သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းက်ဴးေက်ာ္စစ္မွာ ဝင္တိုက္ေပးဖို႔ ေၾကးစားတပ္ ႐ုရွားဖြဲ႔စည္း


႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕မွာ ေလထီးတပ္ဖြဲ႔ဝင္ေတြ စစ္ေရးျပအခမ္းအနားခ်ီတက္ေနစဥ္။ (ေမ ၇၊ ၂၀၂၁)

[[Zawgyi/Unicode]]

ယူကရိန္း က်ဴးေက်ာ္စစ္မွာ အသုံးျပဳဖို႔အတြက္ ေၾကးစားေတြပါဝင္တဲ့ အေရးပါတဲ့ ၾကည္းတပ္ တပ္ဖြဲ႕အသစ္တခုကို ႐ုရွားတို႔ ဖြဲ႕စည္းတာ ေသခ်ာသေလာက္နီးပါး ျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အဲဒီအဖြဲ႕ကို “3rd Army Corps” (3 AC) တပ္မဟာ ၃ လို႔ ေခၚဆိုၿပီး ေမာ္စကို အေရွ႕ဘက္က နစ္ဇနီ ႏိုဗ္ဂိုေရာဒ့္ အိုဗလပ္စ္ (Nizhny Novgorod Oblast) ေဒသမွာ အေျခစိုက္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက ေထာက္လွမ္းရရွိတဲ့ အခ်က္အလက္သစ္ေတြကို ဒီေန႔ ဩဂုတ္လ ၁၀ ရက္ေန႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ 3 AC တပ္မဟာ ၃ အတြက္ တပ္ဖဲြ႕ဝင္ေတြကို ႏိုင္ငံတဝန္း အသစ္ဖဲြ႕ထားတဲ့ ကိုယ့္သေဘာနဲ႔ကိုယ္ တပ္ထဲဝင္ခ်င္သူေတြ၊ ေၾကးစားေတြပါတဲ့ တပ္ရင္းေတြကေန စုေဆာင္းဖို႔ အစီအစဥ္ရွိပံုရတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာက ေျပာပါတယ္။

3 AC တပ္မွာ တာဝန္ထမ္းဖို႔ ေရြးခ်ယ္ခံရလို႔ ယူကရိန္းကို ေစလႊတ္ခံရရင္ ေငြၾကးအေျမာက္အမ်ား ေဘာက္ဆူးေပးမယ္လို႔ ကမ္းလွမ္းထားတယ္လို႔ ႐ုရွားေဒသဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ အေျပာကို ၿဗိတိန္ကာကြယ္ေရးဌာနက ကိုးကားေဖာ္ျပထားပါတယ္။

အခုလို ႐ုရွားမွာ ေၾကးစားတပ္ပံုစံနဲ႔ တပ္သားေတြ စုေဆာင္းေနတာကို ၾကည့္ျခင္းျဖင့္ ယူကရိန္းကို သိမ္းပိုက္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ႐ုရွားသမၼတ Vladimir Putin နဲ႔ စစ္ဆင္ေရး အစီအစဥ္ခ်ေနသူေတြမွာ စိန္ေခၚမႈေတြ ရွိေနတယ္ဆိုတာ မီးေမာင္းထိုးျပေနတယ္လို႔ ေလ့လာသူေတြက သံုးသပ္ပါတယ္။

ယူကရိန္း က်ဴးေက်ာ္စစ္မွာ အခုအခ်ိန္အထိ ႐ုရွားတပ္ဖြဲ႕ဝင္ ၇၀,၀၀၀ ကေန ၈၀,၀၀၀ ေလာက္ ေသဆုံး ဒါမွမဟုတ္ ဒဏ္ရာရခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ မၾကာခင္ကပဲ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကျူးကျော်စစ်မှာ ဝင်တိုက်ပေးဖို့ ကြေးစားတပ် ရုရှားဖွဲ့စည်း

ယူကရိန်း ကျူးကျော်စစ်မှာ အသုံးပြုဖို့အတွက် ကြေးစားတွေပါဝင်တဲ့ အရေးပါတဲ့ ကြည်းတပ် တပ်ဖွဲ့အသစ်တခုကို ရုရှားတို့ ဖွဲ့စည်းတာ သေချာသလောက်နီးပါး ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအဖွဲ့ကို “3rd Army Corps” (3 AC) တပ်မဟာ ၃ လို့ ခေါ်ဆိုပြီး မော်စကို အရှေ့ဘက်က နစ်ဇနီ နိုဗ်ဂိုရောဒ့် အိုဗလပ်စ် (Nizhny Novgorod Oblast) ဒေသမှာ အခြေစိုက်တယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ထောက်လှမ်းရရှိတဲ့ အချက်အလက်သစ်တွေကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 3 AC တပ်မဟာ ၃ အတွက် တပ်ဖွဲ့ဝင်တွေကို နိုင်ငံတဝန်း အသစ်ဖွဲ့ထားတဲ့ ကိုယ့်သဘောနဲ့ကိုယ် တပ်ထဲဝင်ချင်သူတွေ၊ ကြေးစားတွေပါတဲ့ တပ်ရင်းတွေကနေ စုဆောင်းဖို့ အစီအစဉ်ရှိပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာက ပြောပါတယ်။

3 AC တပ်မှာ တာဝန်ထမ်းဖို့ ရွေးချယ်ခံရလို့ ယူကရိန်းကို စေလွှတ်ခံရရင် ငွေကြးအမြောက်အများ ဘောက်ဆူးပေးမယ်လို့ ကမ်းလှမ်းထားတယ်လို့ ရုရှားဒေသဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အပြောကို ဗြိတိန်ကာကွယ်ရေးဌာနက ကိုးကားဖော်ပြထားပါတယ်။

အခုလို ရုရှားမှာ ကြေးစားတပ်ပုံစံနဲ့ တပ်သားတွေ စုဆောင်းနေတာကို ကြည့်ခြင်းဖြင့် ယူကရိန်းကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ စစ်ဆင်ရေး အစီအစဉ်ချနေသူတွေမှာ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ အခုအချိန်အထိ ရုရှားတပ်ဖွဲ့ဝင် ၇၀,၀၀၀ ကနေ ၈၀,၀၀၀ လောက် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ မကြာခင်ကပဲ ခန့်မှန်းထားပါတယ်။

ယူကရိန်း ကျူးကျော်စစ်မှာ အခုအချိန်အထိ ရုရှားတပ်ဖွဲ့ဝင် ၇၀,၀၀၀ ကနေ ၈၀,၀၀၀ လောက် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ မကြာခင်ကပဲ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG