနေပြီး SSA ကတော့တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးမူကြမ်းကို လက်မှတ်ရေးထိုးထားတဲ့ ၁၆ဖွဲ့မှာ ပါဝင်ပါတယ်။ RCSS က လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား အားလုံးရဲ့ဆုံးဖြတ်ချက်ကို မူအားဖြင့် သဘောတူတဲ့ အကြောင်းကို သာပြောဆိုထားပါတယ် ။။

SSA တပ်ဖွဲ့နဲတော့ မြန်မာအစိုးရတပ်တွေဟာ အပစ် ရပ်ပြီးနောက်ပိုင်း ပြင်းပြင်း ထန်ထန် တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ မနေ့ကတော့ NCCT အဖွဲ့ဝင်တွေနဲ့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေ တွေဆုံပြီး ကြိုတင်ဆွေးနွေးမူတွေ လုပ်ခဲ့ပါတယ်။ မြန်မာ အစိုးရသစ် လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၁၀ဖွဲ့ကျော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး နောက် တိုက်ပွဲတွေ ကတော့ပြန်ဖြစ်နေကြတာပါ ။ တိုင်းရင်းသားတွေကတော့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး အရဆွေးနွေးမူတွေဖြစ် လာစေဖို့လုပ်ဆောင်သွားမယ်လို့ ပြောဆိုကြပါတယ်။
XS
SM
MD
LG